တရုတ်နိုင်ငံက ထိပ်တန်းစီးပွားရေးခေါင်းဆောင်ဟောင်း နောက်တဦးကို တရုတ်ကွန်မြူနစ်ပါတီမှ ထုတ်ပယ်လိုက်ပြီ ဖြစ်ရာ တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ၌ ဖြိုခွင်းမှုများက နှစ်သစ်အထိ ဆက်လက်ဖြစ်ပွားနေသည်ကို ပြသနေခြင်းပဲ ဖြစ်သည်။
တရုတ်နိုင်ငံက ထိပ်တန်းစီးပွားရေးခေါင်းဆောင်ဟောင်း နောက်တဦးကို တရုတ်ကွန်မြူနစ်ပါတီမှ ထုတ်ပယ်လိုက်ပြီ ဖြစ်ရာ တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ၌ ဖြိုခွင်းမှုများက နှစ်သစ်အထိ ဆက်လက်ဖြစ်ပွားနေသည်ကို ပြသနေခြင်းပဲ ဖြစ်သည်။
ဇန်နဝါရီ ၈ ရက်နေ့မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း အသက် ၄၀ ပြည့်ပြီလို့ ယူဆရပါတယ်။ အဲဒါက သူ့ရဲ့ တကယ့် အသက်အမှန်ဟုတ်ပါရဲ့လား။
သူ့ရဲ့ မွေးနေ့က ဇန်နဝါရီလ ၈ ရက်နေ့ဆိုတာလည်း ဝိဝါဒကွဲပြားမှုတွေရှိပါတယ်။
ကင်ဂျုံအွန်းအကြောင်း တိတိကျကျမသိရတာ ဒီတစ်ချက်ထဲ မဟုတ်ပါဘူး။
၂၀၁၁ မှာ နိုင်ငံ့အာဏာကို ရယူခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ လူအများမသိကြတဲ့ အချက် ငါးချက်ကို ကြည့်ရအောင်ပါ။
အဲဒါကိုလည်း အတိအကျမပြောနိုင်ကြပါဘူး။
"သူ့ကိုမွေးတဲ့နှစ်ဆိုတာကိုလည်း ၁၉၈၂ လား၊ ၁၉၈၃ လား ၈၄ လား အများကြီး အငြင်းအခုံဖြစ်ကြတယ်" လို့ အောက်စဖို့တက္ကသိုလ်က နိုင်ငံရေးဘာသာရပ်ပါမောက္ခ ဒေါက်တာအက်ဒွပ်ဟောင်းဝဲလ်က ဘီဘီစီကို ပြောပါတယ်။
သူ့မွေးနေ့ဆိုတဲ့ ဇန်နဝါရီ ၈ ရက်က ကွန်မြူနစ်မြောက်ကိုရီးယားနိုင်ငံမှာ ပုံမှန်အလုပ်ဖွင့်ရက်ဖြစ်ပါတယ်။ သူ့ဖခင် ကင်ဂျုံအီးလ်ရဲ့ မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကိုတော့ တောက်ပတဲ့ကြယ်နေ့ အဖြစ် နှစ်စဉ်ကျင်းပကြပါတယ်။
မြောက်ကိုရီးယားနိုင်ငံကို ထူထောင်ခဲ့သူ သူ့အဖိုး ကင်အီလ်ဆွန်း မွေးတဲ့ ဧပြီလ ၁၅ ရက်နေ့ကိုလည်း နေမင်းကြီးရဲ့နေ့ ဆိုပြီးသတ်မှတ်ထားပါတယ်။
သူတို့မိသားစုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကတော့ ပြင်ပက မသိကြရတာများပါတယ်။
မြောက်ကိုရီးယားရေးရာကျွမ်းကျင်သူ ဒေါက်တာဟောင်းဝဲလ်က ကင်ဂျုံအွန်းမှာ ဖအေတူ မအေကွဲညီအစ်ကိုတွေရှိတယ်ဆိုတာကတော့ သိကြတယ်လို့ဆိုပါတယ်။ အဲဒီထဲက ကင်ဂျုံနန်းဆိုသူဟာ ၂၀၁၇ က မလေးရှားမှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ်။
ကင်ဂျုံအွန်းရဲ့ ဖခင်မှာ ဇနီးသည် အနည်းဆုံးလေးယောက်ရှိခဲ့တယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ "အဖော်တွေ" အကြောင်းကိုလည်း ပြင်ပက လူတွေက သိပ်မသိရပါဘူး။
ကင်ရဲ့ မိခင် ကိုယွန်ဟွီးဟာ ဂျပန်မှာမွေးခဲ့ပြီး မြောက်ကိုရီးယားကို ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ကချေသည်အဖြစ်အလုပ်လုပ်ဖို့ ရောက်လာခဲ့တာလို့ ယူဆရပါတယ်။
ကင်ဂျုံအီးလ်ရဲ့ ဇနီးမယားတွေအထဲမှာ သူက ချစ်မြတ်နိုးအခံရဆုံးသူလို့လည်း ဆိုကြပါတယ်။
ကိုယွန်ဟွီး ၁၉၇၃ မှာ ဂျပန်ကိုသွားလည်တုန်းကရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ ၂၀၁၈ မှာ ထွက်ပေါ်လာခဲ့ပါတယ်။
ကိုယွန်ဟွီးဟာ ကချေသည်အဖြစ်အလုပ်လုပ်ခဲ့သူ၊ နောက်တစ်ခါ ဂျပန်နိုင်ငံနဲ့ အဆက်အစပ်ရှိခဲ့သူ ဖြစ်တဲ့အတွက် သူ့အကြောင်းကို မြောက်ကိုရီးယားနိုင်ငံထဲမှာ များများစားစားပြောဆိုမှုတွေ မရှိခဲ့ဘူးလို့ ကိုရီးယားတိုင်းမ်စ် သတင်းစာက ရေးသားခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းက ကိုရီးယားကျွန်းဆွယ်ကို သိမ်းပိုက်ခဲ့တဲ့ ဂျပန်မှာ မွေးဖွားခဲ့သူတွေကို များသောအားဖြင့် မြောက်ကိုရီးယားလူမှုအသိုင်းအဝိုင်းမှာ နေရာပေးလေ့မရှိပါဘူး။ နှိမ့်ချ အဆင့်လျှော့ပြီး ဆက်ဆံကြပါတယ်။ ဒါပေမဲ့ သူကတော့ ကင်ဂျုံအီးလ်နဲ့ လက်ထပ်ခဲ့တဲ့အတွက် ကြွယ်ဝချမ်းသာတဲ့ ဘဝကို ရခဲ့တယ်လို့ ဒေါက်တာဟောင်းဝဲလ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်,GETTY IMAGES
ရိဆိုဂျူလ်ကို ဂီတဖျော်ဖြေပွဲတစ်ခုမှာ ကင်ဂျုံအွန်းက တွေ့ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်
ကင်ဂျုံအွန်းမှာ ရိဆိုလ်ဂျူဆိုတဲ့ ဇနီးသည်တစ်ယောက် ရှိတယ်လို့ သိကြပေမဲ့ သူတို့ ဘယ်တုန်းက လက်ထပ်တယ်ဆိုတာတော့ မသိကြပါဘူး။ ၂၀၀၉ ခုနှစ်တစ်ဝိုက်မှာလို့ ပြောဆိုမှုတွေတော့ ရှိကြပါတယ်။
"ရဲဘော်ရိဆိုလ်ဂျူ" အကြောင်းကိုလည်း များများစားစားမသိကြရပါဘူး။ ဖျော်ဖြေပွဲတစ်ခုမှာ မစ္စတာကင် မျက်စိကျမိခဲ့တဲ့ အဆိုတော်ချောချောလေးက သူများဖြစ်နေလားဆိုတာလည်း အတိအကျ မပြောနိုင်ပါဘူး။
ရိဆိုလ်ဂျူဆိုတဲ့ နာမည်နဲ့ အဆိုတော်တစ်ယောက် မြောက်ကိုရီးယားမှာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီသူဟာ အခု မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ကတော်ဟုတ်သလား၊ သူတို့က တစ်ယောက်ထဲလားဆိုတာလည်း တရားဝင်သိရတာမရှိပါဘူး။
ထောက်လှမ်းရေးသတင်းအချက်အလက်တွေအရ ရိဆိုလ်ဂျူဟာ ၂၀၀၅ ခုနှစ်က တောင်ကိုရီးယားမှာလုပ်တဲ့ အာရှပြေးခုန်ပစ်ပြိုင်ပွဲကို မြောက်ကိုရီးယားရဲ့ ဖျော်ဖြေရေးအဖွဲ့နဲ့ လိုက်ပါသွားခဲ့ဖူးပြီး တရုတ်မှာ အကပညာသင်ကြားခဲ့ဖူးတယ်လို့လည်း ဆိုကြပါတယ်။
မြောက်ကိုရီးယားဘက်ကတော့ သူဟာ ကင်ဂျုံအွန်းရဲ့ ဇနီးဖြစ်တယ်ဆိုတာကလွဲပြီး ဘာမှ တရားဝင်ထုတ်ပြန်တာမျိုး မရှိပါဘူး။

ဓာတ်ပုံ ရင်းမြစ်,REUTERS
ကင် ဟာ သမီးဖြစ်သူ ကင်ဂျူအေးနဲ့အတူ မကြာမကြာပွဲတွေ တက်လာတတ်ပါတယ်။ သူ့မှာ တခြားသားသမီးတွေ ရှိပေမဲ့ သူတို့အကြောင်းတော့ မသိရပါဘူး။
ကင်တို့မိသားစုအကြောင်းကလည်း အသိရခက်တဲ့အထဲ ပါပါတယ်။
၂၀၁၆ ခုနှစ်မှာ ရိဆိုလ်ဂျူတစ်ယောက် လူမြင်ကွင်းက ပျောက်နေရာကနေ သူ ကိုယ်ဝန်ဆောင်နေရပြီဆိုတဲ့ ခန့်မှန်းချက်တွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်လာခဲ့ပါတယ်။ မြောက်ကိုရီးယားမှာတော့ တရားဝင်ထုတ်ပြန်တာ အတည်ပြုတာမျိုး မရှိခဲ့ပါဘူး။
၂၀၁၀ နဲ့ ၂၀၁၃ မှာလည်း ကလေးနှစ်ယောက်မွေးဖွားခဲ့သေးတယ်လို့ သတင်းတွေထွက်ပါတယ်။ ဒါပေမဲ့ အဲဒီကလေးတွေထဲမှာ ယောက်ျားလေးပါပြီး ကင်ရဲ့ အရိုက်အရာခံမယ့်သူ ဖြစ်လာနိုင်မလားဆိုတာလည်း မှန်းဆကြပေမဲ့ တိတိကျကျမသိရပြန်ပါဘူး။
ဒါပေမဲ့ ကင်ဂျုံအွန်း လူရှေ့ကို ခေါ်ထုတ်လာတတ်သူကတော့ သူ့ရဲ့ သမီး ကင်ဂျူအေးပါ။ သူက ဒုတိယမွေးဖွားတဲ့ သမီးလို့ ယူဆရပါတယ်။ ဒါကြောင့် အသက် ၁၀ နှစ်လောက်ရှိပါပြီ။ ၂၀၂၃ ထဲမှာကို သူက ဖခင်ဖြစ်သူနဲ့ ပွဲတွေတက်လာတာ အနည်းဆုံး ငါးကြိမ် ရှိခဲ့ပါတယ်။
သူ့ကလေးတွေအကြောင်းကတော့ ဘာဆိုဘာမှ ပြည့်ပြည့်စုံစုံသိရတာ မရှိပါဘူးလို့ ဒေါက်တာဟောင်းဝဲလ်က ပြောပါတယ်။
တကယ်တော့ ကင်ဂျုံအွန်းရဲ့ သမီးငယ်ရဲ့ နာမည်ကို ထုတ်ပြောခဲ့သူက မြောက်ကိုရီးယားခေါင်းဆောင်နဲ့ မိတ်ဆွေဖြစ်နေခဲ့သူ အမေရိကန် ဘတ်စကက်ဘောကစားသမား ဒင်းနစ်ရော့ဒ်မန်းဖြစ်နေတာကိုလည်း သူကထောက်ပြပါတယ်။ ရော့ဒ်မန်းက ၂၀၁၃ တုန်းက အင်တာဗျူးတစ်ခုမှာ ကလေးရဲ့ အမည်ကို ထုတ်ပြောသွားခဲ့တာပါ။
"ကင်ဂျုံအွန်းမှာ တခြားကလေးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ သူတို့အကြောင်းက ဘာမှ မသိရသလို သူတို့ရဲ့ မိခင်တွေက ဘယ်သူတွေဆိုတာလည်း မသိရဘူး" လို့ ဒေါက်တာဟောင်းဝဲလ်က ဆက်ပြောပါတယ်။
တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီတွေရော မြောက်ကိုရီးယားအရေး လေ့လာစောင့်ကြည့်သူတွေပါ ယူဆထားသလို ကင်ဂျူအေးကို နောက်တက်မယ့်ခေါင်းဆောင်အဖြစ် သူ့အဖေက ပျိုးထောင်ပေးနေတာလို့ ဒေါက်တာဟောင်းဝဲလ်ကတော့ မယူဆပါဘူး။
ကင်ဂျူအေးလေးက ငယ်လွန်းသေးတာလည်းတစ်ကြောင်း၊ နောက်တစ်ခါ ကင် အားကိုးရတဲ့ ညီမဖြစ်သူ ကင်ယိုဂျွန်းက အတွေ့အကြုံလည်းပိုများ၊ လက်ရှိခေါင်းဆောင်ပိုင်းထဲက လူတွေနဲ့လည်း ပိုပြီး ထိတွေ့ရင်းနှီးမှု ရှိပြီးသူမို့ သူ့အစ်ကိုကို ဆက်ခံမယ့်သူ ဖြစ်ဖို့ အလားအလာပိုများတယ်လို့ သူက ယူဆပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်က သူ့ သမီးလေးကို ဒုံးကျည်ပစ်လွှတ်ပွဲတွေ၊ ညစာစားပွဲတွေ၊ ဘောလုံးပွဲတွေကို ခေါ်သွား၊ အတူတက်တာက သူဟာ မိသားစုကိုချစ်ခင်နွေးထွေးတဲ့လူ၊ သဘောထားပြည့်ဝကောင်းမွန်တဲ့ ခေါင်းဆောင်ဆိုတာမျိုး သူ့ကို မြင်စေချင်တာပါ လို့ ဒေါက်တာဟောင်းဝဲလ်က သုံးသပ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်,GETTY IMAGES
ကင်ဂျုံအွန်းဟာ ဇိမ်ခံကားတွေ ယာဉ်တွေနဲ့ ခရီးသွားတတ်ပါတယ်
နျူကလီးယားလက်နက်တွေနဲ့ တာဝေးပစ်ပဲ့ထိန်းဒုံးကျည်တွေထုတ်လုပ်တဲ့အတွက် မြောက်ကိုရီးယားကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက တင်းကျပ်တဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ထားပါတယ်။
ဒါပေမဲ့ ကင်ဂျုံအွန်းကလည်း အဲဒီပိတ်ဆို့မှုတွေကို တတ်နိုင်သမျှ ရှောင်ကွင်းနိုင်ဖို့ ကြိုးစားပါတယ်။
"သူတို့ဆီမှာ အစိုးရသုံးစွဲဖို့ဆိုပြီး ရန်ပုံငွေတွေဖယ်ထားတာ ရှိပါတယ်။ အဲဒီငွေကို တတ်နိုင်သမျှ လျော့မသွားအောင် ကင်ဂျုံအွန်းက ဖြည့်ထားတယ်။ အဲဒီရန်ပုံငွေနဲ့ပဲ သူနဲ့ သူ့မိသားစုတို့ ပြည့်ပြည့်စုံစုံ ဇိမ်ခံပစ္စည်းတွေကြွယ်ကြွယ်ဝဝ သုံးနိုင်ဖို့ သူက ရည်မှန်းတာပါ" လို့ ဒေါက်တာဟောင်းဝဲလ်က ပြောပါတယ်။
ကမ္ဘာပေါ်မှာလည်း မြောက်ကိုရီးယားကို ငွေကြေးထောက်ပံ့ဖို့ အသင့်ရှိတဲ့ နိုင်ငံတွေလည်း ရှိပါတယ်လို့ သူကဆက်ပြောပါတယ်။ နောက်ထပ်လည်း တရားမဝင်ဖြစ်ဖြစ် ငွေရနိုင်တဲ့ နည်းလမ်းတွေလည်း သုံးနေတာလည်း ရှိတယ်လို့ ဆိုပါတယ်။
"မြောက်ကိုရီးယားဆိုရင် မိတ်ဆွေမရှိ၊ အင်တာနက်တောင်မရှိတဲ့ နိုင်ငံလို့ ထင်ကြသူတွေ အများကြီးရှိပါတယ်။ တကယ်တော့သူတို့မှာ အစိုးရကထိန်းချုပ်ထားတဲ့ အင်တာနက်ရှိပါတယ်။ ဆိုင်ဘာစစ်ပွဲကလည်း သူတို့အတွက် အရေးပါတဲ့ ဗျူဟာတစ်ခုပါ။ ကင်ရဲ့အစိုးရက တခြားနိုင်ငံတွေရဲ့ ကွန်ပျူတာစနစ်တွေထဲကို ထိုးဖောက်ဝင်ရောက်ပြီး ငွေတွေကို ခိုးယူပြီးတော့ သူတို့စီးပွားရေးအတွက်သုံး၊ နျူလက်နက်ထုတ်ဖို့သုံးတာတွေ လုပ်နေတာပါ" လို့ ဒေါက်တာဟောင်းဝဲလ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်,REUTERS
လူအများရှေ့မှာတော့ ကင်ဟာ ဂရိုစိုက်တတ် ကြင်နာတတ်သူတစ်ဦးအဖြစ် ပုံဖော်ပြသလေ့ရှိပါတယ်
၂၀၂၀ တုန်းက စစ်ရေးပြအခမ်းအနားတစ်ခုမှာ မိန့်ခွန်းပြောနေတဲ့အချိန် ကင်ဂျုံအွန်းကို အရင်ကမတွေ့ရဖူးတဲ့ ပုံစံမျိုးတွေ့လိုက်ကြရပါတယ်။
မကြာသေးခင်အချိန်က ကြုံလိုက်ကြရတဲ့ သဘာဝဘေး၊ ကိုဗစ်ဘေးတွေကို စွမ်းစွမ်းတမံ ကာကွယ်ခဲ့ကြတဲ့ တပ်ဖွဲ့ဝင်တွေကို သူက ကျေးဇူးတင်ကြောင်း ပြောပါတယ်။ နိုင်ငံအတွင်း ရင်ဆိုင်နေရတဲ့ အခက်အခဲတွေအကြောင်းပြောရင်း တစ်နေရာမှာ သူ မျက်ရည်သုတ်တာကို တွေ့လိုက်ကြရပါတယ်။ ဒါက မြောက်ကိုရီးယားခေါင်းဆောင် ရှားရှားပါးပါး ခံစားချက်ကို ထုတ်ပြလိုက်တဲ့ အခိုက်အတန့်ပါ။
အဲဒါက နိုင်ငံတွင်းမှာ စီးပွားရေးကျပ်တည်းမှုကြီးတွေနဲ့ ရင်ဆိုင်နေရချိန်လည်းဖြစ်လို့ သူ့ရဲ့ စာနာနားလည်မှုနဲ့ နိုင်ငံသားတွေအတွက် ခံစားချက်ရှိပါတယ်ဆိုတာကို ပြသဖို့ ကြိုးပမ်းချက်လို့ စောင့်ကြည့်သူတချို့ကတော့ မြင်ပါတယ်။
ဘာပဲဖြစ်ဖြစ် သူကိုယ်တိုင် ဇိမ်ခံပြီး ချမ်းသာကြွယ်ဝသူတစ်ယောက်ရဲ့ စည်းစိမ်မျိုးခံစားနေတာကတော့ အဲဒီပြယုဂ်နဲ့ ဆန့်ကျင်ဘက်ပဲလို့လည်း မြင်ရပါတယ်။
ကင်ဂျုံအွန်းဟာ သူ့အဖိုး ကင်အီလ်ဆွန်းစတင်လိုက်တဲ့ ခရီးရှည်တွေကို သွားတဲ့အခါ ဇိမ်ခံရထားကြီးနဲ့ သွားတဲ့ အစဉ်အလာမျိုးကို ဆက်ခံ ကျင့်သုံးနေသူပါ။
ကင်ရဲ့ဖခင် ကင်ဂျုံအီးလ်နဲ့အတူ ၂၀၀၁ ခုနှစ်တုန်းက ရထားစီးရင်းခရီးသွားခဲ့ဖူးတဲ့ ရုရှားစစ်ဖက်အရာရှိကြီးတစ်ယောက်က သူ့ရဲ့ အဲဒီရထားခရီးစဉ် အတွေ့အကြုံကို မှတ်တမ်းရေးသားထုတ်ဝေခဲ့ပါတယ်။
"ရုရှား၊ ကိုရီးယား၊ တရုတ်၊ ဂျပန် စားချင်တဲ့ဟင်းလျာမျိုးကို မှာစားနိုင်တယ်။ ဂဏန်းအရှင်တွေလည်း မှာပြီး ချက်စားနိုင်တယ်။ ဘော်ဒိုးနဲ့ ဘာဂန်ဒီတို့လို ပြင်သစ်က နာမည်ကြီးဝိုင်တွေကိုလည်း မှာထားပြီး ကြိုက်သလောက်သောက်နိုင်ကြတယ်" လို့ သူက ပြန်ရေးပြပါတယ်။
အဲဒါမျိုးတွေနဲ့ ဇိမ်ခံကား ရထားတွေ၊ ကိုယ်ပိုင်လေယာဉ်တွေနဲ့ ခရီးသွားကြတဲ့ ခေါင်းဆောင်တွေရဲ့ ဘဝနဲ့ ဆင်းရဲနွမ်းပါးပြီး စားစရာသောက်စရာတောင် မရှိကြတဲ့ ပြည်သူတွေရဲ့ ဘဝတွေကတော့ အကွာကြီးကွာပါတယ်။
မြောက်ကိုရီးယားက ပြည်သူတချို့က သူတို့ဆီမှာ စားစရာမရှိလို့ ငတ်မွတ်ပြီးသေဆုံးသူတွေတောင် ရှိကြတဲ့ အကြောင်း ဘီဘီစီကို ပြောပြကြပါတယ်။ လေ့လောစောင့်ကြည့်သူတွေကတော့ အဲဒီငတ်မွတ်ခေါင်းပါးမှုဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေကစရင် အခုအချိန်ဟာ အဆိုးဆုံးလို့ ပြောကြပါတယ်။
ဆိုတော့ ကင်ဂျုံအွန်းရဲ့ ဦးစားပေးရည်မှန်းချက်တွေက ဘာဖြစ်နိုင်ပါသလဲ။
သူကတော့ သူ့အစိုးရတည်တန့်ဖို့၊ သူ့ရှင်သန်ရေးအတွက် ဖိနှိပ်ရက်စက်တဲ့ အုပ်ချုပ်ပုံစနစ်ကို ဆက်စွဲကိုင်သွားဖို့လုပ်မှာပါ၊ သူ့ပြည်သူပြည်သား ၂၆ သန်းရဲ့ အရေးကို သိပ်ဂရုတစိုက်ရှိတဲ့ပုံမတွေ့ရပါဘူးလို့ ဒေါက်တာဟောင်းဝဲလ်က ဆိုပါတယ်။
"ဒါက ရှေ့ကိုဆက်ဖို့ တကယ်ပဲ သင့်တော်မှန်ကန်တဲ့ အလုပ်ဖြစ်နိုင်မယ့် ဗျူဟာတစ်ခုလို့များ သူထင်နေသလား" လို့လည်း အောက်စဖို့တက္ကသိုလ်ကနိုင်ငံရေးပါမောက္ခ၊ မြောက်ကိုရီးယားအရေးကျွမ်းကျင်သူ ဒေါက်တာ အက်ဒွပ်ဟောင်းဝဲလ်က မေးခွန်းထုတ်ခဲ့ပါတယ်။
မေ ၁၄ ရက်မှာ ကျင်းပတဲ့ ထိုင်းရွေးကောက်ပွဲမှာတော့ မထင်မှတ်ထားဘဲ ဝန်ကြီးချုပ်ဟောင်း သက်ဆင်မိသားစုထူထောင်ထားတဲ့ ဖွေထိုင်းပါတီကို လူငယ်ကြိုက် Move Forward ပါတီက မဲ နှာတစ်ဖျားအသာနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
ပါကစ္စတန်၀န်ကြီးချုပ်ဟောင်း အိုင်မရာခန်းဖမ်းဆီးခံရပြီးနောက် နိုင်ငံတ၀န်းဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေအတွင်း လူရှစ်ဦးသေဆုံးခဲ့ပြီး လူ ၁၀၀၀ ကျော်ကို ဖမ်းဆီးထားကြောင်း ပါကစ္စတန်ရဲတပ်ဖွဲ့ကပြောပါတယ်။
The meeting from June 5-7 will bring together government officials, business leaders, civil society representatives and academics, to discuss the challenges and opportunities facing Myanmar and East Asia...
Sushant Palakurthi Rao, senior director and head of Asia at the World Economic Forum, said the event would help ensure that development in Myanmar translates into “inclusive growth”, as the country continues on a path of "bold economic and political reforms.
China's Foreign Ministry spokesman, Hong Lei, said the shell landed 500 metres inside China on Tuesday, .... and made immediate emergency representations to Myanmar, expressed strong concern and dissatisfaction with the situation, and demanded that Myanmar earnestly investigate and adopt a series of measures to prevent further similar occurrences.