Results for Entertainment

 ဂန္ထဝင်အဆိုတော် မာမာအေးဟာ ဇန်နဝါရီလ ၉ ရက် ဒီနေ့ မနက် ၆ နာရီဝန်းကျင်က အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့က နေအိမ်မှာ ကွယ်လွန်သွားပါတယ်။



ဒေါ်မာမာအေးဟာ ဧရာဝတီတိုင်း မြောင်းမြမြို့ ဇာတိဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၂ နှစ်အရွယ်ရှိနေပါပြီ။

သူ့စျာပန ကျင်းပမယ့်ရက်ကို ကြေညာပေးမယ်လို့ ဖို့ဒ်ဝိန်းမြို့ မှာ နေထိုင်တဲ့ ဒေါ်မာမာအေးနဲ့ ရင်းနှီးသူတွေက ပြောပါတယ်။

ဒေါ်မာမာအေးဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်အစိုးရလက်ထက် ၁၉၉၈ ခုနှစ်မှာ မြန်မာပြည်က ထွက်ခွာလာခဲ့ရပြီး အမေရိကန် ပြည်ထောင်စုမှာ အခြေချ နေထိုင်ခွင့် ရခဲ့ပါတယ်။ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ကာလမှာ “သံဃာတော်တွေ သွေးမြေကျရပြီတဲ့ တကြော်ကြော် ဟစ်ကြွေးကြသံများ”ဆိုတဲ့ သီချင်းကို သီဆို ထုတ်လွှင့်ခဲ့ပါတယ်။

အဆိုတော် မာမာအေးဟာ မောင့်အချစ်မြား၊ နှင်းပျောက်တဲ့နွေ၊ မေ့ကွက်ကိုရှာ၊ သက်ဆိုင်သူသို့ အစရှိတဲ့ နာမည်ကျော် သီချင်းပေါင်း များစွာကို သီဆိုခဲ့တဲ့ တစ်ခေတ်တစ်ခါက ဂန္ထဝင်အဆိုတော်ကြီး ဖြစ်ပါတယ်။

Buz Blogger January 09, 2024
Read more ...

ကမ္ဘာကျော်အဆိုတော် အက်ဒ်ရှီရန်ဟာ သူ့ဇနီးဖြစ်သူ ချယ်ရီ ဆီဘွန်းမှာ ကင်ဆာရောဂါဖြစ်နေတယ်ဆိုတာ ကြားသိခဲ့ရပြီးနောက် စိတ်ကုထုံးအနေနဲ့ ဂီတကို အသုံးပြုပြီး ၄ နာရီအတွင်း သီချင်း ၇ ပုဒ်ကို ရေးသားဖြစ်ခဲ့ပါတယ်။ အခုနှစ်အစောပိုင်းမှာ ဇနီးဖြစ်သူ ချယ်ရီက ဒုတိယကိုယ်ဝန်လွယ်ထားရင်း ကင်ဆာအကျိတ်တစ်ခုရှိနေတယ်ဆိုတာ ဆရာဝန်တွေ စစ်ဆေးတွေ့ရှိခဲ့တာပါ။ အကျိတ်ကို ခွဲစိတ်ကုသဖို့ လိုအပ်ပေမဲ့ ကလေးမွေးမပြီးမချင်း ခွဲစိတ်ကုသလို့မရသေးပါဘူး။ ဒီအကြောင်းတွေကို Ed Sheeran: The Sum Of It All မှတ်တမ်းရုပ်ရှင်အသစ်မှာ ထုတ်ပြောပြခဲ့တာပါ။


ဒီမှတ်တမ်းရုပ်ရှင်အသစ်မှာ အက်ဒ်ရှီရန်ရဲ့ဇနီးဖြစ်သူချယ်ရီလည်း ပါဝင်ထားပါတယ်။ အရင်ကတော့ ချယ်ရီက မှတ်တမ်းရုပ်ရှင်ရိုက်တာမျိုးတွေ ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးလို့သူ့ခင်ပွန်းကို ပြောနေခဲ့တာပါ။ ဒါပေမဲ့ အခုနှစ်မှာ သူ သေရင်သေသွားနိုင်တယ်၊ သူ ဘာကို ချန်ထားခဲ့ရမလဲလို့ တွေးမိခဲ့ပြီး ရိုက်ဖြစ်ခဲ့ပါတယ်။

ချယ်ရီ ကင်ဆာအကျိတ်စစ်ဆေးတွေ့ရှိခဲ့ပြီး နောက်တစ်နေ့မှာ အက်ဒ်ရှီရန်က မြေအောက်ခန်းထဲဆင်းသွားခဲ့ပြီး ၄ နာရီအတွင်း သီချင်း ၄ ပုဒ် ရေးခဲ့တာပါ။ တချို့လူတွေက သူတို့ရဲ့စိတ်ခံစားချက်တွေကို ဒိုင်ယာရီရေးပြီး ပွင့်အန်ကြပေမဲ့ အက်ဒ်ရှီရန်ကတော့ တစ်ခုခု ဖြစ်ရင် သီချင်းရေးဖြစ်တယ်လို့ ချယ်ရီက မှတ်တမ်းရုပ်ရှင်အသစ်မှာ ထုတ်ပြောထားပါတယ်။
အက်ဒ်ရှီရန်ကလည်း သူ့အတွက် ဂီတက အမြဲ စိတ်ကုထုံးဖြစ်ခဲ့တယ်တဲ့။ သူ့အတွက် ကလေးတစ်ယောက်လို သူ့ရဲ့စိတ်ခံစားချက်၊ အတွေးတွေကို မျိုချဖို့အတွက် နည်းလမ်းတစ်ခုဖြစ်ခဲ့တာပါ။ ၂၀၂၂ ခုနှစ်က သူ့ရဲ့သူငယ်ချင်း ဂျာမယ် အက်ဒ်ဝက်ဒ် သေဆုံးခဲ့တဲ့အတွက် နောက်ထပ် ဒီလိုမျိုးကြုံလာရင် သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်လို့လည်း ဇနီးဖြစ်သူ ချယ်ရီက ဖွင့်ဟထားပါတယ်။ အက်ဒ်ဝက်ဒ်သေဆုံးပြီးတဲ့နောက်မှာ သူ့သူငယ်ချင်း စတုန်းဇီက သူ့ကို နှစ်သိမ့်ပေးခဲ့တယ်လို့လည်း အက်ရှီရန်က ဆိုပါတယ်။
Ed Sheeran: The Sum Of It All ကိုတော့ မေလ ၃ ရက်နေ့မှာ Disney Plus မှာ ထုတ်လွှင့်ပြသမှာပါ။
Ref: Ed Sheeran wrote seven tracks in four hours after wife Cherry's cancer diagnosis

Source: (ရိုးရာလေး)
Buz Blogger May 11, 2023
Read more ...

အဆိုတော်၊ မင်းသားချော Lee Seung Gi နဲ့ မင်းသမီး Lee Da In တို့ဟာ သူတို့ရဲ့မင်္ဂလာပွဲကို တက်ရောက်လာကြတဲ့ ဧည့်သည်တွေကို ပန်းအိုးတွေလက်ဆောင်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ Lee Seung Gi နဲ့ Lee Da In တို့ရဲ့ မင်္ဂလာပွဲမှ ပန်းအိုးလက်ဆောင်ရရှိခဲ့ကြောင်း ဖော်ပြထားတဲ့ပို့စ်တစ်ခုဟာ အွန်လိုင်းပေါ်တွင် အာရုံစိုက်မှုတွေခံနေရတာပါ။



မင်္ဂလာပွဲလက်ဆောင်ပန်းအိုးတွေကို နှစ်ပေါင်း 40 အတွေ့အကြုံရှိတဲ့ အိုးလုပ်သမား Byun Hoon က လုပ်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။ ပန်းအိုးလေးနဲ့ပတ်သက်ပြီး “ဒါကပန်းအိုးသေးသေးလေးဖြစ်ပေမဲ့ ခက်ခဲတဲ့လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ရတာကြောင့် အနည်းငယ်သာပြီးမြောက်အောင် လုပ်ဆောင်နိုင်တာပါ ဒီပန်းအိုးဟာ ပုံမှန်ပန်းအိုးတွေလုပ်ဆောင်တဲ့အချိန်ထက် အချိန်နှစ်ဆ၊ သုံးဆပိုကြာမြင့်တာ ဖြစ်ပါတယ်” ဟု ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။

ပန်းအိုးရဲ့ဈေးနှုန်းအတိအကျကို ထုတ်ဖော်ပြောကြားခြင်းမရှိပေမဲ့ ပန်းအိုးတစ်လုံးရဲ့တန်ဖိုးဟာ 70,000 KRW (52.20 USD) ဝန်းကျင်ရှိနိုင်ကြောင်း ခန့်မှန်းရပြီး အလားတူပုံသဏ္ဌာန်ရှိတဲ့ပန်းအိုးတွေဟာ 70,000 KRW တန်ဖိုးရှိကြောင်း အတည်ပြုထားပါတယ်။ ပန်းအိုးနဲ့အတူပါတဲ့ စာလေးမှာတော့ “ဒီပန်းအိုးလေးထဲမှာ ပန်းတွေပွင့်စေချင်သလို ကျွန်တော်တို့နှစ်ယောက်ရဲ့အနာဂတ်ကို ကောင်းချီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျွန်တော်တို့နှလုံးသားရဲ့ရနံ့တွေ လှပစွာပွင့်လန်းလို့ ဒီရနံ့တွေကို ကမ္ဘာအနှံ့ဖြန့်ကျက်ပေးပြီး လှပစွာနေထိုင်သွားပါမယ် ခင်မင်လေးစားစွာဖြင့် Seung Gi, Ra Yoon” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ Lee Ra Yoon ဟာ Lee Da In ရဲ့ ဗုဒ္ဓဘာသာအမည်ဖြစ်ပြီး မကြာသေးခင်ကမှ ဒီနာမည်ကို ပြောင်းလဲထားခဲ့တာပါ။ Lee Seung Gi နဲ့ Lee Da In တို့ဟာ ဆိုးလ်မြို့ရှိ Grand Intercontinental Seoul Parnas Hotel တွင် ဧပြီလ 7 ရက်နေ့က မင်္ဂလာပွဲကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။
CELE NOW
Buz Blogger May 11, 2023
Read more ...

မေလ 10 ရက်နေ့တွင် ဘဏ္ဍာရေးမီဒီယာတစ်ခုရဲ့ ဖော်ပြချက်အရ မင်းသမီး Jun Ji Hyun ဟာ Seongsu-dong 1-ga ရှိ Acro Seoul Forest အဆောက်အအုံရဲ့ အပေါ်ဆုံးထပ် ဇိမ်ခံတိုက်ခန်းတစ်ခန်းကို 2022 ခုနှစ် စက်တင်ဘာလတွင် ကိုးရီးယားဝမ် 13 ဘီလီယံ (USD 10 millions) ဖြင့် ဝယ်ယူခဲ့တယ်ဟု ဆိုပါတယ်။


Acro Seoul Forest ရဲ့ 47 လွှာတွင်တည်ရှိတဲ့ ဒီ penthouse တိုက်ခန်းဟာ အကျယ် 264 စတုရန်းမီတာ ရှိတာဖြစ်ပါတယ်။ မင်းသမီး Jun Ji Hyun က သူမရဲ့ခင်ပွန်း Choi Jun Hyuk နဲ့အတူ ဒီအိမ်ကိုငွေသားဖြင့် အပြည့်ပေးချေဝယ်ယူခဲ့တယ်ဟု သိရပါတယ်။

ကိုးရီးယားဝမ် 13 ဘီလီယံဟာ 2022 ခုနှစ်တွင် ဆိုးလ်မြို့ရှိ ရောင်းဈေးအမြင့်ဆုံးတိုက်ခန်းဈေးဖြစ်တာကြောင့် ဒီရောင်းချမှုဟာ အိမ်ခြံမြေလုပ်ငန်းအတွင်း သိသာထင်ရှားတဲ့ အာရုံစိုက်မှုကို ဖြစ်စေခဲ့ပါတယ်။ မင်းသမီး Jun Ji Hyun ဟာ 2005 ခုနှစ်ကဝယ်ယူခဲ့တဲ့ Samsung-dong I'PARK ရှိ တိုက်ခန်းအပါအဝင် ဆိုးလ်ရှိအိမ်ခြံမြေအများအပြားကို ပိုင်ဆိုင်တာဖြစ်ပါတယ်။

သူမဟာ Yongsan-gu Ichon-dong ရှိ နှစ်ထပ်အဆောက်အအုံအပါအဝင် Gangnam-gu Samsung-dong တွင်ရှိတဲ့ နှစ်ထပ်အဆောက်အအုံနဲ့ Gangseo-gu Deungchon-dong ရှိ အီလက်ထရွန်နစ် ပစ္စည်းစတိုးဆိုင်ရဲ့သုံးထပ်နေအိမ် စတဲ့ အဆောက်အအုံသုံးခုကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။
Source: Cele Now
Buz Blogger May 10, 2023
Read more ...

 မောင်မောင်တို့ရဲ့မောင်မောင် အပိုင်း (၁)

ချစ်သူလိုချင်တာ တစ်ပိုင်းသေနေတဲ့ ဘဲရုပ်ဆိုးလေး သူဇာမောင်မောင်တစ်ယောက် သူငယ်ချင်းတွေရဲ့ မိတ်ဆက်ပေးမှုကြောင့် အဆင်လေးတစ်ယောက်နဲ့ ချိန်းတွေ့ဖို့ ဖြစ်လာပါတော့တယ်။


 မောင်မောင်တို့ရဲ့မောင်မောင် အပိုင်း (၂)
မောင်မောင်ရဲ့ စိန်ခေါ်မှု အစ်ကိုတွေအားလုံးရှေ့မှာ ကြေညာခဲ့တဲ့ မောင်မောင်ရဲ့စိန်ခေါ်မှုတစ်ခုက ဘာများဖြစ်လိမ့်မလဲ။

 မောင်မောင်တို့ရဲ့မောင်မောင် အပိုင်း (၃)
မောင်မောင့်ကို ရှော့ခ်ရသွားစေလောက်တဲ့ အကြံဉာဏ်ကောင်းတစ်ခုက မျိုးမျိုးဆီမှာ ရှိနေခဲ့တဲ့အခါ...






Buz Blogger May 10, 2023
Read more ...
"မောင်မောင်တို့ရဲ့မောင်မောင်" ဇာတ်ဝင်သီချင်းလေးကို မောင်မောင်တို့ ၈ယောက်လုံးက အမှတ်တရ ဖြစ်အောင် Coverလေးဆိုထားပါတယ်ဗျာ
ဒီသီချင်းလေးကို အကောင်းဆုံး ဖြစ်အောင် တီးခတ်ပေးတဲ့ ညီလေး - Bookie
mixing ကိုလည်း အကြိမ်ကြိမ်အကောင်းဆုံးဖြစ်အောင်လုပ်ပေးတဲ့ Swam Pyae Sone
Mv ကိုလည်း အစအဆုံးစိတ်ရှည်ရှည် မေတ္တာနဲ့ရိုက်ကူးပေးတဲ့ ချစ်ရတဲ့အကို Waiyan Pbe
အားလုံးကိုအလှပဆုံး ပြင်ဆင်ပေးတဲ့ Makeup - Myo Thiha
Cover ဆိုခွင့်ပေးတဲ့ တေးရေးတေးဆို အကို Salomon Linn နဲ့ Dream walker production ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ




Buz Blogger May 10, 2023
Read more ...

လေးဖြူရဲ့ ပထမနိုင်ငံတော် စင်ဂယ်လ်အကြောင်းကို သတင်းပေးသူကတော့ ဒီပေ့ခ်ျကို နာမည်ပေးခဲ့သူ ငကင်းဖြစ်ပါတယ်။ သူမဟာ လေးဖြူပရိတ်သတ်ကြီးဖြစ်ပါတယ်။ လေးဖြူကိုထိရင် ဆတ်ဆတ်ခါအောင်နာသူဖြစ်ပြီး လေးဖြူကိုသူချစ်တဲ့အချစ်ဟာ အံ့သြစရာကောင်းလောက်အောင် ခမ်းနားပါတယ်။ သီချင်းဝယ်ပြီးပြီးချင်း (ထွက်တဲ့နေ့ မနက် ၉ နာရီကျော်ကျော်မှာ) ကျွန်တော့ကို နားထောင်ဖို့ပေးခဲ့ပါတယ်။

ပထမဆုံးပြောချင်တာ ၂ ခုရှိပါတယ်။

(၁) ဒီသီချင်းဟာ ပြိုလဲပျက်စီးသွားတဲ့ ပုဂံက စေတီပုထိုးတွေပြန်လည်မွန်းမံဖို့အတွက် ရံပုံငွေထည့်ဝင်ဖို့အတွက် အလှူဒါနလုပ်ခြင်းဖြစ်ပါတယ်။

(၂) (ကို) လေးဖြူရဲ့ ဂီတဖွားဖက်တော်တွေဖြစ်တဲ့ အိုင်စီမတီးခတ်ပဲ Okka Oo Thar (ကီးဘုတ်)၊ ဘိုကျင် (ဘေ့စ်)၊ စောရန်နိုင် (ဂစ်တာ) နဲ့ ပါဂျဲ (ဒရမ်) တို့ တီးခတ်ထားခြင်ဖြစ်ပါတယ်။ စကားလုံးတွေဖန်တီးသူဟာ ဒီဇိုင်းဆရာမျိုးဆွေသန်းဖြစ်ပါတယ်။ ပြည့်ဖြိုးအောင်က ဦးဆောင်ထုတ်လုပ်ပါတယ်။

ဒီ (၂) ချက်နဲ့တင် ဒီသီချင်းဟာ အတော်လေးထူးခြားပါတယ်။ ကဲ သီချင်းအနုပညာအကြောင်း သွားလိုက်ရအောင်။

အင်ထရိုဟာ ပုဂံထဲကို ဖြေးဖြေးအေးအေးလှမ်းဝင်လိုက်တဲ့အရသာမျိုး။ စည်းနဲ့ဝါးကို အခြေခံတဲ့ ငြိမ့်ညောင်းလှတဲ့ အင်ထရိုလေးဖြစ်ပါတယ်။ ပြိုလဲပျက်စီးမှုတွေဆီကို ခင်များကို ခေါ်သွားတာ။ ညက်တယ်။

နာကျင်မှုတွေ နှစ်တွေထောင်ချီ ဆိုတဲ့စာသားဆိုဖို့အတွက် လေးဖြူဟာ ရှေ့ကငြိမ့်ညောင်းမှုကို ဖျက်ပြီး ဂီယာပြောင်းထိုးလိုက်တယ်။ သူ့ကြေကွဲမှုက အထင်းသား။ နှစ်တွေထောင်ချီဆိုတဲ့စကားရှေ့မှာ အသက်ပြင်းပြင်းရှူလိုက်တာက သူဖြေမဆည်နိုင်တဲ့အရာတခုကို ပြောပြဖို့ နိဒါန်းချီလိုက်ခြင်းဖြစ်ကြောင့် တပ်လှန့်လိုက်တာပါပဲ။

ဂစ်တာဆိုလိုလေးဟာ အတော်လေးထိမိတယ်။ ကြားနေကျဖြစ်တဲ့ ချစ်စမ်းမောင်လိုမျိုး သီချင်းအပေါ်မှာ dominant မဖြစ်ဘူး။ ဒါပေမယ့် အတိတ်ကိုဆွဲခေါ်ပြီး ထပ်ဟပ်တယ်။ သီချင်းကို ပိုမိုလွမ်းမောစေတယ်။

အကြိုက်ဆုံးနဲ့အားမာန်အပါဆုံးအပိုင်းကတော့...

ပထမအလံတော်
ပထမနိုင်ငံတော်
ဘယ်တော့မှ
တို့တတွေအကျမခံဘူး
ငါတို့အားလုံးရဲ့ပုဂံ
တို့အားလုံးရဲ့ နှလုံးသား.... ပုဂံ

လေးဖြူရဲ့အသံထွက်မှု (articulation) နဲ့သက်ဝင်ခံစားမှု(expression) ဟာ အထွဋ်အထိပ်ရောက်ပါတယ်။ အံကြိတ်ပြီး မာန်ပြန်တင်းတဲ့ သက်ဝင်ခံစားမှုဟာ နားထောင်သူ ကြက်သီးထဖို့ဖြစ်လာတယ်။ လေးဖြူဟာ စကားလုံးတွေကို ပန်းချီဆရာတယောက်က စုတ်ချက်တွေတချက်ချင်းစီကို ရည်ရွယ်ချက်ရှိရှိနဲ့ ကင်းဘတ်စ်ပေါ်မှာ ချလိုက်သလိုပဲ သူ့ရဲ့သီချင်းအပေါ်မှာ ချဉ်းကပ်မှုက အသေးစိပ်လှတယ်။ ဒါကို ကြားအောင်နားထောင်မှ သူပေးတဲ့ မာန်ကို ခံစားခွင့်ရမှာ။

ရှေ့ဆက်ရမှာပဲ ဆိုတဲ့စကားလုံးတွေနဲ့အတူ ဂစ်တာဆိုလိုနောက်တကျော့ပြန်ဝင်ပါတယ်။ အဲဒီမှာ လေးဖြူ vocalize လုပ်ထားတဲ့ အူးးးးးးး ဆိုတာလေးကိုယ်တိုင်က အတော်လေး တာသွားပါတယ်။ သီချင်းရဲ့အတိမ်အနက်ကို တိုက်ရိုက်ပံ့ပိုးပေးပါတယ်။ သူဟာ ပျက်စီးပြိုလဲခဲ့တာတွေမြင်ပြီး ဦးတည်ရာမဲ့ နာကျည်းတာကိုး။

အဆုံးသတ်ဟာလဲ နိဒါန်းအတိုင်းပါပဲ။ စည်းလေးဝါးလေးနဲ့ ပြန်ခေါ်သွားတယ်။

ပထမနိုင်ငံတော်ဟာ အတော်လေးကောင်းမွန်သပ်ရပ်တဲ့သီချင်းတပုဒ်ဖြစ်ပါတယ်။ ထုတ်လုပ်မှု၊ အနုပညာအနှစ်သာရ၊ ဖြန့်ချီရတဲ့ရည်ရွယ်ချက် အားလုံးဟာလဲ ရှင်ဘုရင့်ပုဆိုးပိုးချည်းပါပဲ။ ကျွန်တော့အတွက် အကြိုက်ဆုံးအပိုင်းပြောပါဆိုရင် လေးဖြူရဲ့ သက်ဝင်ခံစားမှုနဲ့ သူ့ရဲ့ နာကျည်းမှု၊ ခံပြင်းမှု၊ ယုံကြည်မှုတွေကို နားထောင်သူရင်ထဲကို ကွက်တိရောက်အောင်ပို့ပေးတတ်တဲ့ (ဘိုလိုဆိုရင်) delivery လုပ်တတ်တဲ့ဟာကို အကြိုက်ဆုံးပါပဲ။ မျက်စိမှိတ်ပြီးနားထောင်ကြည့်လိုက်ရင် စကားကြွယ်သူတယောက် ရင်နာနာနဲ့ ပုဂံမှာရှိတဲ့ စေတီအကျိုးအပဲ့တွေကြားထဲမှာ ခင်များကိုလိုက်ပြနေသလို ခံစားရစေတယ်။

ဒါဟာ အနုပညာအောင်မြင်မှုပါပဲ။ ခင်များ မဝယ်ရသေးရင် ဝယ်လိုက်ပြီး ကုသိုလ်ယူလိုက်ပါ။ နားမထောင်ရသေးရင် နားထောင်လိုက်ပါ။ အလှူလုပ်နေသူရဲ့ ဂီတကိုမှ အလကားယူချင်သူကို နရင်းတီးပါ။ ကိုညီထွဋ်ရဲ့ မဟာနဲ့ နှိုင်းယှဉ်ပြီး အောက်တန်းကျစွာ ဝေဖန်သူများကို လျစ်လျူရှု့လိုက်ပါ။ ဂီတဖန်တီးမှုဟာ နုညံ့သိမ်မွှေ့တယ်။ ဘယ်သူနဲ့ဘယ်သူကမှ မယားလုဖက်မဟုတ်ဘူး။

ဒါဆိုရင် ခင်များအနုရသာအပြည့်ပါတဲ့ သီချင်းတပုဒ်ကို ခံစားလို့ရပါပြီ။

ခင်တဲ့
ကိုဝီ

မှတ်ချက်။ ။ ဒီပို့စ်ဟာ Scorpion Soup For Soul ဂီတပေ့ခ်ျကို နာမည်ပေးပြီး ကျွန်တော်တို့အတွက် ဂီတအလုပ်တွေစောက်ချလုပ်ဖို့နေရာလေး ဖန်တီးပေးခဲ့သူ ငကင်းအတွက် အမှတ်တရ ရီဗျူးရေးခြင်းဖြစ်ပါတယ်။
Unknown December 17, 2016
Read more ...

မိုးသည်းထန်လွန်းလှသည့် ဇူလိုင် ၁၈၊ ၁၉၊ ၂၀ … မိုးက သည်းလွန်း ထန်လွန်းသည်ထက် ပိုသည်။ ဇူလိုင် ၂၀ တွင် ကျင်းပသည့် Iron Cross (IC) ၏ Forever Rock Iron Show တေးဂီတ ဖျော်ဖြေပွဲကို လူဝင်မည်ဟု မထင်ခဲ့။ သို့သော်လည်း အထင်နှင့်အမြင် ပါစင်အောင် လွဲချော်သွားသည်။ IC ပွဲဟု ဆိုလိုက်သည်နှင့် ကြော်ငြာသည်ဖြစ်စေ၊ မကြော်ငြာသည် ဖြစ်စေ၊ တစွန်းတစ ကြားလိုက်ရုံဖြင့် သွားမည်ဆိုသူက အများသား။ ပရိသတ်က ပွဲကျင်းပမည့် ဝင်းရှေ့တွင် အုံခဲနေသည်။

Unknown July 23, 2014
Read more ...
Myanmar Event in Chiang Mai - On Saturday 1st June, 2013 at Imperial Mae Ping Hotel, Gala Charity Dinner and Dance 'Burma in the Spotlight' with music by Dang Fantastic in support of The Best Friend Library - Chiang Mai. Join Burmese buffet dinner with free flow soft drinks and cash bar, presentations by leading Burma speakers, performances by artists from Burma, handicraft exhibition, silent auction, door prizes and many more. Exhibitions and fundraising auction start 5.30 p.m. and dinner, dancing and more entertainments start 7 p.m. Tickets cost 850 baht and are available at Rimping Supermarket, Imperial Mae Ping Hotel. Visit www.thebestfriend.org or e-mail to chiangmai@thebesfriend.org for further information.
Date: 01 June 2013
Location: Imperial Mae Ping Hotel

Source:
Unknown May 29, 2013
Read more ...
Yangon (MLB) - MLTR also known as Michael Learns to Rock will held Live Concert in Yangon, Myanmar on 31st March 2013. This will be the second largest foreign live music concert in Myanmar after Jason Mraz live in last December 2012.


Photo @
Unknown February 18, 2013
Read more ...
All the cinemas in Myanmar will become digitalized within this year, according to Myanmar Motion Picture Organisation. For the first phrase, the government has instructed entrepreneurs operating 27 state-owned cinemas with long-term rentals to upgrade to digital projects and improve their facilities. "If (the cinemas) will not be converted to digital system, we will discuss about returning them back to the Ministry of Information. There may be entrepreneurs who can upgrade these cinemas or the people from the film industry can run these cinemas as a public firm," said Win Kyi, secretary of MMPO said.


Unknown February 09, 2013
Read more ...
Myanmar Famous rocker Lay Phyu was interviewed by local Music leading journal Alinkar in 1998, let see what did they talk about!

  • အဆိုတော်တစ်ယောက် မဖြစ်ခင်က ခင်ဗျား ပထမဆုံးကြည့်ခဲ့ရတဲ့ Show အကြောင်း သိချင်ပါတယ်။
          အဆိုတော် ဟန်တင်၊ အ.မ.က ကျောင်းဝင်း၊ ပြည်တော်သာရပ်၊ တောင်ကြီးမြို့၊ ၁၉၇၄ ဝန်းကျင်၊ ကျွန်တော် ၉ နှစ်သားမှာ တီးဝိုင်း (Stage Show) ကို စတင်တွေ့ဖူးပါတယ်။ Drums ကိုလည်း အဲဒီအခါမှ တွေ့ဖူးပါတယ်။


  • အဲဒီအချိန်တုန်းက Show ကြည့်ရတဲ့ ခင်ဗျားရဲ့စိတ်လှုပ်ရှားမှု၊ စိတ်ခံစားမှုကို ပြောပြပါ။
          စတွေ့တာကတော့ ကျွန်တော်ရောက်တော့ ပွဲက စနေပါပြီ။ အဝေးကတည်းက အသံတွေ ကြားနေရတယ်။ တဖြည်းဖြည်းနီးတော့ အသံကျယ်လာတယ်။ တစ်ခါမှ မကြားဖူးတဲ့ ကျယ်နည်းနဲ့ကို ကျယ်ပါတယ်။ နှလုံးတွေက လိုက်ခုန်ပါတယ်။ မြင်ကွင်းကို တွေ့လိုက်တာနဲ့ ဖျဉ်းကနဲ ဖျဉ်းကနဲဖြစ်ပါတယ်။ အငဲနဲ့ ကျွန်တော် တစ်ယောက်လက် တစ်ယောက်ဆွဲပြီး ငိုင်ကျသွားတာ ပွဲပြီးတဲ့အထိပါပဲ။ နောက်တစ်ပတ်လောက် အဲဒီ အသံကျယ်ကျယ်ကြီးကို စွဲနေပါတယ်။ အဲဒီ Show မှာ အကြိုက်ဆုံးကတော့ “ဒေါက်.. ဒေါက်.. ဘယ်သူလဲ” နဲ့ ကိုဘိုဘိုဟန်သီချင်း “ပန်းရောင်ဝတ်ထားတာ .. တကယ်ပါပဲ လှတယ်” အဲဒီသီချင်းပါ။


Unknown February 05, 2013
Read more ...
Myanmar famous actress Chaw Yadanar is married to her long time boy friend Kyaw Lyin on 25th Nov 2012 at Sedona Hotel. Nowadays, as having a new family, Chaw Yadanar takes a break from entertainment world for a while.


Unknown February 04, 2013
Read more ...

Myanmar famous rocker Ko Lay Phyu was interviewed about his new album recorded during his US tour and 2012 US/UK tour experience.
ခဏလေးများ  စီးရီး ထွက်ပြီး တဲ့ နောက်မှာ စင်မြင့် သီဆို ပွဲ များက နှစ် အတန် ကြာနား နေခဲ့တဲ့ လေးဖြူက သဘာဝ ဘေး အန္တရာယ် ဖြစ်တဲ့ နာဂစ် မုန်တိုင်း ဒဏ်ခံ ဒုက္ခ သည်များ အတွက် ရန်ပုံ ငွေရှာ တဲ့ပွဲက စပြီး စင်မြင့် ပေါ်ကို ပြန်လည် ရောက် ရှိ လာခဲ့ ပါတယ်။

အဲဒီကနေ တောက်လျှောက် ဖျော်ဖြေပွဲများ သီဆိုရင်း ၂၀၀၈ ခုနှစ်မှာ BOB (ဘင်္ဂလားပင်လယ်အော်) အယ်လ်ဘမ် အသစ်ထွက် ခဲ့ပြီးနောက် နောက်ထပ် သီချင်းသစ် ထွက်မလာ ခဲ့ပါဘူး။

၂၀၁၂ ခုနှစ် အတွင်းမှာ ပြည်ပ ဖျော်ဖြေပွဲများ သွားရောက်ခဲ့ပြီး အမေရိကန် ပြည်ထောင်စု ခရီးစဉ် မှာတော့ သီချင်းသစ် ၃ ပုဒ် သီဆို အသံ သွင်းခဲ့ တယ်လို့ သိရတဲ့ အတွက် ရွှေအမြုတေ မဂ္ဂဇင်းရဲ့ ဂီတ ပရိသတ်များ အတွက် လေးဖြူနဲ့ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

ကိုလေး အမေရိက ခရီးစဉ်မှာ သီချင်းသစ် ၃ ပုဒ် သွင်းဖြစ် ခဲ့ တယ်လို့ ကြားတယ်။ အဲဒီ သီချင်းတွေ အကြောင်း ပြောပြပေးပါဦး။

ဟုတ်ပါတယ်။ ဖျော်ဖြေပွဲတွေ ခရီးစဉ် အတွင်းမှာ ကျွန်တော် သီချင်းသစ် ၃ ပုဒ် သွင်း ဖြစ်ခဲ့ပါတယ်။ ပထမ သီချင်းက နောနော် ရေးတဲ့ သီချင်းပါ။ ဒီသီချင်းကို ဗာဂျီး နီးယားက Cue စတူ ဒီယိုမှာ သွင်း ဖြစ်ခဲ့တာပါ။ ဒုတိယ သီချင်း ကတော့ ရယ်ဂျီရဲ့ သီချင်းပါ။ လော့စ်အိန်ဂျလိစ် ဟောလိဝုဒ်က ပါရာ မောင့်ရီ ကောဒင်း စတူဒီယိုမှာ သွင်းဖြစ်ခဲ့တာပါ။ တတိယ သီချင်းကတော့ ဆန်ဖရန် စစ္စကိုက Trilogy စတူ ဒီယိုမှာ သွင်းခဲ့တာ။ ဒီ သီချင်းက တေးရေး အသစ်ဖြစ်တဲ့ မိုဃ်းသွေး ရေးပေးတာပါ။ 
Unknown February 04, 2013
Read more ...
A new album, Gone, by a rising Chin singer and songwriter, Milla Dawt Hniang, is out nationwide in the US Jan 8 2013. Produced by TMG record label, the album is a compilation of heartfelt country songs written by the 22-year-old music artist.

 


Listen some song >>> Click Here
Milla Dawt Hniang BBC Interview
Milla's Official Facebook

Unknown January 16, 2013
Read more ...
Side Effect Myanmar music band : (the first performance outside the country) - Have you read that singer and lead guitarist Darko C. told the audience that "Thank you Berlin! You can't even imagine what that means to us!" Here is full story we come across "Myanmar band writes music history in Germany"

Unknown December 15, 2012
Read more ...
Mtv Exit (End Exploitation and Human Trafficking) and Jason Mraz (American singer and well-known with "I'm Yours") to hold "Live In Myanmar" music concert in this coming December 2012. The source reported that
Mraz will headline a free outdoor concert on Dec. 16 at People's Square in Yangon, at the base of Shwedagon Pagoda. The Grammy-winning singer-songwriter is the first international artist to perform an open-air concert in the country since the end of military rule last year. And he is believed to be just the second Western act to perform in the country in decades, joining Ozomatli's U.S. State Department-sponsored appearance in 2009.


Source @ MTV EXIT
Unknown November 16, 2012
Read more ...
There will be "Charity Live" music concert by Myanmar actress and singer Htun Aeindra Bo on this coming 28th November 2012 at national theatre.

Unknown November 02, 2012
Read more ...
Myanmar famous beautiful model and actress Thet Mon Myint's hot fashion, makeup and photoshoot.

Unknown September 04, 2012
Read more ...
"Titanic 3-D" will be the first movie to play in Myanmar in more than a decade as 20th Century Fox has struck a deal to release the film in the Southeast Asian nation that is slowly opening to the world.

Fox said Monday that it has struck a deal with Mingalar Co., a local importer that operates eight single-screen theaters, to open "Titanic 3-D" on Aug. 17 in Myanmar.

Unknown August 14, 2012
Read more ...