Results for Celebrity

ကမ္ဘာကျော်အဆိုတော် အက်ဒ်ရှီရန်ဟာ သူ့ဇနီးဖြစ်သူ ချယ်ရီ ဆီဘွန်းမှာ ကင်ဆာရောဂါဖြစ်နေတယ်ဆိုတာ ကြားသိခဲ့ရပြီးနောက် စိတ်ကုထုံးအနေနဲ့ ဂီတကို အသုံးပြုပြီး ၄ နာရီအတွင်း သီချင်း ၇ ပုဒ်ကို ရေးသားဖြစ်ခဲ့ပါတယ်။ အခုနှစ်အစောပိုင်းမှာ ဇနီးဖြစ်သူ ချယ်ရီက ဒုတိယကိုယ်ဝန်လွယ်ထားရင်း ကင်ဆာအကျိတ်တစ်ခုရှိနေတယ်ဆိုတာ ဆရာဝန်တွေ စစ်ဆေးတွေ့ရှိခဲ့တာပါ။ အကျိတ်ကို ခွဲစိတ်ကုသဖို့ လိုအပ်ပေမဲ့ ကလေးမွေးမပြီးမချင်း ခွဲစိတ်ကုသလို့မရသေးပါဘူး။ ဒီအကြောင်းတွေကို Ed Sheeran: The Sum Of It All မှတ်တမ်းရုပ်ရှင်အသစ်မှာ ထုတ်ပြောပြခဲ့တာပါ။


ဒီမှတ်တမ်းရုပ်ရှင်အသစ်မှာ အက်ဒ်ရှီရန်ရဲ့ဇနီးဖြစ်သူချယ်ရီလည်း ပါဝင်ထားပါတယ်။ အရင်ကတော့ ချယ်ရီက မှတ်တမ်းရုပ်ရှင်ရိုက်တာမျိုးတွေ ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးလို့သူ့ခင်ပွန်းကို ပြောနေခဲ့တာပါ။ ဒါပေမဲ့ အခုနှစ်မှာ သူ သေရင်သေသွားနိုင်တယ်၊ သူ ဘာကို ချန်ထားခဲ့ရမလဲလို့ တွေးမိခဲ့ပြီး ရိုက်ဖြစ်ခဲ့ပါတယ်။

ချယ်ရီ ကင်ဆာအကျိတ်စစ်ဆေးတွေ့ရှိခဲ့ပြီး နောက်တစ်နေ့မှာ အက်ဒ်ရှီရန်က မြေအောက်ခန်းထဲဆင်းသွားခဲ့ပြီး ၄ နာရီအတွင်း သီချင်း ၄ ပုဒ် ရေးခဲ့တာပါ။ တချို့လူတွေက သူတို့ရဲ့စိတ်ခံစားချက်တွေကို ဒိုင်ယာရီရေးပြီး ပွင့်အန်ကြပေမဲ့ အက်ဒ်ရှီရန်ကတော့ တစ်ခုခု ဖြစ်ရင် သီချင်းရေးဖြစ်တယ်လို့ ချယ်ရီက မှတ်တမ်းရုပ်ရှင်အသစ်မှာ ထုတ်ပြောထားပါတယ်။
အက်ဒ်ရှီရန်ကလည်း သူ့အတွက် ဂီတက အမြဲ စိတ်ကုထုံးဖြစ်ခဲ့တယ်တဲ့။ သူ့အတွက် ကလေးတစ်ယောက်လို သူ့ရဲ့စိတ်ခံစားချက်၊ အတွေးတွေကို မျိုချဖို့အတွက် နည်းလမ်းတစ်ခုဖြစ်ခဲ့တာပါ။ ၂၀၂၂ ခုနှစ်က သူ့ရဲ့သူငယ်ချင်း ဂျာမယ် အက်ဒ်ဝက်ဒ် သေဆုံးခဲ့တဲ့အတွက် နောက်ထပ် ဒီလိုမျိုးကြုံလာရင် သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်လို့လည်း ဇနီးဖြစ်သူ ချယ်ရီက ဖွင့်ဟထားပါတယ်။ အက်ဒ်ဝက်ဒ်သေဆုံးပြီးတဲ့နောက်မှာ သူ့သူငယ်ချင်း စတုန်းဇီက သူ့ကို နှစ်သိမ့်ပေးခဲ့တယ်လို့လည်း အက်ရှီရန်က ဆိုပါတယ်။
Ed Sheeran: The Sum Of It All ကိုတော့ မေလ ၃ ရက်နေ့မှာ Disney Plus မှာ ထုတ်လွှင့်ပြသမှာပါ။
Ref: Ed Sheeran wrote seven tracks in four hours after wife Cherry's cancer diagnosis

Source: (ရိုးရာလေး)
Buz Blogger May 11, 2023
Read more ...

အဆိုတော်၊ မင်းသားချော Lee Seung Gi နဲ့ မင်းသမီး Lee Da In တို့ဟာ သူတို့ရဲ့မင်္ဂလာပွဲကို တက်ရောက်လာကြတဲ့ ဧည့်သည်တွေကို ပန်းအိုးတွေလက်ဆောင်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ Lee Seung Gi နဲ့ Lee Da In တို့ရဲ့ မင်္ဂလာပွဲမှ ပန်းအိုးလက်ဆောင်ရရှိခဲ့ကြောင်း ဖော်ပြထားတဲ့ပို့စ်တစ်ခုဟာ အွန်လိုင်းပေါ်တွင် အာရုံစိုက်မှုတွေခံနေရတာပါ။



မင်္ဂလာပွဲလက်ဆောင်ပန်းအိုးတွေကို နှစ်ပေါင်း 40 အတွေ့အကြုံရှိတဲ့ အိုးလုပ်သမား Byun Hoon က လုပ်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။ ပန်းအိုးလေးနဲ့ပတ်သက်ပြီး “ဒါကပန်းအိုးသေးသေးလေးဖြစ်ပေမဲ့ ခက်ခဲတဲ့လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ရတာကြောင့် အနည်းငယ်သာပြီးမြောက်အောင် လုပ်ဆောင်နိုင်တာပါ ဒီပန်းအိုးဟာ ပုံမှန်ပန်းအိုးတွေလုပ်ဆောင်တဲ့အချိန်ထက် အချိန်နှစ်ဆ၊ သုံးဆပိုကြာမြင့်တာ ဖြစ်ပါတယ်” ဟု ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။

ပန်းအိုးရဲ့ဈေးနှုန်းအတိအကျကို ထုတ်ဖော်ပြောကြားခြင်းမရှိပေမဲ့ ပန်းအိုးတစ်လုံးရဲ့တန်ဖိုးဟာ 70,000 KRW (52.20 USD) ဝန်းကျင်ရှိနိုင်ကြောင်း ခန့်မှန်းရပြီး အလားတူပုံသဏ္ဌာန်ရှိတဲ့ပန်းအိုးတွေဟာ 70,000 KRW တန်ဖိုးရှိကြောင်း အတည်ပြုထားပါတယ်။ ပန်းအိုးနဲ့အတူပါတဲ့ စာလေးမှာတော့ “ဒီပန်းအိုးလေးထဲမှာ ပန်းတွေပွင့်စေချင်သလို ကျွန်တော်တို့နှစ်ယောက်ရဲ့အနာဂတ်ကို ကောင်းချီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျွန်တော်တို့နှလုံးသားရဲ့ရနံ့တွေ လှပစွာပွင့်လန်းလို့ ဒီရနံ့တွေကို ကမ္ဘာအနှံ့ဖြန့်ကျက်ပေးပြီး လှပစွာနေထိုင်သွားပါမယ် ခင်မင်လေးစားစွာဖြင့် Seung Gi, Ra Yoon” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ Lee Ra Yoon ဟာ Lee Da In ရဲ့ ဗုဒ္ဓဘာသာအမည်ဖြစ်ပြီး မကြာသေးခင်ကမှ ဒီနာမည်ကို ပြောင်းလဲထားခဲ့တာပါ။ Lee Seung Gi နဲ့ Lee Da In တို့ဟာ ဆိုးလ်မြို့ရှိ Grand Intercontinental Seoul Parnas Hotel တွင် ဧပြီလ 7 ရက်နေ့က မင်္ဂလာပွဲကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။
CELE NOW
Buz Blogger May 11, 2023
Read more ...

မေလ 10 ရက်နေ့တွင် ဘဏ္ဍာရေးမီဒီယာတစ်ခုရဲ့ ဖော်ပြချက်အရ မင်းသမီး Jun Ji Hyun ဟာ Seongsu-dong 1-ga ရှိ Acro Seoul Forest အဆောက်အအုံရဲ့ အပေါ်ဆုံးထပ် ဇိမ်ခံတိုက်ခန်းတစ်ခန်းကို 2022 ခုနှစ် စက်တင်ဘာလတွင် ကိုးရီးယားဝမ် 13 ဘီလီယံ (USD 10 millions) ဖြင့် ဝယ်ယူခဲ့တယ်ဟု ဆိုပါတယ်။


Acro Seoul Forest ရဲ့ 47 လွှာတွင်တည်ရှိတဲ့ ဒီ penthouse တိုက်ခန်းဟာ အကျယ် 264 စတုရန်းမီတာ ရှိတာဖြစ်ပါတယ်။ မင်းသမီး Jun Ji Hyun က သူမရဲ့ခင်ပွန်း Choi Jun Hyuk နဲ့အတူ ဒီအိမ်ကိုငွေသားဖြင့် အပြည့်ပေးချေဝယ်ယူခဲ့တယ်ဟု သိရပါတယ်။

ကိုးရီးယားဝမ် 13 ဘီလီယံဟာ 2022 ခုနှစ်တွင် ဆိုးလ်မြို့ရှိ ရောင်းဈေးအမြင့်ဆုံးတိုက်ခန်းဈေးဖြစ်တာကြောင့် ဒီရောင်းချမှုဟာ အိမ်ခြံမြေလုပ်ငန်းအတွင်း သိသာထင်ရှားတဲ့ အာရုံစိုက်မှုကို ဖြစ်စေခဲ့ပါတယ်။ မင်းသမီး Jun Ji Hyun ဟာ 2005 ခုနှစ်ကဝယ်ယူခဲ့တဲ့ Samsung-dong I'PARK ရှိ တိုက်ခန်းအပါအဝင် ဆိုးလ်ရှိအိမ်ခြံမြေအများအပြားကို ပိုင်ဆိုင်တာဖြစ်ပါတယ်။

သူမဟာ Yongsan-gu Ichon-dong ရှိ နှစ်ထပ်အဆောက်အအုံအပါအဝင် Gangnam-gu Samsung-dong တွင်ရှိတဲ့ နှစ်ထပ်အဆောက်အအုံနဲ့ Gangseo-gu Deungchon-dong ရှိ အီလက်ထရွန်နစ် ပစ္စည်းစတိုးဆိုင်ရဲ့သုံးထပ်နေအိမ် စတဲ့ အဆောက်အအုံသုံးခုကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။
Source: Cele Now
Buz Blogger May 10, 2023
Read more ...

ဝိုင်းစုခိုင်သိန်းနဲ့ အောင်လတို့ဟာ တရားဝင် ချစ်သူတွေဖြစ်ကြောင်းမကြေညာကြပေမဲ့ အခုတော့ငြင်းလို့မရတော့ဘူး။

ဝိုင်းစုခိုင်သိန်းကသူ့ရင်ဘက်မှာ "Aungla" လို့တတ်တူး ထိုးထားသလို အောင်လ ကလည်းသူ့ရင်ဘက်မှာ "WSKT" လို့တတ်တူး ထိုးထားပါတယ်။


Unknown January 05, 2017
Read more ...


သရုပ်ဆောင် အဆိုတော် ထွန်းထွန်းဟာ ၂၀၁၆ခုနှစ်ထဲမှာ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက် လုပ်လာရပါတယ်။ အခုလည်း R Square ထုတ်လုပ်ရေးမှ ခေါင်းဆောင်မင်းသားနေရာကနေ ပါဝင်ရိုက်ကူးဖို့ ဇာတ်ကား (၁၀)ကားစာ စာချုပ်ချုပ်ခြင်း ခံရတယ်လို့ သိရပါတယ်။ ထို့အပြင် Power King ရုပ်ရှင်ထုတ်လုပ်ရေးကလည်း ခေါင်းဆောင်မင်းသားနေရာကနေ ရိုက်ကူးဖို့ ဇာတ်ကား (၁၀)ကားစာ စာချုပ်ချုပ်ပါသေးတယ်။

သူ့အတွက်ကတော့ အနုပညာအလုပ်တွေ လုပ်ဖို့ အခွင့်အလမ်းတွေ တိုးလို့လာပါတယ်။ ကြိုးစားခဲ့သမျှတွေ အရာထင်လာ တဲ့အတွက်လည်း ထွန်းထွန်း တစ်ယောက်ဝမ်းသာနေသလို ဒီလိုမျိုး ဖြစ်လာဖို့ သူတစ်ယောက်တည်း ကြိုးစား ခဲ့လို့မဟုတ်ဘဲ ပရိသတ်တွေ အားပေးတာကြောင့်ရယ် အနုပညာညီအစ်ကိုမောင်နှမတွေအားလုံးရဲ့ အားတွေကြောင့် အခုလို အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ခဲ့တာပါလို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

၂၀၁၇ခုနှစ်ရဲ့ နှစ်စမှာ စိတ်ချမ်းသာစရာပီတိဖြစ်စရာ တွေ နဲ့ ကြုံခဲ့ရတဲ့အတွက်လည်း အစကောင်းခဲ့ပြီ ဖြစ်သလို အနှောင်းသေချာဖို့အတွက်ကတော့ သူကိုယ်တိုင် အလုပ်နဲ့ သက်သေပြမှာပါလို့ ထွန်းထွန်းက ဆိုပါတယ်။ ထွန်းထွန်းရဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာလည်း ၂၀၁၆ခုနှစ်အကယ်ဒမီ စာရင်းထဲ ပါဝင်နေသလို ပရိသတ်တွေရဲ့ အကယ်ဒမီပေးခြင်း ခံနေရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ (Duwun)
Unknown January 02, 2017
Read more ...

သရုပ်ဆောင်လွင်မိုးက ဟိုတယ်ဆောက်ရန်အတွက် ကျိုက်ထိုတွင် မြေကွက်တစ်ကွက် ဝယ်ထားပေမယ့် မြေကွက်နဲ့ ပတ်သက်ပြီးအရှုပ်ရှင်းတွေကိုလည်း ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ အဲ့ဒီမြေကွက်နဲ့ ပတ်သက်ပြီး လွင်မိုးက ဒီနေ့ (ဇန်နဝါရီ၂)မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ကိုကျော်သူရလှိုင် ပိုင်ဆိုင်တဲ့ မြေနေရာကို သရုပ်ဆောင် လွင်မိုးက ငွေကျပ် သိန်း ၃,၉၅၀ ဝယ်ယူထားတာ ဖြစ်သော်လည်း ကြားထဲတွင် နောက်ထပ် လူတစ်ဦးဖြစ်တဲ့ ကိုအောင်စိုးသူဟာ ပေါ်လာကာ ယင်းခြံကို ပိုင်ဆိုင်ကြောင်း ပြောဆိုလာတယ်လို့ သိရပါတယ်။

ယင်းကိစ္စတွေနဲ့ ပတ်သက်ပြီး ခြံပိုင်ရှင် ကိုကျော်သူရလှိုင်က ဖြေရှင်းပေးထားသော်လည်း လွင်မိုး ပြည်ပသို့ သွားနေချိန်မှာ ကိုအောင်စိုးသူဆိုတဲ့ သူက ခြံများ ဝင်ခက်သွားပြီး ဖြစ်လာတဲ့ ပြဿနာတွေကိုလည်း လွင်မိုးကို ခေါင်းတည်ကာ ပြောဆိုနေတယ်လို့သိရပါတယ်။

ဖြစ်ခဲ့တဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး လွင်မိုးက "ဒီခြံဟာ သူပိုင်ဆိုင်ကြောင်း ထို့ခြံ ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ကျွန်တော်ကိုလာရောက် ရှင်းလင်းပါရန် ဆိုတဲ့ အကြောင်းကြားစာ ရောက်လာ ပါတယ်။ ဆိုးတာက စာရဲ့ အောက်ဆုံးမှာ ဦးစောနေဗလူ KNUလက်နက်နဲ့ ငြိမ်းချမ်းရေး အဖွဲ့ ပါလာတာမို့ ကျွန်တော် ကိုကျော်သူရလှိုင် ကိုပြောတဲ့ အခါ သူက ဖြေးရှင်း ပေးနိုင်ကြောင်းဆိုပါတယ်။ ကျွန်တော်ဘက်က သူတို့ကို ကိုယ့်ထိလက်ရောက် ဘာတစ်ခုမှာ မလုပ်ခဲ့ပါဘူး။ ပြန်ပေးဆွဲတာတွေလည်း မလုပ်ခဲ့ပါဘူး ။ ကျွန်တော် BGF(နယ်ခြားစောင့်တပ် )နဲ့ ပူးပေါင်းပြီးလည်း ဘာမှာ မလုပ်ခဲ့ပါဘူး ။ အခုလို စွပ်စွဲချက်တွေ နဲ့ပတ်သက်ပြီး သူတို့ဘက်က တရားစွဲတိုင်ကြားထားတာတွေရှိပါတယ်။ ပြည်နယ်အလိုက် မြို့အလိုက် ဆက်သွယ်ရေးရုံးတွေလည်း မေးမြန်းနိုင်ပါတယ် " လို့ လွင်မိုးက ပြောပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လွင်မိုးဘက်ကလည်း အမှန်တရားအတိုင်း ဖြစ်အောင် ဥပဒေအရ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုပြဿ နာတွေကြောင့် လွင်မိုးဟာ ဇနီးနဲ့သမီးတွေရဲ့ လုံခြုံရေးကိုတော့ စိတ်ပူမိတာအမှန်ပါလို့ Myanmar Celebrity အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

Source & Photo : ဒဂုံဝေလင်း ၊ ပွင့်ဦးမောင် ဖေ့စ်ဘွတ်
Unknown January 02, 2017
Read more ...

ကမ္ဘာကြော် ဟောလီးဝုတ် မင်းသမီး ဂျေနီဖာ အေနိစတန်ဟာ အတွင်းခံဘော်လီမပါဘဲ နယူးယောက်မြို့တွင် အလည်သွားပါတယ်။

အသက် ၄၇ အရွယ်ရှိ ဂျေနီဖာဟာ သူ့ရဲ့အနက်ရောင်ဝန်းဆက်နောက်ကွယ်က နို့သီးလေးကိုထင်ရှားစွာမြင်ရပါတယ်။
Unknown July 01, 2016
Read more ...

အမေရိကန် Hiphop အဆိုတော် 50 Cent ရဲ့ချစ်သူဟောင်း စူပါမော်ဒယ် ဒါဖင်ဂျဝိုင်းဟာ မက္ကစီကို ကမ်းခြေမှာ သူ့ရဲ့ နာမည်ကြီး မဟာကောက်ကြောင်းလေးကို ပြခဲ့ပါတယ်။
Unknown June 30, 2016
Read more ...

Dressed in a shimmery zebra-print bodysuit, her lips painted a signature dark plum, Ah Moon strutted and shimmied across the stage.

The young crowd cheered wildly as the 24-year-old belted out some of her most popular dance hits; their cries even more deafening than those later offered up for Sean Kingston, the Jamaican-American rapper who was headlining the show.

Unknown December 20, 2015
Read more ...

အခုလတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေက ဂျာနယ်၊ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံရိုက်ပေးတယ်။ ဗီစီဒီသီချင်းတွေ ရိုက်ပေးဖြစ်တယ်။ သဲရဲ့တကိုယ်တော်ခွေအတွက် အသံသွင်းတာတွေ လုပ်နေတယ်။ သဲရဲ့ တကိုယ်တော်အခွေကို ၂၀၁၅မှာ ပရိသတ်လက်ထဲကို ပို့ပေးနိုင်အောင် ကြိုးစားနေပါတယ်။ သီချင်းတွေကတော့ အမျိုးစားအစုံပါပဲ။

Unknown July 21, 2014
Read more ...
Watch and enjoy with Myanmar Hot Super model "Baby Mg" washing car Photos:

Unknown July 08, 2014
Read more ...
Actor Ye' Deight was still smoking while he was accompanied by police at Botahtaung Police office. ဗိုလ်တထောင်ရဲစခန်းထဲက လက်ထိပ်တန်းလန်းနဲ့ စီးကရက်ခဲပြီးထွက်လာတဲ့ ရဲတိုက် ...

Source :
Unknown May 29, 2013
Read more ...
Myanmar hip hop singer Anegga and Than Thar Win (Singer and the daughter of famous singer Nwe Yee Win) got married today 12.12.12 (12 December 2012) and held their wedding ceremony at St.Augustine Church in Yangon, Myanmar.


ဟစ်ဟော့ပ်ဂီတ၏ ပထမမျိုးဆက်ဟု သတ်မှတ်ခံရသော ACID အဖွဲ့ဝင် အဆိုတော် အနဂ္ဂနှင့် အဆိုတော် သံသာဝင်းတို့သည် စိန့်သြဂတ်စတင်းဘုရားရှိခိုးကျောင်း၌ ယနေ့လက်ထပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ချစ်သူသက်တမ်း ၆ နှစ်နီးပါးကြာ ယနေ့ ဒီဇငါဘာ ၁၂ ရက် နံနက်တွင် ကျင်းပသည့် လက်ထပ်မင်္ဂလာအခမ်းအနားသို့ မင်္ဂလာမောင်နှံတို့နှင့်အတူ ၎င်းတို့၏ နှစ်ဖက်မိသားစုဝင်များ စုံစုံညီညီ တက်ရောက်ခဲ့ကြသည်ကို တွေ့ရပြီး အနဂ္ဂနှင့် သံသာဝင်းတို့မှာ ကက်သလစ်ဘာသာဝင်များ ဓလေ့ထုံးစံနှင့်အညီ တစ်ဦးနှင့်တစ်ဦး မင်္ဂလာကတိသစ္စာပြုခြင်း၊ မင်္ဂလာလက်စွပ် လဲလှယ်ဝတ်ဆင်ခြင်း၊ မင်္ဂလာလက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ခဲ့သည်။

မင်္ဂလာပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ချီးမြှင့်ခဲ့ပြီး ဂီတလောကမှ အဆိုတော်များ၊ တေးရေးများ၊ ထုတ်လုပ်သူများ၊ ရုပ်ရှင်ဘက်မှ အကယ်ဒမီထွန်းအိန္ဒြာဗိုတို့စုံတွဲနှင့် အကယ်ဒမီလူမင်းတို့စုံတွဲ တက်ရောက်ချီးမြှင့်သည်ကို တွေ့ရသည်။ နိုင်ငံရေးနယ်ပယ်မှ လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းအချို့တို့လည်း တက်ရောက်ခဲ့သည့်အပြင် အက်ဆစ်အဖွဲ့မှ လွှတ်တော်အမတ် ဇေယျာသော်က မင်္ဂလာပွဲတွင် ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ၀င်ရောက်ဆင်နွှဲခဲ့သည်ကို တွေ့ရသည်။

Soruce: 7Day News Journal
Unknown December 11, 2012
Read more ...
Myanmar Miss 2012, Nang Khin Zayar, hot sexy bikini video is available to watch. The Video Clip is from Miss International 2012 contest in Japan.

 
Unknown November 04, 2012
Read more ...
There will be "One Lady Show 2012" on 10.11.12 at National Theater by Myanmar actress and singer Htun Aeindra Bo. ထွန်းအိန္ဒြာဗိုလ် (မခိုင်) က လာမယ့် ၁၀.၁၁.၁၂ ရက်နေ့မှာ တစ်ကိုယ်တော် သီဆိုဖျော်ဖြေမယ်လို့ သိရပါတယ် ...

Unknown September 11, 2012
Read more ...
Myanmar famous hip hop singer and actor Sai Sai Kham Leng and Hollywood actor Jackie Chan took Photo together while Jackie visited Myanmar. မြန်မာနာမည်ကျော် အဆိုတော် မင်းသား စိုင်စိုင်းခမ်းလှိုင် နဲ့ ဟောလီးဝုတ်မင်းသားကြီးဂျက်ကီချန်းတို့အား အတူတွေ့ရစဉ်။

Source @ Facebook
Unknown July 09, 2012
Read more ...
Myanmar Models with Traditional dress, look how beautiful Myanmar Traditional dresses are. Rate yourselves. ခောတ်ဟောင်း က မြန်မာ ၀တ်စုံ နဲ့  မေသက်ခိုင်

Unknown June 28, 2012
Read more ...
A great day and memorable life's event of Myanmar model girl May Yati Oo: here is the Marriage and Honeymoon Prediction of the model. မြန်မာမောဒယ် မေရတီဦးရဲ့ လက်ထပ်မဲ့ရက်နဲ့ ဟန်နီးမွန်းခရီးစဉ် ခန့်မှန်းချက်ပါ ...


Photo@
Unknown May 05, 2012
Read more ...
2012 Thingyan is real solemn and enjoyable as Myanmar is heading better situation. Myanmar most famous rocker Lay Phyu is rocking in Grand Royal Thingyan stage. Iron Cross stage is a bit different than other, it has enter fees, 500 Kyats.



Photos@Popular News
Unknown April 12, 2012
Read more ...
Along with iPhone, iPod, iPad, there is one new brand of i, i.e, iBed.


Photo@B A Thang Salai's Facebook
Unknown April 06, 2012
Read more ...