Results for Lifestyle

 စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ပြည်သူတွေ ဆိုးဆိုးရွာရွား ကြုံတွေ့နေရပါတယ်။ ဒီလို လျှပ်စစ်မီးပြတ်တောက်မှုတွေက မြန်မာနိုင်ငံ စီးပွားရေးကို ဘယ်လောက်ထိ ပြင်းပြင်းထန်ထန် ရိုက်ခတ်နိုင်ပါလဲ။ ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။



အခုတလော လျှပ်စစ်မီး ဆိုးဆိုးဝါးဝါး ပျက်တဲ့အကြောင်း သတင်းတွေမှာ၊ဆိုရှယ်မီဒီယာတွေမှာ အတော်လေးတွေ့နေရပါတယ်။အထူးသဖြင့် ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာ လျှပ်စစ်မီးပျက်ချိန်များတာကြောင့် နေထိုင် စားသောက်ရေး တော်တော်အဆင်မပြေဖြစ်ကြ၊ကသီလင်တဖြစ်နေကြပါတယ်။မီးလာလို့ ကပျာကယာ ထမင်းအိုးထတည်ပေမဲ့ ထမင်းတစ်အိုးမကျက်ခင် မီးပျက်သွားတာ၊ မီးလာလို့ ရေထတင်ပေမဲ့ ရေတိုင်ကီမပြည့်ခင် မီးပြန်ပျက်သွားတာ၊နွေပူပူအောက်မှာ အဲကွန်း(လေအေးပေးစက်)ဖွင့်မရတာကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ ဒုက္ခရောက်ရတဲ့ အဖြစ်အပျက်တွေ ကြုံတွေ့နေကြရပါတယ်။ဧပြီ ၂၈ ရက်နေ့ကဆိုရင် မင်္ဂလာတောင်ညွန့်မြို့နယ် ကျီတော်ရပ်ကွက်၊ မဟာဘောဂလမ်းမှာ မိသားစုဝင် ၄ ဦး မီးပျက်နေချိန် အပူချိန်များ၊ချွေးထွက်လွန်ပြီး မူးမေ့ သတိလစ်သွားတဲ့အတွက်အရေးပေါ်ဆေးရုံတင်ရတဲ့သတင်းကို MyanmaPlatform News မှာတွေ့ ရပါတယ်။ လောလောဆယ်ရန်ကုန်မြို့ရဲ့လျှပ်စစ်မီးအခြေအနေကို ဒဂုန်ဆိပ်ကမ်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက အခုလိုပြောပါတယ်။

"လျှပ်စစ်မီးပေးတဲ့စနစ်က အလှည့်ကျစနစ်နဲ့ ၄ နာရီခြား တစ်ခါပေးမယ်လို့ကြေညာထားပါတယ်။မနက် ၉ နာရီ စပေးရင် နေ့လည် ၁ နာရီမှာ စဖြတ်မယ်ဆိုတဲ့သဘောပေါ့။ပြီးခဲ့တဲ့ ဧပြီလဆန်းကတည်းက နေ့အပူချိန်တိုးလာတော့ ဝန်အားလျော့တာတွေဖြစ်လာပြီး အလှည့်ကျပေးတယ်ဆိုပေမဲ့ မီးလာချိန်မမှန်တော့ ဘူး။အခုမီးလာလို့ ထမင်းထ ချက်လို့ရှိရင် ချက်နေရင်းနဲ့ ပြန်ပျက်သွားတာတွေ ခဏ ခဏဖြစ်တယ်။ ထမင်းအိုးတွေလည်း ပျက်ကြတယ်။မီးအားလည်း မမှန်ဘူး။ဒီနေ့ဆိုရင် မနက်၊နေ့လယ်၊ညနေထိ မီးလာချိန် စုစုပေါင်း ၂ နာရီလောက်ပဲရတယ်။ညဘက်ဆိုရင်လည်း မီးမလာရင် ပူလို့ အိပ်မရကြဘူး။ လူကြီးတွေဆိုရင် အိမ်ခန်းထဲမှာ ပူတော့ အသက်ရှူမဝတော့ အပြင်ထွက်ထိုင်နေကြရတယ်။လျှပ်စစ်မီးက ဘယ်လိုပေးနေမှန်းကို မသိတော့ဘူး။မီးလာချိန်နည်းတော့ မီးလာတဲ့အချိန်မှာ မီးနဲ့လုပ်ရတဲ့အလုပ်တွေ အမြန်လုပ်ကြရတော့ အိမ်တိုင်းက မီးဝိုင်းဆွဲတော့ ဘရိတ်ကာကျတယ်ဆိုပြီး ချက်ချင်းပြန်ပျက်သွားပြန်ရော။လျှပ်စစ်မီးကြောင့် လူတွေလည်း အတော်ဒုက္ခရောက်နေကြပါပြီ။အလှည့်ကျစနစ်လည်း မဟုတ် တော့ဘူး။ဘယ်လိုပေးနေမှန်းကို မသိတော့ဘူး”

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ၊လူနေမှုအဆင့်အတန်းမီမီနေထိုင်နိုင်ဖို့ဆိုတာ လျှပ်စစ်စွမ်းအင် ရရှိ၊သုံးစွဲနိုင်တဲ့အပေါ်မှာ အဓိကတည်နေတာပါ။လျှပ်စစ်မီး ပုံမှန်မရဘူး။လုံလောက်စွာ မရဘူးဆိုရင် စီးပွါးရေးလုပ်ငန်းတွေကို ထိခိုက်မှာဖြစ်သလို လူနေမှုအဆင့်အတန်းကိုလည်း နိမ့်ကျစေမှာပါ။လျှပ်စစ်မီး ပုံမှန်မရရင် ဒီဇယ်၊ဓာတ်ဆီကို အစားထိုးသုံးစွဲရတဲ့အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်တွေ တိုးလာမှာပါ။

နောက်ဆက်တွဲအနေနဲ့ ကုန်စျေးနှုန်းတွေ မလွဲမသွေ တက်လာမှာပါ။အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ နိုင်ငံခြားအရံငွေကြေး နည်းပါးလာတဲ့အတွက် သွင်းကုန်တွေကန့်သတ်ပါတယ်။ ဒီဇယ်၊ဓာတ်ဆီ တင်သွင်းတာကိုလည်း ကန့်သတ် လျှော့ချပါတယ်။ဒါကြောင့် ဒီဇယ်ဓာတ်ဆီ ရှားပါပြီး စျေးကြီးကာ ဝယ်ရခက်လာပါတယ်။ဧပြီ ၁၁ ရက် VOA ရဲ့ သင်္ကြန်မတိုင်ခင် စက်သုံးဆီ အကျပ်အတည်းပိုဆိုးလာဆိုတဲ့သတင်းမှာ ဒီဇယ်၊ဓာတ်ဆီစျေးနှုန်းတွေတက်လာတယ်၊ဆီပြတ်လပ်နေပြီး လိုသလောက် ဝယ်မရတာမျိုးတွေရှိတယ်လို့ဖော်ပြခဲ့တာတွေ့ရပါတယ်။

လျှပ်စစ်နဲ့ ပတ်သက်ပြီး ထူးဆန်းတဲ့သတင်းတစ်ခုကိုလည်း People’s Spring ရဲ့ မီးတွေဆိုးဆိုးဝါးဝါး ပျက်ခြင်းရဲ့နောက်ကွယ်ဆိုတဲ့ ဆောင်းပါးမှာ တွေ့လိုက်ရပါတယ်။အဲဒါကတော့ စစ်ကောင်စီက ပြည်သူလူထုဆီက လျှပ်စစ်ဓာတ်အားပြန်ဝယ်ချင်တယ်ဆိုတဲ့အကြောင်းပါ။ YESC လို့ခေါ်တဲ့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းအနေနဲ့ ဧပြီ ၂၁ ရက်နေ့ က ထုတ်ပြန်ချက်ကို အခြေခံရေးသားထားတာပါ။အဲဒီဆောင်းပါးမှာပဲ အာဏာမသိမ်းခင် NLD အစိုးရလက်ထက်မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုဟာ မဂ္ဂါဝပ် ၃,၆၀၀ ရှိခဲ့ပြီးတော့ စစ်ကောင်စီလက်ထက်မှာ မဂ္ဂါဝပ် ၂၁၀၀ သာထုတ်လုပ်နိုင်တယ်။ စစ်ကောင်စီလက်ထက်မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ၄၅ ရာခိုင်နှုန်းခန့် လျှော့ကျသွားတယ်လို့ နှိုင်းယှဉ်ဖော်ပြထားပါတယ်။

လျှပ်စစ်မီး ပြတ်တောက်တဲ့အတွက် စက်ရုံ၊အလုပ်ရုံကြီးတွေ မဆိုထားနဲ့ အိမ်တွင်းမှုလုပ်ငန်းတွေ၊ အသေးစားစက်မှုလုပ်ငန်းတွေအပေါ် အကျိုးသက်ရောက်မှုက ကြီးမားပါတယ်။စားသောက်ဆိုင်၊ အလှပြင်ဆိုင်၊မိတ္တူကူးစက်၊ပုံနှိပ်စက်၊ရေခဲစက်၊ရေသန့်စက် စတဲ့ လုပ်ငန်းတွေဟာ အပြည့်အဝ မလည်ပတ်နိုင်တော့ပါဘူး။လျှပ်စစ်မီးတွေကပျက်၊သွင်းကုန်တွေကန့်သတ်တော့ ကုန်ပစ္စည်းတွေ ရှားပါး ပြတ်လပ်၊ကုန်စည်တွေရှားပါးပြတ်လပ်တော့ ကုန်စျေးနှုန်းတွေကတက်၊ကုန်စျေးနှုန်းတွေ တက်တော့ လုပ်အားခတွေတိုးတောင်း၊တွက်ခြေမကိုက်တဲ့ လုပ်ငန်းတွေကရပ်ဆိုင်း၊လုပ်ငန်းတွေရပ်ဆိုင်း တော့ ကုတ်ထုတ်လုပ်မှုတွေ လျော့ကျ၊အလုပ်လက်မဲ့တွေများလာ၊လူတွေဝင်ငွေကျဆင်း စတဲ့ကွင်းဆက် ဆိုးကျိုးတွေ ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့်လည်း ရိုက်တာသတင်းဌာနက ပဋိပက္ခတွေကြားက မြန်မာ့စီးပွါးရေးဟာ ဆိုးသထက်ဆိုးလာနေပြီလို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာကိုကိုးကားပြီးရေးသားတာပါ။၂၀၂၃ မှာ မြန်မာ့စီးပွါးရေးဟာ ၃ ရာခိုင်နှုန်းတိုးတက်မယ်လို့ မျှော်လင့်နိုင်ပေမဲ့ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ၊လျှပ်စစ်စွမ်းအင် မလုံလောက်မှုတွေ၊မှားယွင်းတဲ့ မူဝါဒတွေ ကြောင့် မြန်မာ့စီးပွါးရေးကို အကြီးအကျယ်ထိခိုက် ပျက်စီးစေကာ လူမှုရေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ ကသောင်းကနင်းဖြစ်မှုတွေဖြစ်ပေါ်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာဖော်ပြထားတယ်လို့ ရိုက်တာက ရေးသားထားပါတယ်။

နိုင်ငံတွင်းမှာ မတည်မငြိမ်ဖြစ်နေတာ၊ စီးပွါးရေးဆုတ်ယုတ်ကျဆင်းနေတာ၊နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ သိသိသာသာကျဆင်းသွားတာ၊ကျပ်ငွေတန်ဖိုး အဆမတန်ကျဆင်းသွားတာ၊လုံခြုံမှု မရှိတော့တာတွေဟာ စစ်တပ်ကအာဏာသိမ်းပြီနောက် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေတွေပါ။အခုလို တိုင်းပြည်မှာ စီးပွါးရေး ကျပ်တည်း ကျဆင်းနေချိန်၊တိုင်းပြည်ဝင်ငွေကျဆင်းနေချိန်မှာ စစ်ကောင်စီဟာ စစ်အသုံးစရိတ်ကိုတော့ ၅၀ ရာခိုင်နှုန်းတိုးမြှင့်ခဲ့တယ်လို့ဆိုပါတယ်။၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ အရင်နှစ်ကထက် ကျပ်ငွေ ဘီလီယံ နှစ်ထောင်နီးပါးတိုးမြှင့်လိုက်ပြီး ကျပ်ငွေ ဘီလီယံ ၅,၆၀၀ အထိ သတ်မှတ်ထားတယ်လို့ VOA ရဲ့ ဧပြီ ၁၁ ရက်နေ့သတင်းမှာဖော်ပြထားပါတယ်။လက်ရှိမြန်မာ့စီးပွါးရေးအခြေအနေနဲ့ ၂၀၂၃ အလားအလာ နဲ့ ပတ်သက်ပြီး US Indo-Pacific Command မှာ စီးပွါးရေးအကြံပေးလုပ်ခဲ့တဲ့ဒေါက်တာမီမီဝင်ဘတ်ကတော့ အခုလိုပြောပါတယ်။

"ဒီနှစ်ဆန်းမှာ မင်းအောင်လှိုင်ကပြောတယ်။စီးပွါးရေးတိုးတက်တယ်လို့၊စီးပွါးရေး တိုးတက်တယ်ဆိုတာကို သူကိုယ်၌က ယုံကြည်တယ်ဆိုရင်တော့ ဒီလူဟာ ဘာမှ အရည်အချင်းမရှိတဲ့လူပေါ့နော်။Indicators (ညွှန်းကိန်းတွေ)တွေပြန်ကြည့်လိုက်ရင်၊စီးပွါးရေးကောင်းနေရင် လူတွေကနိုင်ငံခြား ဘာလို့ထွက်မှာတုန်း၊စီးပွါးရေးကကောင်းနေရင် လူငယ်တွေ၊productive age၊အလုပ်အကောင်းဆုံးလုပ်နိုင်
တဲ့အရွယ်တွေ နိုင်ငံကနေထွက်သွားတယ်ဆိုကတည်းက ဒီ Economy ကြီးက၊စီးပွါးရေးကဏ္ဍကြီးက ဘယ်လိုလုပ်ဆက်သွားနိုင်မှာတုန်း။ အဲဒါကို မသိတဲ့ လူတစ်ယောက်က အုပ်ချုပ်နေသမျှကာလပတ်လုံး မြန်မာ့စီးပွါးရေးက ဘယ်လိုမှ ပြန်ပြီးတော့ တိုးတက်မှာ မဟုတ်ဘူး။ recover ဖြစ်မှာ မဟုတ်ဘူး”လို့ မဇ္စျိမ သတင်းဌာနရဲ့ မြန်မာ့စီးပွါးရေး လက်ရှိအခြေအနေနဲ့ ၂၀၂၃ အလာအလာ အပေါ် ပညာရှင် သုံးသပ်ချက်မှာ ထောက်ပြပြောဆိုထားတာတွေ့ရကြောင်းပါ။

Source: VOA

Buz Blogger May 11, 2023
Read more ...
You may ask why some Chin women got tattoo on their faces? Yes there has been a question for Tattooed Chin Women among Myanmar community too. According to one legend, the tattooing emerged as a way to make Chin women less attractive and protect them from predatory Burmese kings – but Parkitny is not convinced, given that the practice was once widespread in Asia. But some Chin elderly women themselves say the marks were a stamp of womanhood and attractiveness. Anyhow, today, the Chin girls do not want to get tattoos anymore, because they don’t feel this is beautiful decoration.



Click for more Chin women tattoo photos >>>
Unknown August 23, 2013
Read more ...
Yet some changed in political field, thousand of people are still struggle for their daily living. Workers unload gravel from boats at a small port outside Yangon on September 16, 2012. Every morning hundreds of workers unload boats that bring gravel to Yangon, making three US cents per basket. By looking this photo you can know many people are still struggling to fill their stomach.


Unknown February 05, 2013
Read more ...
Photos of Naga ethnic people in Myanmar celebrated their traditional New Year on 15 Jan 2013. It is known that most of the Naga people are living in north-western part of Myanmar and have similar cultures and traditions, and form the majority ethnic group in the Indian states of Nagaland, Arunachal Pradesh and Assam.



Unknown January 17, 2013
Read more ...
Thanaka -  A Distinctive Feature of Myanmar: The remarkably smooth skin of Burmese women is one of these traditions. Thanaka is a yellowish-white cosmetic paste made from ground bark. It is a distinctive feature of Myanmar seen commonly applied to the face and sometimes the arms of women and girls.

 Source@Myanmar Life
Unknown September 05, 2012
Read more ...
Well, this has been an old question - why Myanmar, among Asia's poorest nations, is selling natural gas to Thailand and exporting hydroelectric power to China while its own people live in darkness?
Myanmar has abundant energy resources, yet 74 percent of its 60 million people have no access to electricity, giving it one of the lowest domestic energy consumption rates in the region, according to a recent report by the Asian Development Bank.

And natural gas is the major export item to Thailand, which relies on Myanmar for 30 % of its energy consumption.

Photo@
Unknown July 24, 2012
Read more ...
A must watch CIA archive film - A historical black and white film of Buddhism in Burma - History, Politics and Culture. ကြည့်သင့် သိထိုက်တဲ့ အင်္ဂလိပ်ခေတ်နှောင်းပိုင်း မြန်မာပြည်ရဲ့ ဘာသာရေး ၊ လူမှုရေးနဲ့ နိုင်ငံရေးအခြေနေတွေကို တင်ပြထားတဲ့ အဖြူမဲ film ဟောင်းလေးတစ်ခုပါ ... အားလုံးနှစ်သက်မယ်လို့ မျှော်လင့်ပါတယ် ...

Unknown June 19, 2012
Read more ...
Boston big picture collected Pedal power - this photo is on top. A boy rides his bicycle near rice fields in Bago, Myanmar on February 20, 2012.

Unknown June 17, 2012
Read more ...
In upper Myanmar, Monywa area passes long period without rain, so the local place a game pulling robe for calling for rain. It is traditional believe. အထက်ချင်းတွင်း စီးပွားရေးမြို့တော် မုံရွာမြို့တွင် မေလကုန်ပိုင်းအထိ အပူချိန် လွန်ကဲသည့် အတွက် မိုးခေါ်လွန်ဆွဲပွဲများ ကျင်းပခဲ့ကြောင်း လွန်ဆွဲပွဲအား ဦးဆောင်သည့် သဒ္ဓမ္မသောဒါန ဘုံဆွမ်းလောင်း အသင်းမှ အသင်းသား တစ်ဦးက ပြောကြားသည်။



Unknown May 29, 2012
Read more ...
Thai army wants refugees sent home and Thailand would close down all the nine refugee camps soon. According to the source:
The army wants the government to hold talks with Myanmar on returning home nearly 200,000 refugees staying in nine camps along the Thai border, a defence source said.

According to the source, Defence Minister Sukumpol Suwanatat last week met army chief Gen Prayuth Chan-ocha and talked about preparations to send the refugees who fled fighting in Myanmar and live in camps along the Thai border, back to their home country.

After the refugees have been repatriated, Thailand would close down all the nine camps.
Unknown May 29, 2012
Read more ...
Different tourists travel to newly open country Myanmar for different purposes and spiritual vacation is popular for many westerners now. Here is the video of Kym Cole - American Spiritual Tourist to Myanmar. Travelers look to absorb Myanmar's Buddhist traditions, as Paula Hancocks reports. မြန်မာပြည်ရဲ့ ခရီးသွားလုပ်ငန်းတွေ ပိုမိုထွန်းကားလာတာနဲ့အမျှ အနောက်တိုင်း ခရီးသွားလာသူများအတွက် ပြည်တွင်းလာရောက်ပြီး တရားအားထုတ်မှုဟာ ပိုမိုစိတ်ဝင်စားစရာ ဖြစ်လာပါတယ် ...

Unknown May 29, 2012
Read more ...
According to Myanmar Times, standard for pesticide residue in drinking water have been developed as part of a larger safe drinking water policy that will be adopted soon, a Ministry of Health official said at a workshop last week.

Dr Kyi Lwin Oo, deputy director of Department of Health’s Occupational Health Division told that:
“We have set the guideline values for 14 pesticides that are commonly used in Myanmar and can harm human’s health. If the amount of pesticide is higher than the standard, it will be regarded as unsafe. We based [our standards] on the WHO’s guideline values. But we have to set the values based on what is suitable for our country.
Unknown May 28, 2012
Read more ...
Do you want to know how to make Myanmar Htamane? Here you got the recipes: Htamane (ထ မ နဲ ပွဲ) is made of sticky rice and sesame seeds. One large pan requires 4 small baskets of sticky rice, 20 coconuts, one small basket each of peanut and sesame seeds, 4 kilo of oil, 0.32 kilo of ginger and some salt.


Source@MyanmarLife
Unknown May 24, 2012
Read more ...
In Myanmar, we have sleeping child song 'when the rain comes, we will take a shower with the rain.' Some area of Myanmar, this year, really dry and many face problem of insufficiency of water. Now, rain start falls, esp kids, happy and shower and play in the rain.

ဒီနှစ် နေရာဒေသ တော်တော်များများ မိုးခေါင်ရေရှားဒဏ် ခံရပါတယ်။ မိုးရွာရင်မိုးရေချိုးမယ် ဆိုသလိုပေါ့ ၊ မိုးလေးရွာလာတော့  စိုးရိမ်မှု၊ စိတ်ပူပန်မှုတွေ ပျော်ရွင်ကြေနူးမှုအဖြစ်ပြောင်းလဲသွားပါတယ်။


Photo@
Unknown May 14, 2012
Read more ...
Eating paan can badly cause throat cancer because of its Nicotine and Carcinogenic
Effect. Paan is a stimulating, psychoactive preparation of betel leaf combined with areca nut and/or cured tobacco. Paan is chewed before spitting or swallowing. More over, it makes city, public area and plces dirty/ugly.

ခံတွင်းကင်ဆာအကြောင်းပြောရလျှင်မူ ဆေးလိပ်သောက်၊ ကွမ်းစားခြင်း အလေ့အထမှာရှေ့တန်းကပါလာပါသည်။ ကျန်းမာရေးနှင့် ပြည့်စုံကြပြီး သန့်ရှင်းသပ်ရပ် သာယာလှပသော ခေတ်မီနိုင်ငံတော်ကြီး ဖြစ်စေရန်အတွက် ကွမ်းစားသော အလေ့အထ အားအစမပြုကြပါနှင့် ရှောင်ကြဉ်ကြပါ ကွမ်းစားနေသူများအားလည်း ယခုအချိန်မှစ၍ ကွမ်းယာဖြတ်ရေး ကြိုးစားကြပါဟု တိုက်တွန်း နှိုးဆော်ရေး သားလိုက်ရပါသည်။ ကျန်းမာရေး ထိခိုက်စေသော အလေ့အထဆိုးများ အမြန်ဆုံးရှောင်ရှားရင်း ကျန်းမာပျော်ရွှင် သော ဘဝကိုတည်ဆောက်နိုင်ကြပါစေ


More Info: JACBA Blog and Yati Magazine
Unknown May 10, 2012
Read more ...
Myanmar popular super model and actress Phwe Phwe encourages her fans to eat Yogurt in hot weather, 'Yogurt myerr myerrr serrr gya naw. Can make ur body cool in this kinda hot weather !!! :P' Yogurt is good for health, good for stomach and digestion.

PhwePhwe FB
Unknown May 07, 2012
Read more ...
Water Buffalo or Bubalus bubalis is a sign of South East Asia because 97% of them (approximately 153 million) in Asia, especially in South East Asia. In SEA, shepherd or cowboy is not so popular as western but what! Buffalo Boys.

 Photo@
Unknown May 06, 2012
Read more ...
It is part of Myanmar Life. Wherever you go you will see. People come to you and sell things. Once, I got train Mandlay to Yangon. One little girl sold Htuu Hmoke (sweet bun) and shouting, 'Buy 1 Get 1, Buy 1 Get 1.' I bought one. I thought that I would get one more. I asked for another one more as she shouted, 'Buy 1 Get 1." At last she said, you bought one and now you got one. She nailed it.

 Photo@Fraind Facebook
Unknown May 05, 2012
Read more ...
A great day and memorable life's event of Myanmar model girl May Yati Oo: here is the Marriage and Honeymoon Prediction of the model. မြန်မာမောဒယ် မေရတီဦးရဲ့ လက်ထပ်မဲ့ရက်နဲ့ ဟန်နီးမွန်းခရီးစဉ် ခန့်မှန်းချက်ပါ ...


Photo@
Unknown May 05, 2012
Read more ...
A Prayer of Myanmar Refugee Kid, 'Give us today our daily food/rice.' ဒုက္ခသည် ကလေး တစ်ယောက် ရဲ့ ဆုတောင်းသံ - 'အို အဖ ဘုရာ ကျွှန်တော်တို့နေ့စဉ်စားဖို့ အစာချသနားတော်မူပါ။' နယ်မြေဒေသ မလုံခြုံ၍ နေရပ်ကိုစွန့်ခွာ တိမ်းရှောင်နေရသူ ဦးရေ ၄၄၆၀၀၀ နီးပါးရှိပြီး နယ်စပ်ရှိ ဒုက္ခသည်စခန်းတွင် ခိုလှုံနေရသူ ၃၅၀၀၀၀ ရှိကြောင်း၊ စုစုပေါင်း ၉၀၀၀၀၀ နီးပါးရှိကြောင်း သိရသည်။


Photo@
Unknown May 04, 2012
Read more ...