Results for Myanmar Politic

 ဩစတြေးလျနဲ့ နယူးဇီလန် နှစ်နိုင်ငံဆီ ခရီးထွက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းဟာ ခရီး စဉ်အတွင်း သက်ဆိုင်ရာနိုင်ငံအတွင်းက တရားဥပဒေတွေကို အသုံးပြုပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ကို အရေးယူနိုင်မယ့် လုပ်ငန်းစဉ်တွေ ပေါ်ထွက်လာနိုင်ဖို့  ကြိုးစားဆောင်ရွက်သွားမယ်လို့  ဒီဗွီဘီကို ပြောပါတယ်။ 


NUG လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းဟာ ဩစတြေးလျနိုင်ငံကို မေလ ၁၀ ရက်က စတင်ရောက်ရှိလာပြီး  မေလ ၁၁ ရက်နေ့မှာ သြစတြေးလျ လွှတ်တော်အတွင်း နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာ တာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေနဲ့ ‌တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြတာပါ။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကော်မရှင်ကို ပူးတွဲတည်ထောင်သူ၊ သြစတြေးလျ လူ့အခွင့်အရေးဆိုင်ရာနှင့် ဥပဒေရေးရာပြုပြင်ပြောင်း လဲရေး မဟာမင်းကြီးဟောင်းလည်းဖြစ် လက်ရှိ ကုလသမဂ္ဂကော်မရှင်တခုရဲ့ မဟာမင်းကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်နေသူ ပါမောက္ခ ခရစ္စဆီဒေါ့တီကလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံ ကိုယ်စားလှယ်ရုံးမှာ ပြည်ထောင်စုဝန်ကြီးကို လာရောက်တွေ့ဆုံကာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဆောင်ရွက်နေတ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေကို ဆွေး နွေးခဲ့ကြပါတယ်။ 

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ဝန်ကြီး ဦးအောင်မျိုးမင်းက “ဒီခရီးစဉ်မှာ နှစ်နိုင်ငံ သွားပါမယ်။ အကြမ်းဖက်စစ်ကောင်စီကို ထိရောက်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ပိုတိုးတက်လာဖို့၊ စစ်ရေးအကူအညီ လုံးဝအထောက်အပံ့မပေးဖို့။ သူတို့နိုင်ငံတင်မကဘဲ သူတို့မဟာမိတ်နိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေကြားထဲမှာ ဒါနဲ့ပတ်သက်ပြီး ပိုမိုထိရောက်တဲ့လုပ်ဆောင်မှုတွေဖြစ်ဖို့ ကျနော်တို့ မျှော်လင့်တယ်။ ဒါ့အပြင် လူသားချင်းစာနာမှုအကူအညီတွေကို စစ်ကောင်စီနဲ့ပူးပေါင်းခြင်းမပြုဘဲ နယ်စပ်ဖြတ်ကျော်မှု၊ ဒါတွေကူညီပြီးတော့ ဖြစ်နိုင်တဲ့ ကြားထဲက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ လူသားချင်းစာနာမှုအကူအညီတွေ၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကြားထဲကို တကယ်ရောက်ရှိနိုင်ဖို့ ကူညီမှုတွေ ဖြစ်လာမယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ဖြစ်လာဖို့လည်း ကျနော် ကြိုးစားပါမယ်။ တချိန်တည်းမှာ အခုချိန်မှာ အာဆီယံကို မျှော်လင့်မှုတွေ၊ တာဝန်ပေးမှုတွေ ရှိတယ်။ ဒါပေမဲ့ အာဆီယံ တခုတည်းနဲ့ လုပ်လို့မရတာ အားလုံး ထင်ထင်ရှားရှားပါ။ အာဆီယံနဲ့အနီးစပ်ဆုံး ပစိဖိတ်မှာရှိနေတဲ့ ဩစတြေးလျနိုင်ငံ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့ သံတမန်ရေးအရ ရင်းနှီးမှုတွေ၊ ဆက်ဆံမှုတွေ ရှိနေတဲ့ ဒီနှစ်နိုင်ငံက သူတို့ရဲ့ အားကောင်းတဲ့ သံတမန်နည်းတွေကို အသုံးပြုပြီး အာဆီယံလည်း ဒီထက်ပိုရွေ့လာအောင်၊ အာဆီယံ တခုတည်းမကဘဲ ကမ္ဘာတခုလုံးကနေ ပူးပေါင်းပါဝင်တဲ့ အရေးယူဆောင်ရွက်မှုတွေ ဖြစ်လာမယ်။ သူတို့ကနေ ပူးပေါင်းဆောင်ရွက်မယ်။ လိုအပ်တဲ့နေရာမှာ ဦးဆောင်ပြီးလုပ်ဆောင်ဖို့ မျှော်လင့်ထားပါတယ်”လို့ပြောပါတယ်။

NUG လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းဟာ ဩစတြေးလျနိုင်ငံ ခရီးစဉ်အပြင် နယူးဇီလန်ကိုလည်း သွားရောက်မှာ ဖြစ်ပြီး နှစ်နိုင်ငံ ခရီး စဉ်အတွင်း Universal jurisdiction အရ နိုင်ငံအတွင်း တရားဥပဒေတွေအသုံးပြုပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ကို အရေးယူနိုင်မယ့် လုပ်ငန်းစဉ်တွေ ပေါ်ထွက်လာနိုင်ဖို့  ကြိုးစားဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဦးအောင်မျိုးမင်းက “ဩစတြေးလျနိုင်ငံပြီးရင် နယူးဇီလန်ကို ကျနော် သွားပါမယ်။ ဒီနိုင်ငံတွေမှာ ပေါ်လစီတွေ ပြောင်းဖို့တင်မကဘဲ ရက်စက်ယုတ်မာစွာ ရာဇဝတ်မှု ကျူးလွန်တဲ့ အကြမ်းဖက် စစ်အုပ်စုကို Universal Jurisdiction လို့ခေါ်တဲ့ နိုင်ငံတွင်းရဲ့ တရားဥပဒေကို သုံးပြီးတော့ အရေးယူနိုင်တဲ့ လုပ်ငန်းစဉ်တခု နှစ်နိုင်ငံလုံးမှာ ပေါ်ထွက်လာဖို့ ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ၊ အကြံပြုချက်တွေနဲ့ပတ်သက်ပြီး ပူးပေါင်းလုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေ ချမှတ်ဖို့ ဒီခရီးစဉ်ကို ကျင်းပတာ ဖြစ်ပါတယ်”လို့ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းရဲ့ ဒီခရီးစဉ်အတွင်း သြစတြေးလျတက္ကသိုလ်တွေမှာ လူထုနှီးနှောဖလှယ်ပွဲတွေ ကျင်းပသွားဖို့လည်း ရှိနေပါတယ်။ 

လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ခွန်းဗဟန်းထန်ကလည်း မြန်မာပြည်တွင်း လက်ရှိ ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ ဘယ်လက်နက် ကိုင်အဖွဲ့ပဲ ဖြစ်ဖြစ် မှတ်တမ်းယူ စိစစ်စုံစမ်းနေပြီး မတရားခံခဲ့ရတဲ့ ပြည်သူတွေအတွက် တရားမျှတမှု ဖော်ဆောင်ပေးသွားမယ်လို့ ပြောပါတယ်။ 

“ဘယ်ဘက်ပဲဖြစ်ဖြစ် မတရားအသတ်ခံရတာတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်တဲ့ ဘယ်အဖွဲ့အစည်းမဆိုရော၊ ပြည်သူ့ကာ ကွယ်ရေးတပ်တွေကိုလည်း ပြည်သူ့အစိုးရ NUG က Code of Conduct (ကျင့်ဝတ်စည်းကမ်း) ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေကို လိုက်နာဖို့ အတိအကျ ပြောထားပါတယ်။ ဒီလိုမျိုး ကျူးလွန်မှုရှိခဲ့တယ်ဆိုရင် လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ တနေ့ တချိန် တရားမျှတမှု ပြန်လည်ဖော်ဆောင်ရာမှာ ဘယ်သူပဲဖြစ်ဖြစ် ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု ပြန် လည်ဖော်ဆောင်ပေးဖို့ ကျနော်တို့ရဲ့ တာဝန်ဖြစ်တယ်။ ဒီလိုအခြေအနေတွေနဲ့ပတ်သက်ပြီး ဘယ်ဘက်ကပဲ ကျူးလွန် ကျူးလွန်၊ လူ့အခွင့် အရေးဝန်ကြီးဌာနက သက်သေအထောက်အထားနဲ့ တကွ သေချာမှတ်တမ်းတင်ပြုစုထားတယ်။”

၇ ရက်မနက်က   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်မှာ စစ်ဘေးရှောင်တွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေပေးအပ်ဖို့သွားတဲ့ အာဆီယံလူသားချင်းစာနာ မှုအကူအညီပေးရေး စင်တာ(AHA)ရဲ့ ယာဉ်တန်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး  အာဆီယံအစည်းအဝေးမတိုင်ခင်  စစ်ကောင်စီက တမင်သက်သက် နိုင်ငံရေးအရ ထိုးနှက်ချက်တခုအနေနဲ့ လုပ်ကြံဖန်တီး စွပ်စွဲတာလို့ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ခွန်းဗဟန်းထန်က ပြောပါတယ်။

“ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေ၊ NUG ကနေဖွဲ့စည်းထားတဲ့ ခုခံကာကွယ်ရေးတပ် PDF တွေလုပ်တယ်ဆိုပြီး စွပ်စွဲတာ ကျနော်တို့ တွေ့ရတယ်။ EROs တဖွဲ့ဖွဲ့က လုပ်တာလားဆိုတဲ့ပုံစံမျိုး သူတို့ စွပ်စွဲနေတာတွေ တွေ့ရတယ်။ တစ်အချက် ဒီဧရိယာထဲက အခုဖြစ် ပွားသွားတဲ့ နေရာက NUG ရဲ့ PDF တွေ လှုပ်ရှားတဲ့နေရာလည်း မဟုတ်သလို၊ လက်ရှိ စစ်ကောင်စီနဲ့ တိုက်နေတဲ့ EROs အဖွဲ့တွေ လှုပ်ရှားနေတဲ့ ဧရိယာလည်း မဟုတ်ဘူး။ ဒါကြောင့် အခုဖြစ်ပွားတဲ့နေရာက စစ်ကောင်စီနဲ့ PNO လို့ခေါ်တဲ့ ပအို့ဝ်အမျိုးသားကာကွယ်ရေးတပ်က ထိန်း ချုပ်ထားတဲ့ ဧရိယာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ စွပ်စွဲထားတွေနဲ့ပတ်သက်ပြီး ကျနော့်အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောချင်တာက ကျနော်တို့ဘက်က လုပ်တာ လုံးဝမဟုတ်ဘူးလို့ ပြောပြချင်တယ်။ ဒါက စစ်ကောင်စီက တမင်သက်သက် အာဆီယံအစည်းအဝေးမတိုင်ခင်မှာ နိုင်ငံရေးအရ ထိုးနှက်ချက်တခုအနေနဲ့ လုပ်ကြံဖန်တီး စွပ်စွဲတာလို့ ပြောချင်ပါတယ်။”

ဒီယာဉ်တန်းမှာ စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ  AHA Centre မှကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံနဲ့  စင်ကာပူနိုင်ငံသံရုံးတွေက ကိုယ်စားလှယ်တွေ လိုက်ပါလာတာဖြစ်ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘဲ မော်တော်ယာဉ်တစ်စီးမှာ လက်နက်ငယ်ကျည်တချို့ထိမှန်ခဲ့ပါတယ်။ Source: DVB

Buz Blogger May 12, 2023
Read more ...

 ရန်ကုန်တွင် စစ်တပ်မှ အရာရှိကြီးများ၊ အငြိမ်းစားဗိုလ်မှူးကြီးများနှင့် ရွေးကောက်ပွဲကော်မရှင်မှ ဒုတိယ ညွှန်ချုပ်တို့ သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် စစ်တပ်မှ အရာရှိများ၊ ရွေးကော်အဖွဲ့၀င်များ မိသားစု လိုက် နေပြည်တော်သို့ ပြောင်းရွှေ့မှုများပြုလုပ်ခဲ့ကြ ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်။



ထိုသို့အရာရှိအကြီးပိုင်းများ သေဆုံးမှုများကို စစ်ကောင်စီတပ်မှ သတင်းထိန်ချန်မှုများ၊ ဖုံးကွယ်မှု များပြုလုပ်ခဲ့သော်လည်း စစ်တပ်မှအငြိမ်းစားယူထားသူများနှင့် လက်ရှိ တာ၀န် ထမ်းဆောင်လျက်ရှိသည့် ရာထူးအကြီးပိုင်းမှမိသားစု၀င်များ မလုံခြုံတော့သဖြင့် နေပြည်တော်သို့ တိတ်တဆိတ်ပြောင်းရွှေ့နေကြသူများရှိသလို လုံခြုံရေးချပေးရန် တောင်းဆိုမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။
"ရွေးကောက်ပွဲကော်မရှင် အဖွဲ့၀င်တွေရော၊
ဒေါ်အောင်ဆန်းစုကြည် ကို တရားစွဲတဲ့အမှုမှာ ပါဝင်ခဲ့သူတွေရော ကြောက်ပြီး နေပြည်တော်ကိုပြောင်းကြ၊ အငြိမ်းစားဆိုပေမယ့် လက်ရှိ တပ်မတော်အတွက် လုပ်ပေးနေတဲ့ မိသားစုတွေရော လုံခြုံရေးတွေတောင်း၊ နေရာစီစဉ်ပေးဖို့တွေနဲ့ အတော်ဂယက်ရိုက်သွားတယ်"ဟု နေ ပြည်တော်စစ်ရုံးချုပ်မှ သတင်းရင်းမြစ်တစ်ဦးမှ ‌ဧရာ၀တီတိုင်းမ်ကို ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံရသည့် အမှုတွင် စစ်ကောင်းစီခန့် ဦးစိုင်းကျော်သူအပါအ၀င် ရွေးကောက်ပွဲကော်မရှင်မှ ၁၉ ဦး သက် သေထွက်ဆိုခဲ့ကြခြင်းဖြစ်သည်။
ထို့အပြင် ဒုညွှန်ချုပ်ဖြစ်သူ ဦးစိုင်းကျော်သူအသတ်ခံရပြီးနောက် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကော်မရှင်အဖွဲ့၀င်များနှင့် ဌာနဆိုင်ရာအကြီးအကဲများကို နေ့စဉ်ဆိုသလို အစည်းအဝေးများခေါ်ဆိုခြင်း များ၊ ခရီးသွားလာလျှင် ဌာနသို့အသိပေးကြရန်နှင့် ပြည်ထဲရေး ၀န်ကြီးဌာနထံမှ လုံခြုံရေးများတောင်းခံ ကြရန် အထက်မှအမိန့်ပေးပြောကြားမှုများရှိကြောင်း သိရသည်။
"အပြင်သွားတာမျိုးဆိုရင်လည်း ဌာနကိုအသိပေးပြီးမှ သွားကြဖို့နဲ့ မိသားစုတွေကို နေပြည်တော်ကိုခေါ်ထားဖို့ ညွှန်ကြားထားတာရှိတယ်။ နေပြည်တော်ထဲက လူကြီးတွေအပြင်ထွက်ရင်ဖြစ်ဖြစ်၊ ရန်ကုန်ကတပ်အရာရှိတွေဖြစ်ဖြစ်ပေါ့ သွားလာရင်သတိထားကြဖို့နဲ့ လုံခြုံရေးကို ဘယ်လိုစီမံကြမယ်ဆိုတာ နေ့တိုင်းစည်း ဝေးခေါ်တယ်"ဟု ၎င်းမှဆက်လက်ပြောသည်။
ဧပြီလ ၁၃ ရက် တပ်ရင်းမှူး အဆင့်ရှိသူ အမှတ် (၂) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဖြစ်သူ ဇင်မောင်လွင်၊ ဧပြီ ၁၈ ရက် နံနက်ပိုင်းက သန်လျင်မြို့၊ ထန်းပင်ကုန်းရပ်ကွက် တွင်နေထိုင်သည့် ခမရ-၄၅၆ ကွတ်ခိုင်တပ် ရင်းမှူးတာ၀န်ထမ်းဆောင်ခဲ့သည့် ဒုဗိုလ်မှူးကြီး (ငြိမ်း) အောင်ညီထွန်း၊ ဧပြီ ၂၂ ရက်နေ့က တောင်ဥက္ကလာပမြို့နယ်တွင် စစ်ကောင်စီခန့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) စိုင်းကျော်သူ၊ ဧပြီလ ၂၉ ရက် နံနက် ၁၀ နာရီခန့်က ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်တွင် ဗိုလ်မှူး(ငြိမ်း) ရဲမင်းသန်းတို့သည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

Source: ဧရာဝတီတိုင်းမ်
Buz Blogger May 10, 2023
Read more ...

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ရဲ့ နိုင်ငံရေး ဆိုင်ရာဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (ဒီပီအန်) က တနိုင်ငံလုံးအပစ်ရပ် လက်မှတ်ထိုးနိုင်ဖို့ အစိုးရထံ အဆိုပြုထားတဲ့ အချက် ၈ ချက်ထဲက ၄ ချက် သဘော တူညီမှုရရှိသွားပြီဖြစ်ပါတယ်။

တနိုင်ငံလုံးပစ်ခိုက်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) တနှစ်ပြည့် နှစ်ပတ်လည်နေ့က အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဒီပီအန် အဖွဲ့တို့ နေပြည်တော်မှာ ဆွေးနွေးကြပြီး နောက်သဘောတူညီမှုရရှိခဲ့တာပါ။

ဒါပေမယ့် သဘောတူညီမှုရခဲ့တဲ့ အချက်တွေဟာ ဘာတွေလဲ၊ သဘောမတူတဲ့ အချက်တွေဟာ ဘာတွေလဲဆိုတာကိုတော့ အများပြည်သူသိအောင် ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။

ဒီပီအန် အဖွဲ့ခေါင်းဆောင် ခူဦးရယ်ကတော့ ခုလို အချက် ၄ ချက် သဘောတူညီမှုရထားတာကြောင့် ကျန်တဲ့ ၄ ချက်ကို ငြိမ်းချမ်းရေးကော်မရှင်နဲ့ ကဏ္ဍအလိုက် ဆက်လက်ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

“၄ ချက်လောက်တော့ ကျနော်တို့ အကြမ်းဖျင်း သဘောတူထားကြပြီး ပြီပေါ့နော်။ အထူး သဖြင့်ကတော့ ကျနော်တို့ တချို့ကိစ္စရပ်တွေကို မူဘောင်သုံးထားတဲ့အဆင့်မှာ ကျနော်တို့သွားမယ်။ တချို့ကတော့ ကျနော်တို့ လာမယ့် ဂျီအမ်စီ (ပူးတွဲစောင့်ကြည့်ကော်မတီ) အစုအဖွဲ့နဲ့ တွေ့ဆုံပြီးတော့ ကိစ္စရပ်လေးတွေကိုတော့ တသီးတသန့်နေရာမှာ ဆွေးနွေးပြီးတော့ အဖြေရှာမယ်ဆိုတဲ့ သဘောမျိုးပေါ့။ ဥပမာ တပ်ဘက်ဆိုင်ရာ ကိစ္စရပ်ဆိုရင်တော့ တပ်ဘက်ဆိုင်ရာ ဂျီအမ်စီကိစ္စလိုမျိုးနဲ့ ပတ်သက်တဲ့ ကိစ္စကိုတော့ တသီးတသန့် ဆွေးနွေးမယ်ဆိုတဲ့ သဘောပေါ့နော်။”

ဒါ့အပြင် နိုင်ငံတကာရဲ့ ပါဝင်ပတ်သက်မှု ကိစ္စတွေကိုလည်း ဆွေးနွေးနေကြတယ်လို့ ခူဦးရယ်က ပြောပါတယ်။

“ပြဿနာ ဖြစ်ပေါ်လာလို့ ဖြေရှင်းတဲ့အခါမျိုးမှာ သူ့ဘက်ကိုယ့်ဘက် ပြောကြ ဆိုကြတဲ့ အခါမျိုးမှာ ကျနော်တို့ မျှတတဲ့အဖြေကောင်း မရဘူးပေါ့ဗျာ။ သမာသမတ် ကျကျနဲ့ အဖြေရယူနိုင်ဖို့အတွက် ကျနော်တို့ နိုင်ငံတကာ လူပုဂ္ဂိုလ်တွေ ကျနော်တို့ကို ယုံကြည်စိတ်ချ၊ ကျနော်တို့ နှစ်ဦးနှစ်ဖက် လက်ခံဦးမှပါနော်။ အဲလို လူပုဂ္ဂိုလ်တွေရဲ့ အကူအညီနဲ့ အဖြေရှာရင် ပိုပြီးတော့ သမာသမတ်ကျမလားဆိုတဲ့ ဟာမျိုးတွေ ကျနော် တို့ ဆွေးနွေးအဖြေရှာတာပါ။”

သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း အချက် ၈ ချက်ရှိတဲ့အထဲက ၄ ချက်ကို မူအားဖြင့် သဘောတူခဲ့ကြပြီး ဆက်ပြီးညှိနှိုင်းရမယ်ဆိုတာကို လက်ခံကြတယ်လို့ ပြောပါတယ်။

အပစ်မရပ်တိုင်းရင်းသားတွေ အဆိုပြုထားတဲ့ ၈ ချက်ထဲမှာ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြား အပစ်ရပ်ကြေညာပေးဖို့ကိစ္စ၊ ပူးတွဲအပစ်ရပ်စောင့်ကြည့်ရေးဆိုတဲ့ ဂျီအမ်စီ ခိုင်မာဖို့ ကိစ္စတွေပါဝင်တယ်လို့ သိရပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေကတော့ ၄ ကြိမ်လောက်ကျေကျေလည်လည် ဆွေးနွေးနိုင်ခဲ့တာကြောင့် ၈ ချက်ထဲက ၄ ချက်ဟာ နောက်တကြိမ် ဆွေးနွေးစရာမလိုတော့ လောက်အောင်ကို ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ပြီလို့ပြောပါတယ်။

“အချက် ၈ ချက်။ ဒီ ၈ ချက်လုံးကို ဒီပီအန် က အဆိုပြုတယ်။ ဒါကို ကျနော်တို့ ၄ခါလောက် ကျေေကျလည်လည် ဆွေးနွေးနေကြတယ်။ နောက်ဆုံးဆွေးနွေးပွဲ အောက်တိုဘာ ၁၅ မှာတော့ ၄ ချက်ကိုတော့ ကျနော်တို့ဘက်က ထပ်ပြီးတော့ ဆွေးနွေးဖို့ မလိုအပ်ဘူးဆိုတဲ့ သဘောမျိုးအထိပေါ့လေ။ သဘောတူနိုင်ခဲ့တယ်လို့တော့ ကျနော်တို့ ပြောလို့ရတယ်။ ကျန်တဲ့ ကျန်တဲ့လေးချက်ကတော့ ဆွေးနွေးနေဆဲဖြစ်တဲ့ အတွက်မို့ ဆွေးနွေးပွဲတွေ ပြီးသွားရင်တော့ ကျနော်တို့ဘက်က ပြန်တင်ပြနိုင်မယ်လို့ ထင်ပါတယ်။”

အစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး မူဝါဒကို ထုတ်ပြန်ခဲ့ပြီး အဲဒီထဲမှာ ဖွဲ့စည်းပုံပြင်ပြီး ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်လို့ အတိအလင်း ထုတ်ပြောထားပါတယ်။

လတ်တလောမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၈ ဖွဲတို့ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် အန်စီအေမှာ လက်မှတ်ထိုးထားကြပြီး ယူအန်အက်ဖ်စီ အဖွဲ့ဝင်တွေ ဖြစ်တဲ့ လက်နက်ကိုင် ၇ ဖွဲ့ လက်မှတ်ထိုးဖို့ ကျန်ရှိနေပါသေးတယ်။
http://burmese.dvb.no/archives/172833
Unknown October 20, 2016
Read more ...

ဦးအေးသာအောင် ကို VOA မှ ဦးကျော်ဇံသာ မေးမြန်း
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ရခိုင်အမျိုးသားပါတီက အမတ်တဦးကို ပြည်နယ်ဝန်ကြီးချုပ်ရာထူး မပေးရင် သူတို့ပါတီဟာ NLD အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘဲ အတိုက်အခံအဖြစ် ရပ်တည်မယ်ဆိုတဲ့ ကြေညာချက်ဟာ မြန်မာ့နိုင်ငံရေးမှာရော ANP ပါတီတွင်းမှာပါ ဂယက်ရိုက်နေတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်၊ ကြေညာချက်အတွက် သူ့ကိုအသိပေးခြင်း တိုင်ပင်ခြင်း လုံးဝမရှိခဲ့ဘူး၊ ဗဟိုအလုပ်အမှုဆောင် အများစုရဲ့သဘောထားကိုလဲ ရယူခဲ့ခြင်း မရှိခဲ့ဘူးလို့ ANP အကြီးအကဲတဦးလဲဖြစ် ပေါင်းစည်းပါဝင်နေတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်လဲဖြစ်တဲ့ ဦးအေးသာအောင်က ဆိုပါတယ်။ ဒီပြသနာကို ဘယ်လိုဖြေ ရှင်းကြမလဲ၊ ပါတီ နှစ်ခြမ်းကွဲတဲ့အထိ ပြဿနာ ကြီးထွားလာနိုင်သလားဆိုတာ ဦးအေးသာအောင် နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
Unknown January 29, 2016
Read more ...
တက္ကသိုလ်နှစ်ဝက် စာမေးပွဲနီးနေလို့ ဒီမနက်စောစော ဘုရားကြီးတောင်ဘက်မုခ်၊ အသောကာရာမတိုက်အတွင်းရှိ မိတ်ဆွေရဟန်းတို့ထံသွားပြီး စာတမ်းဖတ်ပွဲသွားလုပ်ဖြစ်တယ်။ ကံဆိုးတာက ဒီနေ့မှာပဲ ဘုရားကြီးမြောက်ဘက်မုခ်၊ ဘောလုံးကွင်းထဲမှာ မျိုးစောင့်ဥပဒေအောင်ပွဲဆိုပြီး သင်္ကန်းဝတ်အချို့နဲ့ လူပုဂ္ဂိုလ်အချို့က လော်စပီကာကြီးတွေ အစွမ်းကုန်ဖွင့်ပြီး မဟာမြတ်မုနိကိုယ်တော်ကြီးမှ အားမနာ (ငါတို့အရိုး စည်းရိုးထိုးပြီး ကာမယ်ဆိုလား ဘာလား) အဲဒီသီချင်းတွေဖွင့်ပြီး ပါတ်ဝန်းကျင်ကို သောတအာရုံ ဒုက္ခပေးနေလို့ မိတ်ဆွေရဟန်းရဲ့ အခန်းတံခါးကို အလုံပိတ်ခိုင်းခဲ့ရတယ်။
Unknown September 22, 2015
Read more ...

Irrawaddy: Looking back at 2014, developments in Myanmar at times felt like watching a shoddily produced Hollywood science fiction film, with a poor script, meandering plot and bad acting to boot. The rise of communal violence, a clampdown on media freedoms, renewed fighting in ethnic regions and intense political jockeying dominated the year.
Unknown December 30, 2014
Read more ...

Influential parliamentarians say a National League for Democracy petition is likely to be taken into account by MPs when they consider constitutional reform.

The comments contradict Pyidaungsu Hluttaw Speaker Thura U Shwe Mann’s assertion earlier this month that the committee drafting a constitutional amendment bill will take no notice of the petition campaign.
Unknown July 09, 2014
Read more ...
MML Blog - Myanmar 2008 Constitution to be reviewed : According to the confirmed source, two houses of Myanmar parliament has agreed unanimously Wednesday to look at the charter, which many consider undemocratic, and consider whether to implement changes. The reversed constitution may allow opposition leader Aung San Suu Kyi to take the presidency and ethnic minorities increased self-rule.

Unknown March 20, 2013
Read more ...
Yangon (MLB) - "The first party congress of National League for Democracy (NLD), Myanmar" : according to NLD political party, also known as the opposition party led by Nobel laureate Aung Sang Suu Kyi, the party's first ever national congress to be held on March 8 to 10, 2013, reflecting the dramatic political changes sweeping Myanmar.


"It will be the NLD's first nationwide conference held in democratic conditions since the party was founded (in 1988)," NLD lawmaker and party spokesman Ohn Kyaing told AFP. Around 1,500 delegates were expected to attend, he said.
Unknown February 11, 2013
Read more ...
(Yangon) : Myanmar government has welcomed a ceasefire and peace talks with the Kachin Independence Organization (KIO) in the Kachin state.
The government said the proposal could lead to the resumption of peace talks following weeks of renewed violence in a region that borders China and India.
At the same time, a source close to MyanmarLife said that
Kachin's a new round of peace talks with Burmese government will be hosted by Chinese government in Ruili Town on 4th Feb 2013. The Chinese government will take a role as a witness and mediate during the meeting.
Unknown February 02, 2013
Read more ...
(Seoul, South Korea) - Aung San Suu Kyi arrived at Incheon International Airport in Incheon, west of Seoul, South Korea today and was welcomed by local and Myanmar communities. Photo courtesy of Joint Committee For Daw Aung San Suu Kyi's Trip in Korea.
Unknown January 28, 2013
Read more ...
(Photos) In order to really stop War in Kachin, today (21 Jan, 2013) , peace march by youth from Yangon to Laiza (Kachin State, Myanmar) has started and joint by some respected Buddhist monks.



Unknown January 20, 2013
Read more ...
(Myanmar Parliament) : The Lower House has decided to approve the proposal to "Stop War in Kachin Immediately" today on the 18th January 2013.



လွှတ်တော်နှစ်ရပ်တွင် ကချင်စစ်ပွဲအရေး အရေးကြီးအဆိုများတင်သွင်းပြီး အတည်ပြုရန် ဆုံးဖြတ်

နေပြည်တော် - ဇန်န၀ါရီ ၁၈

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ၊ တတိယနေ့တွင် အစည်းအဝေးများတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးခက်ထိန် နန် နှင့် ဒေါ်ဒွဲဘူတို့က ကချင်စစ်ပွဲများ အရေးနှင့် ပတ်သက်၍ အရေးကြီး အဆိုများ အသီးသီး တင်သွင်းခဲ့ကြပြီး အတည်ပြုရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

Unknown January 18, 2013
Read more ...
Following the current war between Myanmar government forces and Kachin ethnic minority rebels, China has urged an immediate ceasefire after an artillery shell flew over the border and landed inside China for the second time since late December.

China's Foreign Ministry spokesman, Hong Lei, said the shell landed 500 metres inside China on Tuesday, .... and made immediate emergency representations to Myanmar, expressed strong concern and dissatisfaction with the situation, and demanded that Myanmar earnestly investigate and adopt a series of measures to prevent further similar occurrences.
Unknown January 17, 2013
Read more ...
The statement of Shan Nationalities League for Democracy over current war in Kachin State, Myanmar.


Unknown January 16, 2013
Read more ...
During the interview with reporters, Aung San Suu Kyi said that "I think the monks need an apology" and held separate meetings with officials from the mine operator followed by police and local residents opposed to the project.



In a sign of spreading tensions, about 200 monks staged a rally in the central city of Mandalay on Friday demanding an apology from the government. "We strongly condemn the crackdown on the monks. Many were seriously injured," monk Thawbita, one of the leaders of the protest at a pagoda in Mandalay, told AFP by telephone. "This kind of sit-down protest by monks will continue around the country in the coming days until they apologise," he said.
Unknown November 30, 2012
Read more ...
NEW DELHI (India): We have collected photos of Myanmar democracy icon and opposition leader Aung San Suu Kyi who is currently in India for a five-day visit.



Unknown November 14, 2012
Read more ...
WASHINGTON: The senior White House officials were met by International human rights activists yesterday to press U.S President Barack Obama to take a tough line with leaders in Myanmar and Cambodia during his visit to Southeast Asia from November 17-20. And a senior administration official told Reuters that "We of course intend to raise human rights issues in both Burma and Cambodia."

Unknown November 13, 2012
Read more ...
Myanmar government official said that the U.S re-elected President Barack Obama will be in Yangon, Myanmar but there is no confirmed trip so far from the white house, as quoted from the source. Although further details were not adding for security concerns, the source reported that;
"Obama will come to Yangon on November 19. He will meet with the President and Daw (honoric) Aung San Suu Kyi here"
Unknown November 07, 2012
Read more ...
Thaksin Shinawatra, the fugitive former prime minister of Thailand, to visit the Myanmar border town of Tachilek opposite Mae Sai district of Chiang Rai on Tuesday for four or five days. He is planning to visit the Tachilek Shwedagon Pagoda, which was built as a replica of the country's most famous shrine in Yangon.

Unknown October 26, 2012
Read more ...