(Myanmar Parliament) : The Lower House has decided to approve the proposal to "Stop War in Kachin Immediately" today on the 18th January 2013.
လွှတ်တော်နှစ်ရပ်တွင် ကချင်စစ်ပွဲအရေး အရေးကြီးအဆိုများတင်သွင်းပြီး အတည်ပြုရန် ဆုံးဖြတ်
နေပြည်တော် - ဇန်န၀ါရီ ၁၈
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ၊ တတိယနေ့တွင် အစည်းအဝေးများတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးခက်ထိန် နန် နှင့် ဒေါ်ဒွဲဘူတို့က ကချင်စစ်ပွဲများ အရေးနှင့် ပတ်သက်၍ အရေးကြီး အဆိုများ အသီးသီး တင်သွင်းခဲ့ကြပြီး အတည်ပြုရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
အမျိုးသားလွှတ်တော်တွင် ကချင်မဲဆန္ဒနယ် အမှတ် ၁မှ ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး အမျိုးသားလွှတ်တော်တိုင်းရင်းသား ရေးရာကော်မတီ၏ အတွင်းရေးမှူးလည်းဖြစ်သူ ဦးခက်ထိန်နန်၏ အဆိုမှာ “ပြည်တွင်းငြိမ်း ချမ်းရေးနှင့် ပတ်သက်၍ ထာဝရ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် နှစ်ဦးနှစ်ဖက် ယုံကြည်မှုရရှိနိုင်မည့် ခိုင်မာသော အခြေခံမူများ သတ်မှတ်ပေးရေး ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း ” အဆိုဖြစ်သည်။
ပြည်သူ့လွှတ်တော်တွင် ကချင်ပြည်နယ် အင်ဂျန်းယန်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူတင်သွင်းခဲ့သော အဆိုမှာလည်း ကချင်စစ်ပွဲများ ရပ်တန့်ရေး အရေးကြီးအဆိုဖြစ်ပြီး အဆိုပါ အရေးကြီးအဆိုမှာ "ပြည်တွင်းငြိမ်း ချမ်းရေး ဖော်ဆောင်ရန်အတွက် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော KIO/KIA နှင့် အစိုးရတပ်များအကြား ပစ်ခတ် တိုက်ခိုက်မှုများအား ချက်ချင်းရပ် ဆိုင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အမြန်ဆုံး စတင်ဆောင်ရွက်ကြ ရန် ပြည်သူ့လွှတ်တော်မှ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများနှင့် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်းကို လွှတ်တော်မှ အတည်ပြုရေး" အဆိုဖြစ်သည်။
Source: 7Day News Journal


No comments: