Results for Knowledge
ဂျပန်ကို အလည်ရောက်နေတဲ့ ရက်တွေအတွင်း ဂျပန်နိုင်ငံမှာ နေတာကြာတဲ့ လူတော်တော်များများနဲ့ စကားပြောဖြစ်ခဲ့တယ်။ တချို့တွေလဲ ဂျပန်မှာနေတာ အနှစ် ၃၀ တောင်ကျော်နေပြီ။ 

အာရှနိုင်ငံတွေကတော့ အနောက်နိုင်ငံတွေနဲ့ ယှဉ်ရင် လူ့အခွင့်အရေး နဲတတ်ကြပါတယ်။ American Dream ရှိတဲ့ ဂျပန်က တချို့တွေက အမေရိကန်နိုင်ငံမှာ နေထိုင်ချင်ကြတယ်။ တချို့ကျတော့လဲ ဘဝကို အစကပြန်စရမှာ စဉ်းစားပြီး အပြောင်းအလဲ မလုပ်ချင်ကြဘူး။ 

Turning points ဆိုတာ ဘဝမှာ တဆစ်ချိုးပြောင်းလဲဖို့ အားယူဆုံးဖြတ်ရတဲ့ စွမ်းအားတစ်မျိုးပါပဲ။ ဘဝမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချဖို့ Turning Point ရောက်ပြီဆိုတာ ဘယ်လိုသိနိုင်မလဲ? အခုရောက်နေတဲ့ နေရာမှာ၊ လုပ်နေတဲ့ အလုပ်မှာ မပျော်တော့တာ၊ ငြီးငွေ့လာတာ၊ အသစ်တခုကို ပြောင်းလဲချင်တာ...

Turning Point မှာ ဆုံးဖြတ်ချက်က အရေးကြီးပါတယ်။ ဆုံးဖြတ်ချက်မှန်ရင် Miracle ထူးခြားကောင်းမွန်တဲ့ ပြောင်းလဲမှု ဖြစ်နိုင်သလို၊ ဆုံးဖြတ်ချက်မှားရင် Mess အရှုပ်ထုတ်တွေနဲ့ ပိုစိတ်ညစ်ရတတ်တယ်။ တချို့လူတွေအတွက် ဘဝအပြောင်းအလဲဆိုတာ roller coaster ride လိုပဲ အတက်အဆင်းကြမ်းတယ်။ ဒါပေမယ့် ကြုံတွေ့ရတဲ့ အခက်အခဲတွေကို အကောင်းဘက်ကြည့်ပြီးတောင့်ခံမယ်ဆိုရင် ချောမွေ့တဲ့ silver lining ဘဝမျိုးကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ 

Miracle ထူးခြားကောင်းမွန်တဲ့ ပြောင်းလဲမှုတွေဖြစ်ဖို့ အတွေ့အကြုံတွေကနေ character တည်ဆောက်ပြီး မိမိကိုယ်ကို ယုံကြည်မှုရှိမယ်ဆိုရင် ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် Survive ဖြစ်ရှင်သန်နိုင် ရုံသာမကဘဲ Thrive ဖြစ်ကြီးပွါးတိုးတက်ပါလိမ့်မယ်။

မိုးကတော့ Turning Point မှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကြောင့် အခုအချိန်မှာ ပိုမိုပျော်ရွှင် ပိုမို စိတ်ဓာတ်ကြံ့ခိုင်ပြီး သန်မာသူတယောက် ဖြစ်လာတာပါ။ အခုလက်ရှိနေနေတဲ့နေရာ၊ ရောက်နေတဲ့ဘဝ၊ လုပ်နေတဲ့ အလုပ်၊ တွဲနေတဲ့ ချစ်သူရည်းစား နဲ့ အဆင်ပြေနေလား? Turning Point ပြောင်းလဲဖို့ အချိန်တန်ပြီလို့ ယူဆပါသလား? ပြောင်းလဲဖို့ရော သတ္တိရှိပါသလား? ပြောပြပေးကြပါဦးနော်။ 

(ပုံလေးကတော့ ကမ္ဘာပေါ်မှာ အမြင့်ဆုံး 634 meters မြင့်တဲ့ ဂျပန်က Skytree Tower ပါ။ ) ချစ်ခြင်းများစွာဖြင့် စာရေးသူ: Moe from America
https://www.youtube.com/channel/UCJteZqM1ZCdbPGcnDumKiMg
Buz Blogger May 10, 2023
Read more ...

Marine အင်ဂျင်များဟာ သင်္ဘောများကို စွမ်းအင်ပေးဖို့အတွက် မရှိမဖြစ်လိုအပ်ပြီး အဆိုပါအင်ဂျင်များရဲ့ အရွယ်အစားနှင့် ပါဝါများဟာလည်း နှစ်များတစ်လျှောက် သိသာထင်ရှားစွာ တိုးတက်လာခဲ့ပါတယ်။ ဒီထဲကမှ Wärtsilä-Sulzer RTA96-C ဟာ တည်ဆောက်ခဲ့သမျှထဲမှာ အကြီးဆုံး marine အင်ဂျင်ကြီးဖြစ်ပါတယ်။ အဆိုပါအင်ဂျင်ကို Finnish engineering ယာကုမ္ပဏီ Wärtsilä နဲ့ Swiss စက်မှုကုမ္ပဏီ Sulzer တို့က ၂၀၀၀ ခုနှစ်အစောပိုင်းမှာ တီထွင်ခဲ့တာဖြစ်ပါတယ်။



၎င်းဟာ အရှည် ၈၉ ပေ၊ အမြင့် ၄၄ ပေ ရှိပြီး တန်ချိန် ၂၃၀၀ အလေးချိန်ရှိသော two-stroke turbocharged ဒီဇယ်အင်ဂျင်ဖြစ်ပါတယ်။ အင်ဂျင်ဟာ အလွန်ကြီးမားတဲ့အတွက်ကြောင့် ၎င်းကိုနေရာချဖို့ သင်္ဘောပေါ်မှာ သီးသန့်အခန်းတစ်ခု လိုအပ်ပါတယ်။ Wärtsilä-Sulzer RTA96-C ကို Emma Maersk နှင့် Marco Polo တို့လိုမျိုး ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘောများကို စွမ်းအားပေးဖို့အတွက် အသုံးပြုခဲ့ပါတယ်။ မြင်းကောင်ရေ 109,000 (HP) စွမ်းအားရှိပြီး သင်္ဘောတစ်စီးကို 27 knots အထိ အမြန်နှုန်းဖြင့် တွန်းအားပေးနိုင်ပါတယ်။

ဤမျှမယုံကြည်နိုင်လောက်အောင် ပါဝါထွက်ရှိမှုကို ရရှိဖို့အတွက် အင်ဂျင်မှာ turbochargers ခြောက်ခုကို အသုံးပြုထားပြီး တစ်ခုစီဟာ ကားအင်ဂျင်နီးပါး ကြီးမားပါတယ်။ တစ်နာရီကို ဆီဂါလံ 1,660 ခန့် ကုန်ကျပြီး ကြီးကြီးမားမား ပြုပြင်မွမ်းမံခြင်းမရှိဘဲ နာရီ 80,000 အထိ ဆက်တိုက် လည်ပတ်နိုင်ပါတယ်။ Wärtsilä-Sulzer RTA96-C ဟာ လူသားတို့ရဲ့အင်ဂျင်နီယာနည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သက်သေတစ်ခုဖြစ်ပါတယ်။ အချုပ်အားဖြင့်ဆိုရသော် Wärtsilä-Sulzer RTA96-C ဟာ လုပ်ဖူးသမျှထဲမှာ အကြီးဆုံး marine အင်ဂျင်ဖြစ်ပြီး ၎င်းရဲ့ အထင်ကြီးလောက်စရာ အရွယ်အစားနဲ့ ပါဝါဟာ ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘောများရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ကြီးမားသောအရွယ်အစား၊ စွမ်းအားမြင့်မားမှုနှင့် ထူးထူးခြားခြား အင်ဂျင်နီယာပညာတို့က လူသားတို့ရဲ့ ဆန်းသစ်တီထွင်မှုနောက်ကွယ်က တကယ့်အံ့ဖွယ်ကောင်းမှုကို ဖြစ်စေပါတယ်။




Source: Ga Mone Pwint - GMP Motors
Buz Blogger May 10, 2023
Read more ...