ဘဝမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချဖို့ Turning Point

ဂျပန်ကို အလည်ရောက်နေတဲ့ ရက်တွေအတွင်း ဂျပန်နိုင်ငံမှာ နေတာကြာတဲ့ လူတော်တော်များများနဲ့ စကားပြောဖြစ်ခဲ့တယ်။ တချို့တွေလဲ ဂျပန်မှာနေတာ အနှစ် ၃၀ တောင်ကျော်နေပြီ။ 

အာရှနိုင်ငံတွေကတော့ အနောက်နိုင်ငံတွေနဲ့ ယှဉ်ရင် လူ့အခွင့်အရေး နဲတတ်ကြပါတယ်။ American Dream ရှိတဲ့ ဂျပန်က တချို့တွေက အမေရိကန်နိုင်ငံမှာ နေထိုင်ချင်ကြတယ်။ တချို့ကျတော့လဲ ဘဝကို အစကပြန်စရမှာ စဉ်းစားပြီး အပြောင်းအလဲ မလုပ်ချင်ကြဘူး။ 

Turning points ဆိုတာ ဘဝမှာ တဆစ်ချိုးပြောင်းလဲဖို့ အားယူဆုံးဖြတ်ရတဲ့ စွမ်းအားတစ်မျိုးပါပဲ။ ဘဝမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချဖို့ Turning Point ရောက်ပြီဆိုတာ ဘယ်လိုသိနိုင်မလဲ? အခုရောက်နေတဲ့ နေရာမှာ၊ လုပ်နေတဲ့ အလုပ်မှာ မပျော်တော့တာ၊ ငြီးငွေ့လာတာ၊ အသစ်တခုကို ပြောင်းလဲချင်တာ...

Turning Point မှာ ဆုံးဖြတ်ချက်က အရေးကြီးပါတယ်။ ဆုံးဖြတ်ချက်မှန်ရင် Miracle ထူးခြားကောင်းမွန်တဲ့ ပြောင်းလဲမှု ဖြစ်နိုင်သလို၊ ဆုံးဖြတ်ချက်မှားရင် Mess အရှုပ်ထုတ်တွေနဲ့ ပိုစိတ်ညစ်ရတတ်တယ်။ တချို့လူတွေအတွက် ဘဝအပြောင်းအလဲဆိုတာ roller coaster ride လိုပဲ အတက်အဆင်းကြမ်းတယ်။ ဒါပေမယ့် ကြုံတွေ့ရတဲ့ အခက်အခဲတွေကို အကောင်းဘက်ကြည့်ပြီးတောင့်ခံမယ်ဆိုရင် ချောမွေ့တဲ့ silver lining ဘဝမျိုးကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ 

Miracle ထူးခြားကောင်းမွန်တဲ့ ပြောင်းလဲမှုတွေဖြစ်ဖို့ အတွေ့အကြုံတွေကနေ character တည်ဆောက်ပြီး မိမိကိုယ်ကို ယုံကြည်မှုရှိမယ်ဆိုရင် ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် Survive ဖြစ်ရှင်သန်နိုင် ရုံသာမကဘဲ Thrive ဖြစ်ကြီးပွါးတိုးတက်ပါလိမ့်မယ်။

မိုးကတော့ Turning Point မှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကြောင့် အခုအချိန်မှာ ပိုမိုပျော်ရွှင် ပိုမို စိတ်ဓာတ်ကြံ့ခိုင်ပြီး သန်မာသူတယောက် ဖြစ်လာတာပါ။ အခုလက်ရှိနေနေတဲ့နေရာ၊ ရောက်နေတဲ့ဘဝ၊ လုပ်နေတဲ့ အလုပ်၊ တွဲနေတဲ့ ချစ်သူရည်းစား နဲ့ အဆင်ပြေနေလား? Turning Point ပြောင်းလဲဖို့ အချိန်တန်ပြီလို့ ယူဆပါသလား? ပြောင်းလဲဖို့ရော သတ္တိရှိပါသလား? ပြောပြပေးကြပါဦးနော်။ 

(ပုံလေးကတော့ ကမ္ဘာပေါ်မှာ အမြင့်ဆုံး 634 meters မြင့်တဲ့ ဂျပန်က Skytree Tower ပါ။ ) ချစ်ခြင်းများစွာဖြင့် စာရေးသူ: Moe from America
https://www.youtube.com/channel/UCJteZqM1ZCdbPGcnDumKiMg

No comments: