Marine အင်ဂျင်များဟာ သင်္ဘောများကို စွမ်းအင်ပေးဖို့အတွက် မရှိမဖြစ်လိုအပ်ပြီး အဆိုပါအင်ဂျင်များရဲ့ အရွယ်အစားနှင့် ပါဝါများဟာလည်း နှစ်များတစ်လျှောက် သိသာထင်ရှားစွာ တိုးတက်လာခဲ့ပါတယ်။ ဒီထဲကမှ Wärtsilä-Sulzer RTA96-C ဟာ တည်ဆောက်ခဲ့သမျှထဲမှာ အကြီးဆုံး marine အင်ဂျင်ကြီးဖြစ်ပါတယ်။ အဆိုပါအင်ဂျင်ကို Finnish engineering ယာကုမ္ပဏီ Wärtsilä နဲ့ Swiss စက်မှုကုမ္ပဏီ Sulzer တို့က ၂၀၀၀ ခုနှစ်အစောပိုင်းမှာ တီထွင်ခဲ့တာဖြစ်ပါတယ်။
၎င်းဟာ အရှည် ၈၉ ပေ၊ အမြင့် ၄၄ ပေ ရှိပြီး တန်ချိန် ၂၃၀၀ အလေးချိန်ရှိသော two-stroke turbocharged ဒီဇယ်အင်ဂျင်ဖြစ်ပါတယ်။ အင်ဂျင်ဟာ အလွန်ကြီးမားတဲ့အတွက်ကြောင့် ၎င်းကိုနေရာချဖို့ သင်္ဘောပေါ်မှာ သီးသန့်အခန်းတစ်ခု လိုအပ်ပါတယ်။ Wärtsilä-Sulzer RTA96-C ကို Emma Maersk နှင့် Marco Polo တို့လိုမျိုး ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘောများကို စွမ်းအားပေးဖို့အတွက် အသုံးပြုခဲ့ပါတယ်။ မြင်းကောင်ရေ 109,000 (HP) စွမ်းအားရှိပြီး သင်္ဘောတစ်စီးကို 27 knots အထိ အမြန်နှုန်းဖြင့် တွန်းအားပေးနိုင်ပါတယ်။





No comments: