စစ် နှင့် ငြိမ်းချမ်းရေး
ညဆိုအမြဲ ကြောက်ရွံ့ဆဲ အိပ်မပျော် တုန်လှုပ်ခြင်းများထဲ
ဗုံးတွေကွဲ သေနပ်သံထဲ အနားမှာ အဖေအမေလဲ မရှိခဲ့
ကလေးလေးတွေရယ် ကြောက်လန့်နေတယ်
ညညဆို ကျိတ်ပြီးတော့ မျက်ရေဝဲ
နိုးလာခဲ့ မနက်တွေလဲ ညအချိန်အိမ်ပြန်ရောက်ဖို့ရယ်
မသိပေမယ့် အပြုံးတွေနဲ့ ဖုံးကွယ် ဟန်ဆောင်နှုတ်ဆက်ခဲ့
သိနှင့်နေတယ် ပြောမထွက်နိုင်တယ်
နှလုံးသားတွေ ကြေကွဲရင်း ကျွမ်းလောင်ဆဲ
CHO: စစ်တစ်ခုဖြစ်တာနဲ့ အရင်ဆုံးပေးဆပ်ရတာ အပြစ်မဲ့တဲ့ ကလေးတွေ ဆိုတာ ပြန်စဉ်းစားသင့်တယ်
မရက်စက်ကြပါနဲ့ ရှင်းသန့်တဲ့ အိပ်မက်တွေ လှပတဲ့ ဖူးပွင့်ခွင့်လေးတော့ ပေးသင့်ပါတယ် ...
အလင်းရောင်မဲ့ အနာဂါတ်တွေထဲ ဖေးကူဘယ်သူလမ်းပြမလဲ
မသိနိုင်ခဲ့ အားအင်မဲ့ နေ့တွေ ကျော်ဖြတ်ရင်းနဲ့ဘဲ
မွန်းကျပ်နေတယ် ဆို့နင့်နေတယ်
တို့ဘဝတွေ ဘယ်လိုရှေ့ဆက်ရပါ့မလဲ ...
CHO:
SOLO:
နိုးလာခဲ့ မနက်တွေလဲ ညအချိန်အိမ်ပြန်ရောက်ဖို့ရယ်
မသိပေမယ့် အပြုံးတွေနဲ့ ဖုံးကွယ်ဟန်ဆောင်နှုတ်ဆက်ခဲ့
ကလေးလေးတွေရယ် ကြောက်လန့်နေတယ်
ညညဆို ကျိတ်ပြီးတော့ မျက်ရေဝဲ
CHO:
FADE OUT:
(မေမေ ... မေမေရော .... မေမေ ..... )
စစ် ဆိုတဲ့ အရာတိုင်းဟာ ...
လူကြီးတွေ ရဲ့ မိုက်မဲမှု ကနေ စတင်ပြီးတော့ ...
ကလေးတွေရဲ့ ပေးဆပ်ရခြင်းနဲ့ အမြဲ အဆုံး သပ်ခဲ့ပါတယ် ...
ကျွန်တော်တို့ စစ်မဖြစ်လို့မရဘူးလားဗျာ ...
စစ်မဖြစ်လို့မရဘူးလား ...........
by Myo Chit Myanmar (http://myochitmyanmar.blogspot.com)
No comments: