Results for Kachin

 ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်က စစ်ကောင်စီစခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ ပူးပေါင်းအဖွဲ့တွေ ဇန်နဝါရီ ၆ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။


ခေါင်းလန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပူးပေါင်းတပ်စွဲထားတဲ့ ခရန်ထီဒမ်း စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ပြောရေးဆိုခွင့်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ခေါင်လန်ဖူးမြို့နယ်က ခရန်ထီဒမ်းစခန်းကို ဇန်နဝါရီ ၆ ရက်နေ့က မနက်မှာ ဝင်တိုက်ခဲ့တာပါ၊ နေ့လယ်လောက်မှာ စခန်းကို သိမ်းနိုင်ခဲ့ပါတယ်။ နှစ်ဖက်လုံးမှာ ထိခိုက်မှုတွေရှိပြီး စစ်ကောင်စီဘက်က ထိခိုက်မှု ပိုများပါတယ်၊ အဲစခန်းမှာ ပြည်သူ့စစ်အဖွဲ့ဝင်တွေ အများစုရှိနေပြီး စခန်းကိုတော့ စစ်ကောင်စီတပ်က ကွပ်ကဲနေတာပါ၊ တိုက်ပွဲဖြစ်လို့ စစ်ကူရောက်လာသူတွေနဲ့ဆို အားလုံးခုနစ်ဆယ်လောက်ရှိနေမယ်လို့ ခန့်မှန်းပါတယ်၊ အခုတော့ အားလုံးစခန်းကို စွန့်ခွာထွက်ပြေးသွားကြပါပြီ"

စစ်ကောင်စီက‌ လေကြောင်းအသုံးပြု ခုခံတိုက်ခိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။ တိုက်ပွဲအတွင်း KIA နဲ့ ပူးပေါင်းအဖွဲ့တွေက အဖွဲ့ဝင် သုံးဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့ပေမဲ့ စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာဟာ ဆက်သွယ်ရေးခက်ခဲတဲ့နေရာဖြစ်တာကြောင့် အခြေအနေ အသေးစိတ်ကို သိရဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီ စခန်းသိမ်းခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF)နဲ့ ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Putao PDF) တို့ ပူးပေါင်း သိမ်းပိုက်ခဲ့တာပါ။

KIA နဲ့ ပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာထဲမှာလည်း မချမ်းဘော့မြို့နယ်က အင်ခါဂါး စစ်ကောင်စီစခန်းကိုလည်း သိမ်းပိုက်ခဲ့ကြောင်း Putao PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Source: RFA Burmese

Buz Blogger January 09, 2024
Read more ...

ကချင်ပြည်နယ်၊ ဖားကန့် ဒေသတွင် မကြာသေးမီက တူးဖော်တွေ့ရှိခဲ့သည့် ကျောက်စိမ်း တုံးကြီးသည် ကျောက်စိမ်းအရိုင်းတုံး တစ်တုံးအနေဖြင့် ကမ္ဘာပေါ် တွင် တန်ဖိုးအမြင့်ဆုံး ဖြစ်လာဖွယ်ရှိကြောင်း သိရသည်။

အလျား ၁၈ ပေ၊ အကျယ် ၁၈ ပေ၊ အမြင့် ၉ ပေရှိပြီး ၁၇၅တန်မျှ အလေးချိန်ရှိသည့် ကျောက်စိမ်းတုံးကြီး၏ တန်ဖိုးသည် ဒေါ်လာ သန်း ၁၇၀ မျှ ရှိမည်ဟု ခန့်မှန်းရသည်။ ယင်းသည် တစ်စုတစ်စည်းတည်း ရှိနေသည့် ကျောက်စိမ်းအပိုင်းအစတစ်ခုအနေဖြင့် ကမ္ဘာပေါ်တွင် တန်ဖိုးအမြင့်ဆုံးဟု ဆိုနိုင်မည်ဖြစ်သည်။

လူမှုကွန်ရက်များတွင် ဖားကန့်လွှတ်တော်အမတ် ဦးတင့်စိုးက အဆိုပါကျောက်စိမ်းတုံးကြီး နှင့် ယှဉ်တွဲပြီး ရိုက်ထားသည့် ဓာတ်ပုံများပျံ့နှံ့ခဲ့ရာ အဆိုပါ ကျောက်မျက်ရိုင်းကြီး၏ ကြီးမား သော ထုထည်ပမာဏကို ရှင်း လင်းစွာ တွေ့မြင်နိုင်သည်။ အဆိုပါ ကျောက်စိမ်းတုံးကြီးကို သန့်စင်ပြီးပါက အရောင်ရော အရည်အသွေးပါ ကောင်းမွန်သည့် အမျိုးအစားအဖြစ် ပေါ်ထွက်လာမည်ဟု သိရသည်။

လတ်တလောတွင် ပြည် တွင်း၌ ကျောက်စိမ်းတုံးကြီး၏ တန်ဖိုးကို တွက်ချက်နေဆဲဖြစ်သော်လည်း ဗြိတိန်မီဒီယာတစ်ခုဖြစ်သည့် Daily Mailက ပညာရှင် များထံ မေးမြန်းစုံစမ်းပြီးနောက် စတာလင်ပေါင် သန်း ၁၄၀ ခန့်၊တစ်နည်းအားဖြင့် ဒေါ်လာသန်း၁၇၀ ကျော်မျှရှိမည်ဟု တန်ဖိုး ဖြတ်ဖော်ပြခဲ့သည်။

ဦးတင့်စိုးက ယခုကျောက် စိမ်းတုံးကြီးသည် အိမ်အသေးစား နှစ်လုံးစာမျှ ကြီးမားကြောင်း ဆိုသည်။

‘‘ကျွန်တော်တို့ ပြည်သူတွေ၊

ကျွန်တော်တို့အစိုးရ၊ ကျွန်တော် တို့ပါတီ ဦးဆောင်နေတဲ့ အစိုးရလက်ထက်မှာ ဒီကျောက်စိမ်းတုံး ကြီးကို ရှာတွေ့တာက လက် ဆောင်မွန်တစ်ခုလိုပါပဲ။ ကျွန်တော်တို့အတွက် အရမ်းကောင်း မွန်တဲ့ နိမိတ်တစ်ခုလို့ ယူဆနိုင် ပါတယ်’’ဟု ပြောကြားခဲ့သည်။

ဖားကန့်သည် ကမ္ဘာပေါ်တွင် အရည်အသွေး အကောင်းဆုံး ကျောက်စိမ်းများထွက်ရှိသည့် ဒေသတစ်ခုဖြစ်သည်။ မြန်မာ့ ကျောက်စိမ်းသည် Imperial Jadeဟုလည်း လူသိများပြီး အရည်အသွေးအပေါ် မူတည်၍ တစ်ကီလိုဂရမ်လျှင် ဒေါ်လာ တစ်ထောင်မှဒေါ်လာ တစ်ထောင့်လေးရာ ကျော်ထိ ဈေးကောင်းရလေ့ရှိ ကြောင်း သိရသည်။

ယခုတွေ့ရှိသည့် ကျောက် စိမ်းတုံးကြီးကို အနီးစပ်ဆုံး တန်ဖိုးဖြတ်မှု ပမာဏမှာ ဒေါ်လာ၁၇၄ ဒသမ ၆ သန်းဖြစ်ပြီး ကျောက်စိမ်းအရိုင်းတုံး တစ်တုံးအတွက် ကမ္ဘာပေါ်တွင် တန်ဖိုးအမြင့်ဆုံးဟု ယူဆနိုင်ကြောင်း သိရသည်။အကယ်၍ ကျောက်စိမ်းကို အချောသတ်သွေးပြီးပါက တစ်ကီ လိုဂရမ် ပျမ်းမျှတန်ဖိုးမှာ လက်ရှိ ခန့်မှန်းထားသည်ထက် အဆ ၂၀ မျှထိ မြင့်တက်သွားနိုင်သည့် အလားအလာရှိနေသည်။

အဆိုပါ ကျောက်စိမ်းအရိုင်းတုံးကြီးကို သွေးရန် တရုတ်နိုင်ငံသို့ပို့ဆောင်ဖွယ်ရှိသည်။ တရုတ်မှ ကျောက်စိမ်းကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် ဖရန့်ခ်ရှောင်က ‘‘တကယ့်ကို လှပတဲ့တွေ့ရှိမှုပါပဲ။ ဒီကျောက်စိမ်းတုံးကြီးကို သွေးပေးဖို့ အပြိုင်အဆိုင်ကမ်းလှမ်းမှုတွေ ရှိနေပေမယ့် တရုတ်ကိုပဲရောက်လာမယ် ထင်ပါတယ်’’ဟု ပြောကြားသည်။

၂၀၁၃ က ကနေဒါ နိုင်ငံတွင် ၁၈ တန် အလေးချိန်ရှိ ကျောက်စိမ်းတစ်တုံးကို တူးဖော်တွေ့ရှိခဲ့

ဖူးရာ ဒေါ်လာနှစ်သန်းနီးပါးအဖြစ် တန်ဖိုးဖြတ်ခဲ့ဖူးသည်။ ထိုအချိန်ကစ၍ ကမ္ဘာ့ဈေးကွက်တွင် ကျောက်စိမ်းတန်ဖိုးသည် ပိုမိုမြင့်တက်လာခဲ့ပြီး မြန်မာ့ကျောက်စိမ်းသည် လူကြိုက်အများဆုံးစာရင်း၌ ရပ်တည်ခဲ့သည်။
Unknown October 19, 2016
Read more ...

Thousand of activists, a Christian-based anti-narcotics group, are to have police protection after getting the go-ahead from the Kachin State government to destroy over 1600 hectares (4000 acres) of opium poppy fields.
Unknown January 25, 2016
Read more ...
ကချင် ပြည်နယ်သည် ကမ္ဘာတွင် အကြီးမား ဆုံးသော တရားမဝင် နယ်စပ်ဖြတ် ကျော်သစ်စီးဆင်းရာနေရာဖြစ်ကြောင်း နှင့် ထိုဒေသမှတစ်ဆင့် နှစ်စဉ် ဒေါ် လာသန်းပေါင်းများစွာတန်ကြေးရှိ သစ် များထုတ်ယူနေကြောင်း သိရသည်။
တရုတ်နယ်စပ်ရှိ မြန်မာနိုင်ငံ ၏ ကချင်ပြည်နယ်သည် တစ်ခါတစ် ရံတွင် ရွှေချောင်းများပေးခြင်းဖြင့် တစ် တောင်လုံးရှိ သစ်အကုန်ခုတ်ခွင့်ရရှိ ထားသော သစ်ကုန်သည်များကျက် စားရာနေရာဖြစ်ကြောင်း၊ ထိုကုန်သည် များကြောင့် မြန်မာနိုင်ငံ၏ သစ်တော များပြုန်းတီးကာ ကချင်ပြည်နယ်သည် ကမ္ဘာတွင် အကြီးမားဆုံးသော တရား မဝင် နယ်စပ်ဖြတ်ကျော် သစ်စီးဆင်း ရာနေရာဖြစ်ကြောင်းနှင့် ထိုမှတစ် ဆင့် နှစ်စဉ် ဒေါ်လာသန်းပေါင်းများ စွာတန်ကြေးရှိ သစ်များထုတ်ယူနေ ကြောင်း The Straits Times သ တင်းတွင် ဖော်ပြသည်။
ကချင်ပြည်နယ်တွင် သစ်တော များရှားပါးလာခြင်းကြောင့် သစ်များ ကို မြန်မာနိုင်ငံအလယ်ပိုင်းမှပါ ထုတ် ယူလာကြောင်း စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်သော ပေကျင်းမြို့ တရုတ်-မြန်မာတရားမဝင် သစ်ကုန် သွယ်မှုဆိုင်ရာ ကြေညာချက်အသစ် တွင် ဖော်ပြသည်။ ယင်းကို ဗြိတိန် အခြေစိုက်သဘာဝပတ်ဝန်းကျင် ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအေဂျင်စီ (EIA)က ထုတ်ပြန်ခြင်းဖြစ်သည်။
ကချင်နှင့် ယူနန်ပြည်နယ်တို့ သည် ထိုကုန်သွယ်ရေး၏ အဓိက အ စိတ်အပိုင်းများဖြစ်ပြီး တရုတ်အရှေ့ ပိုင်းနှင့် တောင်ပိုင်းတို့မှ စက်ရုံများ အတွက် မြန်မာနိုင်ငံအလယ်ပိုင်းမှ သစ်ခိုးထုတ်မှုမှာလည်း မြင့်တက်လာ ကြောင်း၊ တရားမဝင် နယ်စပ်ဖြတ် ကျော်သွားသည့် သစ်အများစုမှာ တန် ဖိုးကြီးမားသည့် ကျွန်းနှင့် သစ်နက်အ မျိုးအစားများဖြစ်ကြောင်း စာမျက် နှာ ၂၄ မျက်နှာပါ ကြေညာချက်တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံ၏ ယူနန်ပြည်နယ် အတွင်းသို့ ဝင်ရောက်လာသောသစ် များသည် ဖြတ်ပြီးသား သို့မဟုတ် အလုံးလိုက်ဖြစ်ပြီး ယင်းတို့ကို ကချင် ပြည်နယ်မှ တင်ပို့သည်။
တရုတ်စီးပွားရေးလုပ်ငန်းတွေ က တစ်တောလုံး၊ တစ်တောင်လုံး သစ်ခုတ်ခွင့်ရဖို့ အကျင့်ပျက်အရာရှိ တွေကို ရွှေချောင်းများ လာဘ်ထိုးရ ကြောင်းနှင့် ထိုအရာရှိများက သစ် များကို စစ်ဆေးရေးဂိတ်ပေါင်းများ စွာက ခွင့်ပြုကြောင်းလည်း ထိုကြေ ညာချက်အရ သိရသည်။
မြန်မာပါဝင်သော မဟာမဲခေါင် ဒေသတွင် လာမည့် ၂ဝ၃ဝ ပြည့်နှစ် တွင် သစ်တောဟက်တာပေါင်း သန်း ၃ဝ ခန့်ပျက်စီးနိုင်ဖွယ်ရှိနေသည်ဟု ခန့်မှန်းထားကြသည်။ အကြောင်းမှာ တရားမဝင်သစ်ခုတ်မှု များပြားလာ ခြင်း၊ စိုက်ပျိုးမြေတိုးချဲ့ခြင်းနှင့် မြို့ ပြစီမံကိန်းများ ဆောက်လုပ်ခြင်းတို့ ကြောင့်ဖြစ်သည်။
မြန်မာနိုင်ငံ တစ်နိုင်ငံတည်းအ နေဖြင့် ၂ဝဝ၁ ခုနှစ်မှ ၂ဝ၁၃ ခုနှစ် အတွင်း သစ်တောဟက်တာပေါင်း ၁ ဒသမ ၇ သန်းခန့် ဆုံးရှုံးခဲ့ရသည် ဟု သိရသည်။ ဗီယက်နမ်နှင့် ထိုင်းတို့ တွင်လည်း ကာကွယ်ထားရာ ဧရိယာ များမှလွဲ၍ ကျန်ဧရိယာများစွာတွင် သစ်တောများရှားပါးလာနေသည်။ ထိုနိုင်ငံတို့သည်လည်း မြန်မာနိုင်ငံမှ သစ်ကို လိုချင်နေသော်လည်း နယ် စပ်တစ်လျှောက် ကီလိုမီတာ ၂ဝဝဝ ကျော်ထိစပ်နေခြင်းကြောင့် တရုတ် နိုင်ငံက ပင်မဈေးကွက်အဖြစ် တည် ရှိနေခြင်းဖြစ်သည်။
ယင်းနှင့်ပတ်သက်ပြီး သစ်တော ဦးစီးဌာနမှ အကြီးတန်းအရာရှိတစ် ဦးက ''တရုတ်နိုင်ငံက တရားမဝင် သစ်ထုတ်လုပ်တားဆီးရေးကို ပူး ပေါင်းပါဝင်ပေးမယ်ဆိုပြီး ပြောတာ ရှိပါတယ်။ အဲဒီအတွက် အခုသစ် တင်သွင်းမှုကို စက်တင်ဘာ ၁ ရက် ကစပြီး ရပ်လိုက်ပါတယ်။ နောက် ကျွန်တော်တို့သစ်တောဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ချုပ်နဲ့ တရုတ်သစ်တောဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ သွား ရောက်ဆွေးနွေးတာတွေရှိပါတယ်။ ဒီလ ၂၄ ရက်နေ့မှာလဲ နေပြည်တော် မှာ ထပ်မံဆွေးနွေးသွားမှာပါ'' ဟု ပြောသည်။
EIA ၏အဆိုအရ မြန်မာနိုင်ငံ ၏ တရားဥပဒေအခြေခံနှင့် သစ်တော များကို ခြေရာခံသည့်စနစ်မှာ ကောင်း မွန်သော်လည်း အာဏာပိုင်များက နယ်စွန်ပြည်နယ်များတွင် ထိန်းချုပ် နိုင်မှုအားနည်းခြင်း သို့မဟုတ် လုံးဝ မရှိခြင်းကြောင့် ယခုကဲ့သို့ ဆိုးရွားနေ ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး သစ်တော ပညာရှင်ဖြစ်သူ ဦးစည်သူလွင်က ''သစ် ခိုးထုတ်မှုတွေကတော့ ငြိမ်းချမ်းရေး မရဘဲနဲ့တော့ ထိန်းချုပ်နိုင်မှာမဟုတ် ပါဘူး။ ငြိမ်းချမ်းရေးရမှ တရားဥပဒေ စိုးမိုးမှာပါ။ ဒါမှရမယ်''ဟု ပြောသည်။


Buz Blogger September 18, 2015
Read more ...
မြစ်ကြီးနားမြို့ ၃ ရက်ကြာ ဆွေးနွေးပွဲ ဒီကနေ့ အဆုံးသတ်ရာမှာ အချက် ၇ ချက်ကို လက်မှတ်ထိုး သဘောတူနိုင်ခဲ့ပါတယ် တဲ့။ ဆွေးနွေးပွဲကို ကုလ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယား၊ တရုတ်သံတမန် တဦး၊ မြို့မိမြို့ဖ ၁၀ ဦး၊ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့က လေ့လာသူများအဖြစ် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ၇ ချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။

၁-နိုင်ငံတော်အစိုးရနှင့် ကေအိုင်အိုတို့ နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန် သဘောတူသည်။

 ၂-နှစ်ဖက်တပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်မှုများလျော့ချခြင်း၊ တိုက်ပွဲများ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်သွားရန် သဘောတူသည်။ ၃-နှစ်ဖက်ကိုယ်စားလှယ်များပါဝင်သော စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရန် မူအားဖြင့် သဘောတူသည်။

၎-နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို ညှိုနှိုင်းကာ ဆက်လက် ဆောင်ရွက်သွားရန် သဘောတူသည်။

 ၅-တပ်ပိုင်းဆိုင်ရာ တပ်နေရာချထားမှုများနှင့်ပတ်သက်ပြီး ဆက်လက်ညှိုနှိုင်း ဆောင်ရွက်ရန် သဘောတူသည်။

 ၆-လိုအပ်သော လုပ်ငန်းစဉ်များကိုညှိုနှိုင်းဆောင်ရွက်ရန် ကေအိုင်အို ကိုယ်စားလှယ်နှင့် အလုပ်အဖွဲ့ကို မြစ်ကြီးနားမြို့တွင် ထားရှိသွားရန် သဘောတူသည်။

 ၇-နောက်တကြိမ်ဆွေးနွေးပွဲတွင် ယခုအကြိမ်တက်ရောက်သည့် အဖွဲ့များမှ ကိုယ်စားလှယ်များ ပြန်လည်တက်ရောက်ရန် သဘောတူညီသည်။ အခြားဖိတ်ကြားလိုသော အဖွဲ့များရှိပါက နှစ်ဖက်ညှိုနှိုင်းဆောင်ရွက်သွားရန် သဘောတူညီသည်။


Source - ဧရာဝတီ Blog
Unknown May 30, 2013
Read more ...
China hosted peace talks on Monday between the Myanmar government and ethnic Kachin rebels amid tentative signs that intense fighting of recent weeks was easing. Previous negotiations with Kachin rebels have foundered and a cease-fire announced last month by the Myanmar government never went into effect. But unlike during aborted peace talks in October, the Kachin rebels sent a senior representative, Gen. Gun Maw, to the negotiations on Monday.


Unknown February 04, 2013
Read more ...
(Yangon) : Myanmar government has welcomed a ceasefire and peace talks with the Kachin Independence Organization (KIO) in the Kachin state.
The government said the proposal could lead to the resumption of peace talks following weeks of renewed violence in a region that borders China and India.
At the same time, a source close to MyanmarLife said that
Kachin's a new round of peace talks with Burmese government will be hosted by Chinese government in Ruili Town on 4th Feb 2013. The Chinese government will take a role as a witness and mediate during the meeting.
Unknown February 02, 2013
Read more ...
(Photos) In order to really stop War in Kachin, today (21 Jan, 2013) , peace march by youth from Yangon to Laiza (Kachin State, Myanmar) has started and joint by some respected Buddhist monks.



Unknown January 20, 2013
Read more ...
Is Myanmar’s reformist government backsliding on promises to find a peaceful resolution to six decades of conflict with the country’s alienated minorities? Recently, the military took the unusual step of deploying fighter jets and helicopter gunships to battle the Kachin Independence Organization in the north. Myanmar can't transform while civil war is going on.


Unknown January 20, 2013
Read more ...
(Myanmar Parliament) : The Lower House has decided to approve the proposal to "Stop War in Kachin Immediately" today on the 18th January 2013.



လွှတ်တော်နှစ်ရပ်တွင် ကချင်စစ်ပွဲအရေး အရေးကြီးအဆိုများတင်သွင်းပြီး အတည်ပြုရန် ဆုံးဖြတ်

နေပြည်တော် - ဇန်န၀ါရီ ၁၈

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ၊ တတိယနေ့တွင် အစည်းအဝေးများတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးခက်ထိန် နန် နှင့် ဒေါ်ဒွဲဘူတို့က ကချင်စစ်ပွဲများ အရေးနှင့် ပတ်သက်၍ အရေးကြီး အဆိုများ အသီးသီး တင်သွင်းခဲ့ကြပြီး အတည်ပြုရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

Unknown January 18, 2013
Read more ...
Following the current war between Myanmar government forces and Kachin ethnic minority rebels, China has urged an immediate ceasefire after an artillery shell flew over the border and landed inside China for the second time since late December.

China's Foreign Ministry spokesman, Hong Lei, said the shell landed 500 metres inside China on Tuesday, .... and made immediate emergency representations to Myanmar, expressed strong concern and dissatisfaction with the situation, and demanded that Myanmar earnestly investigate and adopt a series of measures to prevent further similar occurrences.
Unknown January 17, 2013
Read more ...
The statement of Shan Nationalities League for Democracy over current war in Kachin State, Myanmar.


Unknown January 16, 2013
Read more ...
Over 300 people gathered in front of the White House and US State Department in Washington DC last Sunday, protesting against ongoing military offensive by Burma Army soldiers in Kachin State. Chin residents based in the area of Washingon DC and nearby turned up in support of the Kachin protest calling for an immediate end to heavy attacks against the Kachin Independence Army (KIA) and human rights abuses against Kachin civilians by Tatmadaw.


Unknown January 15, 2013
Read more ...
The past few weeks have seen some of the heaviest fighting in Myanmar's decades-long civil war with government forces launching determined attacks against the Kachin Independence Army (KIA), an ethnic force in the far north of the country. And for the first time ever, the government has used helicopter gunships and attack aircraft against the country's ethnic rebels. Most of the fighting is taking place around the KIA's headquarters at the border town of Laiza near China, and the government seems determined to crush the Kachin resistance and gain control over the area now administered by the rebels.


Full Story@
Unknown January 15, 2013
Read more ...
According to foreign human rights researchers, political analysts and two people in Kachin State said that China authorities from southwestern force thousands of ethnic Kachin refugees back to a conflict zone in Myanmar’s north.
... said the repatriations appeared to have begun en masse on Tuesday and estimated that 1,000 refugees had returned to Kachin State and that an additional 4,000 were projected to return by the end of the week.


Unknown August 24, 2012
Read more ...
With the positive response during Mining Summit in this week, more than 300 participants from 25 countries keen on investing in Myanmar.
“The response is really positive as mining companies and investors are really keen to explore the opportunities in Myanmar’s mining sector,” Fu Huiyan, event manager for Singapore-based CMT (Centre for Management Technology), which is organizing the event along with the country’s mines ministry, told Resource Investing News in an interview.

Photo@
Unknown July 24, 2012
Read more ...
Myanmar Troop  burns Kachin village, Namsan Yang, yesterday, May 2, 2012. မြန်မာ့အစိုးရ တပ်မတော်မှ ကချင်ပြည်နယ် “နမ်ဆန်ယာန်”ကျေးရွာအားမေလ(၂)ရက်နေ့တွင် ဤကဲ့သို့ မီးရှို့ဖျက်စီးသည်ကို တွေ့ရသည်။ 2012 ning May praw (2) ya shana maga hkying (3:15)pm aten kaw nna hkying (4:45)pm aten laman, KIA Masat (5) Dap Ba Ginra, Nam San Yang Zi Kahtawng mare kaw, Dum Bang Bum kaw nna yu wa ai, Myen Hpyen Dap, Dap mying n chye ai hpyen hpung n-gun (70) jan daram hte KIA Mungshawa Hpyen Hpung(MHH) ni gasat poi byin ai lam chye lu ai.



Source:KachinNet
Unknown May 02, 2012
Read more ...
Myanmar Soldier Shot Shan Girl on 19 April 2012 while Myanmar Soldier and Kachin army were in Battle. Now, the victim girl, Aye Kha, 22, is in Laiza Hospital, where KIO headquarter is situated.
(၁၉.၄.၂၀၁၂) ရက်နေ့ နံနက် (၁၀း၀၀) မှ (၁၂း၀၀) အတွင်း မြန်မာအစိုးရ စစ်တပ် (ခ.လ.ရ-၃၈၈) ၏ ပစ်ခတ်ခြင်း ခံရသော ရှဒန်ပါ၊မာန်မော ကျေးရွာ မှ ရှမ်းအမျိုသမီး “အေးခါ”၊ အသက် (၂၂) ကလေးတစ်ယောက်မိခင်၊ ယခုအခါ KIO ဋ္ဌါနချုပ်၊ လှိုင်ဇာ ဆေးရုံ တွင်ဆေးကုသမှူ့ခံယူနေ။
2012 ning April (19) ya jahpawt hkying (10:00)am kawn Hying (12:00)pm aten hta KIA Masat (5) Dap Ba Ginra, Shadan Pa de lai lung wa ai Myen Hpyen Dap Hk.L.Y (388) hpe KIA Ginjaw Shimlam hpyen hpung ni ninghkap gasat ai lam hpe chye lu ai.


Source@
Unknown April 20, 2012
Read more ...