ကချင်ပြည်နယ်သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော တရားမဝင် သစ်ခိုးထုတ်ရာနေရာဖြစ်

ကချင် ပြည်နယ်သည် ကမ္ဘာတွင် အကြီးမား ဆုံးသော တရားမဝင် နယ်စပ်ဖြတ် ကျော်သစ်စီးဆင်းရာနေရာဖြစ်ကြောင်း နှင့် ထိုဒေသမှတစ်ဆင့် နှစ်စဉ် ဒေါ် လာသန်းပေါင်းများစွာတန်ကြေးရှိ သစ် များထုတ်ယူနေကြောင်း သိရသည်။
တရုတ်နယ်စပ်ရှိ မြန်မာနိုင်ငံ ၏ ကချင်ပြည်နယ်သည် တစ်ခါတစ် ရံတွင် ရွှေချောင်းများပေးခြင်းဖြင့် တစ် တောင်လုံးရှိ သစ်အကုန်ခုတ်ခွင့်ရရှိ ထားသော သစ်ကုန်သည်များကျက် စားရာနေရာဖြစ်ကြောင်း၊ ထိုကုန်သည် များကြောင့် မြန်မာနိုင်ငံ၏ သစ်တော များပြုန်းတီးကာ ကချင်ပြည်နယ်သည် ကမ္ဘာတွင် အကြီးမားဆုံးသော တရား မဝင် နယ်စပ်ဖြတ်ကျော် သစ်စီးဆင်း ရာနေရာဖြစ်ကြောင်းနှင့် ထိုမှတစ် ဆင့် နှစ်စဉ် ဒေါ်လာသန်းပေါင်းများ စွာတန်ကြေးရှိ သစ်များထုတ်ယူနေ ကြောင်း The Straits Times သ တင်းတွင် ဖော်ပြသည်။
ကချင်ပြည်နယ်တွင် သစ်တော များရှားပါးလာခြင်းကြောင့် သစ်များ ကို မြန်မာနိုင်ငံအလယ်ပိုင်းမှပါ ထုတ် ယူလာကြောင်း စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်သော ပေကျင်းမြို့ တရုတ်-မြန်မာတရားမဝင် သစ်ကုန် သွယ်မှုဆိုင်ရာ ကြေညာချက်အသစ် တွင် ဖော်ပြသည်။ ယင်းကို ဗြိတိန် အခြေစိုက်သဘာဝပတ်ဝန်းကျင် ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအေဂျင်စီ (EIA)က ထုတ်ပြန်ခြင်းဖြစ်သည်။
ကချင်နှင့် ယူနန်ပြည်နယ်တို့ သည် ထိုကုန်သွယ်ရေး၏ အဓိက အ စိတ်အပိုင်းများဖြစ်ပြီး တရုတ်အရှေ့ ပိုင်းနှင့် တောင်ပိုင်းတို့မှ စက်ရုံများ အတွက် မြန်မာနိုင်ငံအလယ်ပိုင်းမှ သစ်ခိုးထုတ်မှုမှာလည်း မြင့်တက်လာ ကြောင်း၊ တရားမဝင် နယ်စပ်ဖြတ် ကျော်သွားသည့် သစ်အများစုမှာ တန် ဖိုးကြီးမားသည့် ကျွန်းနှင့် သစ်နက်အ မျိုးအစားများဖြစ်ကြောင်း စာမျက် နှာ ၂၄ မျက်နှာပါ ကြေညာချက်တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံ၏ ယူနန်ပြည်နယ် အတွင်းသို့ ဝင်ရောက်လာသောသစ် များသည် ဖြတ်ပြီးသား သို့မဟုတ် အလုံးလိုက်ဖြစ်ပြီး ယင်းတို့ကို ကချင် ပြည်နယ်မှ တင်ပို့သည်။
တရုတ်စီးပွားရေးလုပ်ငန်းတွေ က တစ်တောလုံး၊ တစ်တောင်လုံး သစ်ခုတ်ခွင့်ရဖို့ အကျင့်ပျက်အရာရှိ တွေကို ရွှေချောင်းများ လာဘ်ထိုးရ ကြောင်းနှင့် ထိုအရာရှိများက သစ် များကို စစ်ဆေးရေးဂိတ်ပေါင်းများ စွာက ခွင့်ပြုကြောင်းလည်း ထိုကြေ ညာချက်အရ သိရသည်။
မြန်မာပါဝင်သော မဟာမဲခေါင် ဒေသတွင် လာမည့် ၂ဝ၃ဝ ပြည့်နှစ် တွင် သစ်တောဟက်တာပေါင်း သန်း ၃ဝ ခန့်ပျက်စီးနိုင်ဖွယ်ရှိနေသည်ဟု ခန့်မှန်းထားကြသည်။ အကြောင်းမှာ တရားမဝင်သစ်ခုတ်မှု များပြားလာ ခြင်း၊ စိုက်ပျိုးမြေတိုးချဲ့ခြင်းနှင့် မြို့ ပြစီမံကိန်းများ ဆောက်လုပ်ခြင်းတို့ ကြောင့်ဖြစ်သည်။
မြန်မာနိုင်ငံ တစ်နိုင်ငံတည်းအ နေဖြင့် ၂ဝဝ၁ ခုနှစ်မှ ၂ဝ၁၃ ခုနှစ် အတွင်း သစ်တောဟက်တာပေါင်း ၁ ဒသမ ၇ သန်းခန့် ဆုံးရှုံးခဲ့ရသည် ဟု သိရသည်။ ဗီယက်နမ်နှင့် ထိုင်းတို့ တွင်လည်း ကာကွယ်ထားရာ ဧရိယာ များမှလွဲ၍ ကျန်ဧရိယာများစွာတွင် သစ်တောများရှားပါးလာနေသည်။ ထိုနိုင်ငံတို့သည်လည်း မြန်မာနိုင်ငံမှ သစ်ကို လိုချင်နေသော်လည်း နယ် စပ်တစ်လျှောက် ကီလိုမီတာ ၂ဝဝဝ ကျော်ထိစပ်နေခြင်းကြောင့် တရုတ် နိုင်ငံက ပင်မဈေးကွက်အဖြစ် တည် ရှိနေခြင်းဖြစ်သည်။
ယင်းနှင့်ပတ်သက်ပြီး သစ်တော ဦးစီးဌာနမှ အကြီးတန်းအရာရှိတစ် ဦးက ''တရုတ်နိုင်ငံက တရားမဝင် သစ်ထုတ်လုပ်တားဆီးရေးကို ပူး ပေါင်းပါဝင်ပေးမယ်ဆိုပြီး ပြောတာ ရှိပါတယ်။ အဲဒီအတွက် အခုသစ် တင်သွင်းမှုကို စက်တင်ဘာ ၁ ရက် ကစပြီး ရပ်လိုက်ပါတယ်။ နောက် ကျွန်တော်တို့သစ်တောဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ချုပ်နဲ့ တရုတ်သစ်တောဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ သွား ရောက်ဆွေးနွေးတာတွေရှိပါတယ်။ ဒီလ ၂၄ ရက်နေ့မှာလဲ နေပြည်တော် မှာ ထပ်မံဆွေးနွေးသွားမှာပါ'' ဟု ပြောသည်။
EIA ၏အဆိုအရ မြန်မာနိုင်ငံ ၏ တရားဥပဒေအခြေခံနှင့် သစ်တော များကို ခြေရာခံသည့်စနစ်မှာ ကောင်း မွန်သော်လည်း အာဏာပိုင်များက နယ်စွန်ပြည်နယ်များတွင် ထိန်းချုပ် နိုင်မှုအားနည်းခြင်း သို့မဟုတ် လုံးဝ မရှိခြင်းကြောင့် ယခုကဲ့သို့ ဆိုးရွားနေ ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး သစ်တော ပညာရှင်ဖြစ်သူ ဦးစည်သူလွင်က ''သစ် ခိုးထုတ်မှုတွေကတော့ ငြိမ်းချမ်းရေး မရဘဲနဲ့တော့ ထိန်းချုပ်နိုင်မှာမဟုတ် ပါဘူး။ ငြိမ်းချမ်းရေးရမှ တရားဥပဒေ စိုးမိုးမှာပါ။ ဒါမှရမယ်''ဟု ပြောသည်။


No comments: