Results for Articles

၁၀၂၇ စစ်ဆင်ရေးသည် အာဏာချိန်ခွင်လျှာကို မြန်မာစစ်တပ်ဘက်မှ တော်လှန်ရေး အင်အားစုများဘက်သို့ ပြောင်းစေသောအခါ မြေပြင်မှ လူမှုနိုင်ငံရေး ပကတိအခြေအနေများသည် သမားရိုးကျ နိုင်ငံတော်ပုံစံကိုသာမက ဖက်ဒရယ်ဝါဒ ဆွေးနွေးမှုများကိုပင် ကျော်လွန်သွားပြီး အနောက်နိုင်ငံများ၏ ကိုလိုနီစနစ်မတိုင်မီက အရှေ့တောင်အာရှ ဒေသခံ အုပ်ချုပ်ရေးပုံစံဖြစ်သည့် Mandala order မဏ္ဍလ ဗဟိုဖြန့်ထွက်စနစ်ကို ကျင့်သုံးရန် တောင်းဆိုလာသည်။


မြန်မာ၏ အနာဂတ်သည် “အမျိုးသား/ဖက်ဒရယ်စစ်တပ်” နှင့် “ဗဟိုနိုင်ငံတော်” ပြန်လည် ထူထောင်ခြင်းကို ငြင်းပယ်သည့် ပြောင်းလဲသွားသော နိုင်ငံရေးရည်မှန်းချက်ကို ဗဟိုပြုသည်။ ပကတိအခြေအနေက တောင်းဆိုသည့် အမျိုးမျိုးသော အုပ်ချုပ်ရေးစနစ်များ ပေါ်ပေါက်လာခြင်းကို သက်ဆိုင်သူအားလုံး ချိန်ညှိလက်ခံနိုင်ရန် ထိုအခြေခံစနစ် အပြောင်းအလဲကို လက်ခံရန် လိုအပ်သည်။ နောက်တဆင့်မှာ ထိုစနစ်များသည် ဒီမိုကရေစီကျမှု၊ အားလုံးအကြုံးဝင်မှု၊ အပြုသဘောဆောင်သော တုံ့ပြန်မှုနှင့် ကောင်းစွာညှိနှိုင်းမှု ရှိရမည်ဟု မိမိတို့ တောင်းဆိုသည်။

မြန်မာ့စီးပွားရေးသည် စစ်ကာလစီးပွားရေးသို့ ပြောင်းလဲသွားပြီဖြစ်သည်။ စစ်ကောင်စီဘက်က ကြည့်လျှင် မကြာသေးမီက ကမ္ဘာ့ဘဏ်က ဖော်ပြသည့်အတိုင်း ဘဏ်များမှ ငွေကြေးစုပြုံထုတ်ယူခြင်း၊ ငွေကြေးဖောင်းပွမှု၊ ကျေးလက်ဒေသများတွင် ရွာမီးရှို့ခြင်းကြောင့် လယ်ယာ မစိုက်ပျိုးနိုင်ခြင်းနှင့် အများပြည်သူဝန်ဆောင်မှုအတွက် အသုံးစရိတ်လျော့နည်းပြီး စစ်အသုံးစရိတ် မြင့်မားလာခြင်းတို့ကြောင့် ပြည်တွင်း စီးပွားရေး ပြိုလဲသွားပြီ ဖြစ်သည်။ နိုင်ငံတကာဖိအား၊ အရေးယူပိတ်ဆို့မှုများနှင့်အတူ မြင့်မားသော ဒေါ်လာငွေ လဲလှယ်နှုန်းနှင့် လေယာဉ်ဆီ၊ ဓာတ်ဆီဈေးနှုန်းသည် လောင်စာမှီခိုရသော ၎င်းတို့အုပ်ချုပ်ရေးကို မတည်မြဲနိုင်အောင် ဖြစ်စေသည်။

တော်လှန်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAOs) များဘက်ကကြည့်လျှင် ၁၀၂၇ စစ်ဆင်ရေးသည် ကြီးမားသော လူထုထောက်ခံမှုရှိပြီး ရင်းမြစ်များစီးဆင်းမှုရှိကာ ပြောက်ကျားနည်းဗျူဟာမှ ကောင်းစွာညှိနှိုင်းဆောင်ရွက်သော ထိုးစစ်သို့ ကူးပြောင်းလာသည့် သင်္ကေတဖြစ်သည်။ မြန်မာပြည်သူများသည် မကြုံဖူးသော အခက်အခဲများကို ရင်ဆိုင်နေရသော်လည်း တည်ငြိမ်မှု ပြန်လည်ရရှိစေမည်ဆိုလျှင်ပင် စစ်တပ်ဘက်က အောင်နိုင်သည်ကို လိုလားပုံမရပေ။

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်၏ မကြုံစဖူး တပ်စွန့်ခွာ ဘက်ပြောင်းမှုများက ပြသနေသည့်အတိုင်း စစ်သားများအကြား စိတ်ဓာတ်ကျဆင်းမှုနှင့်အတူ ပိုမိုကျယ်ပြန့်သော သုံးသပ်ချက်နှင့် စီးပွားရေး သရုပ်ခွဲလေ့လာမှုများအရ စစ်တပ်သည် ယခု စစ်ပွဲကို ဆက်လက် တိုက်ခိုက်နိုင်တော့မည်မဟုတ် ဆိုသည့်အချက်ကို ပြသနေသည်။

ဗိုလ်ချုပ်များက နိုင်ငံရေးထွက်ပေါက်ကို စိတ်မဝင်စားသော်လည်း နိုင်ငံတကာ အသိုက်အဝန်းသည် တော်လှန်ရေးကို ပြတ်ပြတ်သားသား ထောက်ခံရန် စိတ်အားထက်သန်ခြင်းမရှိကြဘဲ ၎င်းတို့၏ အကျိုးစီးပွားများကိုသာ ကာကွယ်လိုကြသည်။ မြွေမသေ တုတ်မကျိုးဆိုသည့် ရပ်တည်မှုမျိုးဖြစ်သည်။ ထောက်ခံမှု အနည်းငယ်သာပေးသော်လည်း ယခုအခါ ၎င်းတို့သည် မြန်မာ့အနာဂတ်၊ အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် EAOs များ မည်သို့လုပ်သင့်သည်ကို ဘဝင်မြင့်ကာ ဆွေးနွေးနေပြီး “အာဏာလစ်ဟာနယ်ပယ်” နှင့် “နိုင်ငံရေး တစစီပြိုခြင်း” အတွက် အစိုးရိမ်လွန်နေကြသည်။

ထိုရပ်တည်ချက်မှာ စစ်တပ်ပြိုကွဲသွားပြီးနောက် ပိုမိုပြင်းထန်သည့် အကြမ်းဖက်မှုများနှင့် ပဋိပက္ခဖြစ်လာမည်ဆိုသည့် နိုင်ငံရေးသမားနှင့် သုတေသီများ၏ ပြောဆိုချက်မှဖြစ်လာသော ရပ်တည်ချက်ဖြစ်သည်။ ထိုသို့သော အယူအဆမှာ မှားယွင်းရုံသာမက ၎င်းတို့ မျှော်လင့်ထားသည့် ဖရိုဖရဲ အခြေအနေများကိုပင် ဖြစ်စေနိုင်သည်။

ဖရိုဖရဲဖြစ်မှုနှင့် အကြမ်းဖက်မှုများသည် အကြောင်းနှစ်ခုကြောင့်သာ ဖြစ်နိုင်ကြောင်း မိမိတို့ အလေးထား ပြောလိုသည်။ ပြင်ပအနေဖြင့်ကြည့်ပါက ဗဟိုထိန်းချုပ်မှု မရှိသောကြောင့် မဟုတ်ဘဲ ဗဟိုထိန်းချုပ်မှုကို ပြန်လည်ထူထောင်ရန် ကြိုးစားခြင်းကြောင့် ဖြစ်နိုင်ပြီး အတွင်းပိုင်းအားဖြင့် ကြည့်ပါက အမျိုးမျိုးသော တိုင်းရင်းသားများ နေထိုင်သည့် ဒေသများတွင် သီးသန့် တိုင်းရင်းသားအခြေပြုစနစ်များ ထူထောင်ရန် ကြိုးစားမှုကြောင့် ဖြစ်နိုင်သည်။

“နိုင်ငံရေးအရ အစိတ်စိတ်အမွှာမွှာကွဲခြင်း” ကို အဓိကအားဖြင့် စိုးရိမ်ပူပန်နေသည်မှာ သုတေသီများနှင့် ရေပေါ်ဆီလူတန်းစားများသာ ဖြစ်သည်။ ရှည်ကြာစွာ တည်တံ့နေသည့် ဝ ပြည်နယ်ကဲ့သို့ နှစ်ဦး သို့မဟုတ် ထို့ထက်ပိုသော နိုင်ငံရေးအာဏာပိုင်များက အုပ်ချုပ်နေသည့် Mandala order မဏ္ဍလ ဗဟိုဖြန့်ထွက်စနစ် နိုင်ငံရေး အစီအမံကို အတွေ့အကြုံရှိပြီးဖြစ်သည့် သာမန်ပြည်သူများ မဟုတ်ပေ။ ထိုအချက်သည် နိုင်ငံရေး ရေပေါ်ဆီများအတွက် ထူးဆန်းသော အယူအဆဖြစ်နိုင်သော်လည်း သာမာန်ပြည်သူများအတွက် အလွန်လက်တွေ့ကျပြီး ပကတိ အခြေအနေမှန်ဖြစ်သည်။

မြေပြင်မှ ပကတိအခြေအနေများက သမားရိုးကျပုံစံ နိုင်ငံတော်စနစ်ထက် ကျော်လွန်သည့် အယူအဆသစ်ကို တောင်းဆိုသည်။ ယခုအချိန်သည် ပြည်သူများကို ဗဟိုချုပ်ကိုင်မှု ကျယ်ကျယ်ပြန့်ပြန့် ‌ဖြေလျှော့သည့် ဖက်ဒရယ်စနစ်တခု ကျင့်သုံးခြင်းထက် ၎င်းတို့အသားကျပြီးသည့် အုပ်ချုပ်ရေးစနစ်တခုကို ပေးရန် အခွင့်အခါသင့်သော အချိန်ဖြစ်သည်။ ဖက်ဒရယ်စနစ်ကို ထူထောင်ခြင်းသည်ပင် တစုံတရာသော အတိုင်းအတာရှိ ဗဟိုအာဏာပိုင်ဖြစ်သည့် “ဖက်ဒရယ်အစိုးရ” ကို မလွှဲသာမရှောင်သာ လိုအပ်နေသည်။

နိုင်ငံတော်စနစ်ကို မှီခိုသည့် ထိုသို့သော ပုံစံများသည် NUG သို့မဟုတ် ထိုကိစ္စကို တာဝန်ယူရသည့် မည်သူမဆိုအတွက် တခုတည်းသော နိုင်ငံရေး ဦးဆောင်မှုနှင့် ရည်မှန်းချက်အောက်တွင် EAOs အားလုံးကို ညီညွတ်အောင် လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်သည်။ ထိုကိစ္စသည် မဖြစ်နိုင်သလောက်ပင်ဖြစ်ပြီး လွန်ခဲ့သော ဆယ်စုနှစ် ခုနစ်ခုကျော်အတွင်း မည်သည့် နိုင်ငံရေးသမားမှ မလုပ်ဆောင်နိုင်ခဲ့သော ကိစ္စဖြစ်သည်။

ဗဟိုကွပ်ကဲမှုထူထောင်ရေး လက်ရှိ စိတ်အားထက်သန်မှုသည် အနောက်တိုင်း သုတေသီများ၏ အယူအဆမှ လာသည်။ အတိုက်အခံ အင်အားစုများအကြား ညီညွတ်မှု မရှိခြင်းကြောင့် ပြည်ပအစိုးရများက အဓိပ္ပာယ်ပြည့်ဝသည့် အကူအညီ မပေးခြင်းဖြစ်သည်ဟု အနောက်တိုင်းသုတေသီများက ပြောဆိုကြသည်။ NUG နှင့် EAOs များသည် တခုတည်းသော နိုင်ငံရေး ဦးဆောင်မှုအောက်တွင် ဗဟိုကွပ်ကဲမှု ထူထောင်ရမည်ဟု နိုင်ငံတကာ မူဝါဒချမှတ်သည့် အသိုက်အဝန်းက တောင်းဆိုလျှင် ထိုကိစ္စသည် အောင်မြင်မည် မဟုတ်ကြောင်း ထင်ရှားသည်။

အတိုက်အခံအင်အားစုများက စစ်ကောင်စီကို ဖြုတ်ချရန် ဘုံရည်မှန်းချက် ရှိကြသော်လည်း မြေပြင် ပကတိ နိုင်ငံရေးအခြေအနေသည် တခုတည်းသော ဗဟိုကွပ်ကဲမှု သို့မဟုတ် ပူးတွဲကွပ်ကဲမှုကို ဆန့်ကျင်သလောက် နီးနီးဖြစ်နေသည်။ ထင်ရှားသော ဥပမာတခုမှာ ချင်းပြည်နယ်ဖြစ်ပြီး ချင်းပြည်နယ်တွင် စစ်ရေးအောင်မြင်မှု ရှိသော်လည်း နိုင်ငံရေးသမားများသည် ကြီးထွားနေသည့် ပထဝီအနေအထားနှင့် ဘာသာဗေဒ ကွဲပြားမှုများကို အခြေခံသည့် အတွင်းပိုင်း သဘောထားကွဲလွဲမှုများကို ရင်ဆိုင်နေရသည်။

အလားတူစွာပင် ရှမ်းပြည်နယ်တွင်လည်း ဒေသခံ ရှမ်းအုပ်စုများသည် အချိုးနှိမ်ခံရခြင်းကို စိတ်ပျက်နေကြပြီး တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့နှင့် ပတ်သက်သော ကာလရှည်ကြာသည့် နာကျည်းချက်များ ရှိကြသည်။

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင်လည်း အတိုက်အခံ လက်နက်ကိုင်အုပ်စုများနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများအကြား ပဋိပက္ခများ ရှိသည်။ တချိန်တည်းတွင် ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က အခြားအုပ်စုများ၏ ရည်မှန်းချက်များနှင့်မတူဘဲ ကွန်ဖက်ဒရေးရှင်းစနစ် လုပ်ဆောင်ရန် ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်ကို အထိအလင်း ထုတ်ဖော်ပြောဆိုထားသည်။

မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေသည် ၁၃ ရာစုက ပုဂံအင်ပါယာ ပြိုကွဲပြီးနောက် သမိုင်းခေတ်ကို ပြန်လည်အမှတ်ရစရာ ဖြစ်သည်။ ထိုစဉ်က နိုင်ငံရေး ဦးဆောင်မှုကင်းမဲ့သည့် နှစ်ပေါင်း ၂၅၀ ကို ကြုံတွေ့ရပြီး တိုင်းလူမျိုးစုက လန်းနဘုရင့်နိုင်ငံ ထူထောင်ခြင်း အပါအဝင် မြင်စိုင်း၊ ပင်းယ၊ စစ်ကိုင်း၊ တောင်ငူ၊ ဟံသာဝတီ၊ အင်းဝ စသည့် အမျိုးမျိုးသော ဒေသအကန့်အသတ်ရှိသည့် ဘုရင့်နိုင်ငံငယ်များ ပေါ်ပေါက်လာခဲ့သည်။

လက်ရှိအချိန်တွင် အုပ်စုအမျိုးမျိုးတို့သည် သက်ဆိုင်ရာဒေသများကို ထိန်းချုပ်ထားကြပြီး ထိရောက်သော အုပ်ချုပ်ရေးအတွက် ပြည်တွင်းနှင့် နိုင်ငံတကာ စေ့စပ်ညှိနှိုင်းမှုများ လိုအပ်နေသည်။ ဥပမာအားဖြင့် ဆိုရပါက ချင်းလူမှုအသိုက်အဝန်းများသည် အိန္ဒိယ-မြန်မာ နယ်စပ်မြို့များကို စီမံအုပ်ချုပ်နေပြီး တရုတ်နယ်စပ်တွင် အုပ်ချုပ်ရေး စတင်သည့် MNDAA သည် အခြားအုပ်စု အမျိုးမျိုးနှင့် ရှုပ်ထွေးသော ဆွေးနွေးမှုများ ပြုလုပ်ရမည် ဖြစ်သည်။ အလားတူစွာ ယခုအခါ ကောလင်းကို ထိန်းချုပ်ထားသည့် NUG သည် ထိရောက်သော အုပ်ချုပ်ရေး အကောင်အထည်ဖော်ရန် စိန်ခေါ်မှုများကို ရင်ဆိုင်ရမည်ဖြစ်သည်။

ထိုအာဏာစနစ်သည် ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ရှုပ်ထွေးသော မဟာမိတ်များ၏ မဏ္ဍလ စနစ် သဘောသဘာဝကို ထင်ဟပ်နေပြီး ထိုစနစ်သည် မဝေးကွာသေးသော အတိတ်က ဒေသခံပြည်သူများ အကျွမ်းတဝင်ရှိသည့် စနစ်တခုဖြစ်သည်။

မဏ္ဍလ ဗဟိုဖြန့်ထွက်စနစ်သည် ခေတ်သစ် နိုင်ငံပုံစံ နိုင်ငံတော်စနစ်နှင့်မတူဘဲ နိုင်ငံရေးအာဏာဗဟိုချက် အများအပြားရှိပြီး ဗဟိုချက်မှဝေးလေ အာဏာကျဆင်းလေ ပုံစံ နိုင်ငံတော်များကဲ့သို့ ကောင်းစွာ သတ်မှတ်ထားသည့် နယ်နိမိတ်မရှိဘဲ သေချာစွာ သတ်မှတ်မထားသည့် ဝင်ထွက်လွယ်သော နယ်နိမိတ်များရှိမည် ဖြစ်သည်။

အဆိုပါ မဏ္ဍလ ဗဟိုဖြန့်ထွက်စနစ်အတွင်းတွင် နိုင်ငံရေးယူနစ်များသည် အထက်အောက် အဆင့်ဆင့်တည်ရှိပြီး လက်အောက်ခံနည်းကာ အရှင်သခင်ဘုရင်တဦး ရှိနိုင်သည်။ သစ္စာခံမှုများသည် မတည်ငြိမ်ဘဲ ရောထွေးနေနိုင်ပြီး ထိုင်းသမိုင်းပညာရှင် သောင်ချိုင် ဝီနီချာကူ ပြောသည့်အတိုင်း ဆိုရပါက “ဘုရင်တပါးစီတွင် သီးခြားနန်းတော်၊ အုပ်ချုပ်ရေးစနစ်၊ ဘဏ္ဍာရေးစနစ်၊ အခွန်စနစ်၊ စစ်တပ်နှင့် တရားစီရင်ရေး စနစ်များရှိသည်” ဟု ဆိုရမည်ဖြစ်သည်။ ထို့ကြောင့် ထိုနိုင်ငံရေး ယူနစ်များသည် သိသာထင်ရှားသော ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် လွတ်လပ်ရေးကို ထိန်းသိမ်းထားနိုင်ကြသည်။

သစ်လွင်ပြီး လိုက်လျောညီထွေ တုံ့ပြန်နိုင်သည့် မဏ္ဍလ ဗဟိုဖြန့်ထွက်စနစ်ကို တောင်းဆိုခြင်း

သစ်လွင်ပြီး လိုက်လျောညီထွေ တုံ့ပြန်နိုင်သည့် မဏ္ဍလ ဗဟိုဖြန့်ထွက်စနစ်ကို တောင်းဆိုခြင်းနှင့်အတူ ပိုမိုအာရုံစိုက်ရမည့်အချက်မှာ ဖက်ဒရယ်/အမျိုးသား တပ်မတော် ထူထောင်ရန် ကြိုးစားခြင်း မဟုတ်ဘဲ ဒီမိုကရေစီကျ၊ အားလုံးပါဝင်၊ ကိုယ်စားပြုသော အုပ်ချုပ်ရေး ပေါ်ပေါက်ရေးဖြစ်သည်။

ထိုချဉ်းကပ်ပုံနည်းလမ်းတွင် (၁) ဖက်ဒရယ်ဖြစ်စေ၊ ကွန်ဖက်ဒရယ်ဖြစ်စေ မြန်မာနိုင်ငံတဝန်းတွင် အမျိုးမျိုးသော အုပ်ချုပ်ရေးပုံစံများ ပေါ်ပေါက်လာခြင်းကို အသိအမှတ်ပြုခြင်း၊ (၂) ဆက်လက် ရပ်တည်နိုင်ရေး လတ်တလော စိုးရိမ်ပူပန်မှုဖြစ်နေသော ဒေသခံများအတွက် ထိရောက်သော ဒေသဆိုင်ရာ အုပ်ချုပ်မှုပေး‌ရေးသည် နိုင်ငံတကာ အသိအမှတ်ပြုမှုထက် အရေးပါကြောင်း လက်ခံပြီး သိမ်းပိုက်ထားသော နယ်မြေများတွင် ဒီမိုကရက်တစ်၊ အားလုံးအကျုံးဝင်၊ ကိုယ်စားပြုသော အုပ်ချုပ်ရေး ထူထောင်ရန် ဦးစားပေးခြင်း၊ (၃) ဗဟိုကွပ်ကဲမှုစနစ် တည်ထောင်ခြင်းအတွက် အချိန်နှင့် ရင်းမြစ်များ အသုံးပြုခြင်းကို ရှောင်ရှားပြီး မတူညီသော နိုင်ငံရေးယူနစ်များအကြား ညှိနှိုင်းဆောင်ရွက်မှုများကို ပျိုးထောင်ခြင်းတို့ ပါဝင်သည်။

ပိုမိုအရေးပါနိုင်သည့်အချက်မှာ မြန်မာမှ နိုင်ငံရေးစနစ်သစ် သို့မဟုတ် စနစ်သစ်များသည် ရှမ်းပြည်ဖြစ်စေ၊ ရခိုင်ပြည်ဖြစ်စေ၊ စစ်ကိုင်းတိုင်းဖြစ်စေ ဒေသများတွင် လူမျိုး အမျိုးမျိုးနေထိုင်သည်ကို အသိအမှတ်ပြုပြီး ကျဉ်းမြောင်းသော လူမျိုးစုလက္ခဏာကို ကျော်လွှားနိုင်ရမည်ဖြစ်သည်။ လက်ရှိ လက်နက်ကိုင် ပဋိပက္ခများတွင် လူမျိုးစုချင်း တင်းမာမှု မြင့်မားလာသည်ကို တွေ့ရသောကြောင့် ရခိုင် သို့မဟုတ် ရှမ်းပြည် ကဲ့သို့သော နေရာများမှ လူမျိုးစုအခြေပြု နိုင်ငံရေးစနစ်သည် ကပ်ဆိုးဖြစ်ပေါ်စေမည့် နည်းလမ်းဖြစ်သည်။

ထိုအမြင်အရ ဗမာပြည် တည်ထောင်ခြင်းသည် ဗဟိုအပူပိုင်းဒေသတွင် အစိုးရအဆက်ဆက် ဖိနှိပ်ခံရသည့် တရုတ် သို့မဟုတ် ဟိန္ဒူ သို့မဟုတ် မွတ်ဆလင်များသာမက ကွဲပြားခြားနားသော လူမျိုးစုများ နေထိုင်သည်ဆိုသည့်အချက်ကို အလေးမထားရာ ရောက်သည်။ ထိုသို့ လုပ်မည့်အစား မဏ္ဍလ ဗဟိုဖြန့်ထွက်စနစ်ကို ထင်ဟပ်သည့် ဒီမိုကရေစီကျပြီး အားလုံးအကျုံးဝင်သော အုပ်ချုပ်ရေးစနစ် ထူထောင်ရေးကို အာရုံစိုက်ရန် ပိုမိုလုပ်ကိုင်သင့်သည်။

စင်ကာပူနှင့်တူသည့် တပါတီစနစ်များဖြစ်စေ၊ ထိုင်း ဆွီဒင် ဗြိတိန်နှင့်တူသော စည်းမျဉ်းခံ ဘုရင်စနစ်ဖြစ်စေ၊ တရုတ် သို့မဟုတ် ဗီယက်နမ်နှင့်တူသော ကွန်မြူနစ် စနစ်များဖြစ်စေ ထိုနိုင်ငံရေးယူနစ်သစ်များ၏ တိကျသော အသွင်လက္ခဏာသည် ဒီမိုကရေစီကျပြီး အားလုံး အကျုံးဝင်ကာ လိုက်လျောညီထွေ တုံ့ပြန်သည့် အုပ်ချုပ်ရေးမူများကို လိုက်နာရန် ပိုမိုအရေးပါသည်။ ထိုကိစ္စသည် NUG အပါအဝင် ပြည်တွင်းဇာတ်ဆောင်များ ရည်မှန်းချက်ထားသင့်သော ကိစ္စဖြစ်သည်။ တချိန်တည်းတွင် နိုင်ငံတကာ အသိုက်အဝန်းသည်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကို ကိုယ်စားပြုမည့် တခုတည်းသော နိုင်ငံရေးအာဏာပိုင်ကို တွန်းအားမပေးဘဲ အထက်ပါကိစ္စအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်သည်။

မြန်မာ့တော်လှန်ရေး လက်ရှိအဆင့်တွင် လက်နက်ကိုင်အဖွဲ့များ၏ အခန်းကဏ္ဍကို ငြင်းပယ်မရနိုင်သလို ထိုအုပ်စုများ၏ စစ်ရေးအောင်မြင်မှုသည် မကြုံဖူးသည့် အရပ်သားပါဝင်မှုနှင့် လူထုထောက်ခံမှုမှ ဖြစ်ပေါ်လာသည်ကို သတိရရန် အလွန်အရေးကြီးသည်။ တော်လှန်ရေးသည် လက်နက်ကိုင်အဖွဲ့များကို ဗဟိုမပြုဘဲ ပြည်သူကို ဗဟိုပြုရမည်ဖြစ်ပြီး ထိုအဖွဲ့များသည် တာဝန်ယူမှု၊ တာဝန်ခံမှုရှိကာ ဒီမိုကရေစီမူများကို လိုက်နာရမည်ဖြစ်သည်။

လက်နက်ကိုင် အင်အားစုများကို ဖျက်သိမ်းခြင်းသည် ရေရှည်အတွက် ရည်မှန်းချက် ဖြစ်သော်လည်း လတ်တလော ဦးစားပေးမှာ တခုတည်းသော နိုင်ငံရေးခေါင်းဆောင်မှုအောက်မှ ဗဟိုအမိန့်ပေးကွင်းဆက် တည်ထောင်ရန် အကျိုးမရှိသော အားထုတ်မှုကို ရှောင်ရှားပြီး မဏ္ဍလ ဗဟိုဖြန့်ထွက်စနစ်ပုံစံ နိုင်ငံရေး အစီအမံများ ပေါ်ပေါက်နေခြင်းကို လက်ခံရန် ဖြစ်သည်။

ထိုပေါ်ပေါက်လာသည့် နိုင်ငံရေးယူနစ်များသည် ပြည်သူများ၏ လတ်တလော လိုအပ်ချက်များ ဖြည့်ဆည်းရန် ပြုလုပ်ထားသည့် ဒီမိုကရေစီကျ၊ အားလုံးအကျုံးဝင်၊ လိုက်လျောညီထွေ တုံ့ပြန်သော အုပ်ချုပ်ရေးစနစ်များကို ကိုယ်စားပြုကာ လတ်တလော လိုအပ်နေသည့် အဓိက ဝန်ဆောင်မှုများနှင့် အထောက်အပံ့များ ပေးရမည်ဖြစ်သည်။ လက်ရှိ ပကတိအခြေအနေကို အခြေခံသည့် ထိုနည်းလမ်းသည် မြန်မာပြည်သူများအတွက် ပိုမိုတည်ငြိမ်၊ ကြွယ်ဝချမ်းသာသည့် အနာဂတ်အတွက် လမ်းခင်းပေးသည်။

https://burma.irrawaddy.com/opinion/viewpoint/2024/01/10/378200.html

Buz Blogger January 10, 2024
Read more ...

 စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ပြည်သူတွေ ဆိုးဆိုးရွာရွား ကြုံတွေ့နေရပါတယ်။ ဒီလို လျှပ်စစ်မီးပြတ်တောက်မှုတွေက မြန်မာနိုင်ငံ စီးပွားရေးကို ဘယ်လောက်ထိ ပြင်းပြင်းထန်ထန် ရိုက်ခတ်နိုင်ပါလဲ။ ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။



အခုတလော လျှပ်စစ်မီး ဆိုးဆိုးဝါးဝါး ပျက်တဲ့အကြောင်း သတင်းတွေမှာ၊ဆိုရှယ်မီဒီယာတွေမှာ အတော်လေးတွေ့နေရပါတယ်။အထူးသဖြင့် ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာ လျှပ်စစ်မီးပျက်ချိန်များတာကြောင့် နေထိုင် စားသောက်ရေး တော်တော်အဆင်မပြေဖြစ်ကြ၊ကသီလင်တဖြစ်နေကြပါတယ်။မီးလာလို့ ကပျာကယာ ထမင်းအိုးထတည်ပေမဲ့ ထမင်းတစ်အိုးမကျက်ခင် မီးပျက်သွားတာ၊ မီးလာလို့ ရေထတင်ပေမဲ့ ရေတိုင်ကီမပြည့်ခင် မီးပြန်ပျက်သွားတာ၊နွေပူပူအောက်မှာ အဲကွန်း(လေအေးပေးစက်)ဖွင့်မရတာကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ ဒုက္ခရောက်ရတဲ့ အဖြစ်အပျက်တွေ ကြုံတွေ့နေကြရပါတယ်။ဧပြီ ၂၈ ရက်နေ့ကဆိုရင် မင်္ဂလာတောင်ညွန့်မြို့နယ် ကျီတော်ရပ်ကွက်၊ မဟာဘောဂလမ်းမှာ မိသားစုဝင် ၄ ဦး မီးပျက်နေချိန် အပူချိန်များ၊ချွေးထွက်လွန်ပြီး မူးမေ့ သတိလစ်သွားတဲ့အတွက်အရေးပေါ်ဆေးရုံတင်ရတဲ့သတင်းကို MyanmaPlatform News မှာတွေ့ ရပါတယ်။ လောလောဆယ်ရန်ကုန်မြို့ရဲ့လျှပ်စစ်မီးအခြေအနေကို ဒဂုန်ဆိပ်ကမ်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက အခုလိုပြောပါတယ်။

"လျှပ်စစ်မီးပေးတဲ့စနစ်က အလှည့်ကျစနစ်နဲ့ ၄ နာရီခြား တစ်ခါပေးမယ်လို့ကြေညာထားပါတယ်။မနက် ၉ နာရီ စပေးရင် နေ့လည် ၁ နာရီမှာ စဖြတ်မယ်ဆိုတဲ့သဘောပေါ့။ပြီးခဲ့တဲ့ ဧပြီလဆန်းကတည်းက နေ့အပူချိန်တိုးလာတော့ ဝန်အားလျော့တာတွေဖြစ်လာပြီး အလှည့်ကျပေးတယ်ဆိုပေမဲ့ မီးလာချိန်မမှန်တော့ ဘူး။အခုမီးလာလို့ ထမင်းထ ချက်လို့ရှိရင် ချက်နေရင်းနဲ့ ပြန်ပျက်သွားတာတွေ ခဏ ခဏဖြစ်တယ်။ ထမင်းအိုးတွေလည်း ပျက်ကြတယ်။မီးအားလည်း မမှန်ဘူး။ဒီနေ့ဆိုရင် မနက်၊နေ့လယ်၊ညနေထိ မီးလာချိန် စုစုပေါင်း ၂ နာရီလောက်ပဲရတယ်။ညဘက်ဆိုရင်လည်း မီးမလာရင် ပူလို့ အိပ်မရကြဘူး။ လူကြီးတွေဆိုရင် အိမ်ခန်းထဲမှာ ပူတော့ အသက်ရှူမဝတော့ အပြင်ထွက်ထိုင်နေကြရတယ်။လျှပ်စစ်မီးက ဘယ်လိုပေးနေမှန်းကို မသိတော့ဘူး။မီးလာချိန်နည်းတော့ မီးလာတဲ့အချိန်မှာ မီးနဲ့လုပ်ရတဲ့အလုပ်တွေ အမြန်လုပ်ကြရတော့ အိမ်တိုင်းက မီးဝိုင်းဆွဲတော့ ဘရိတ်ကာကျတယ်ဆိုပြီး ချက်ချင်းပြန်ပျက်သွားပြန်ရော။လျှပ်စစ်မီးကြောင့် လူတွေလည်း အတော်ဒုက္ခရောက်နေကြပါပြီ။အလှည့်ကျစနစ်လည်း မဟုတ် တော့ဘူး။ဘယ်လိုပေးနေမှန်းကို မသိတော့ဘူး”

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ၊လူနေမှုအဆင့်အတန်းမီမီနေထိုင်နိုင်ဖို့ဆိုတာ လျှပ်စစ်စွမ်းအင် ရရှိ၊သုံးစွဲနိုင်တဲ့အပေါ်မှာ အဓိကတည်နေတာပါ။လျှပ်စစ်မီး ပုံမှန်မရဘူး။လုံလောက်စွာ မရဘူးဆိုရင် စီးပွါးရေးလုပ်ငန်းတွေကို ထိခိုက်မှာဖြစ်သလို လူနေမှုအဆင့်အတန်းကိုလည်း နိမ့်ကျစေမှာပါ။လျှပ်စစ်မီး ပုံမှန်မရရင် ဒီဇယ်၊ဓာတ်ဆီကို အစားထိုးသုံးစွဲရတဲ့အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်တွေ တိုးလာမှာပါ။

နောက်ဆက်တွဲအနေနဲ့ ကုန်စျေးနှုန်းတွေ မလွဲမသွေ တက်လာမှာပါ။အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ နိုင်ငံခြားအရံငွေကြေး နည်းပါးလာတဲ့အတွက် သွင်းကုန်တွေကန့်သတ်ပါတယ်။ ဒီဇယ်၊ဓာတ်ဆီ တင်သွင်းတာကိုလည်း ကန့်သတ် လျှော့ချပါတယ်။ဒါကြောင့် ဒီဇယ်ဓာတ်ဆီ ရှားပါပြီး စျေးကြီးကာ ဝယ်ရခက်လာပါတယ်။ဧပြီ ၁၁ ရက် VOA ရဲ့ သင်္ကြန်မတိုင်ခင် စက်သုံးဆီ အကျပ်အတည်းပိုဆိုးလာဆိုတဲ့သတင်းမှာ ဒီဇယ်၊ဓာတ်ဆီစျေးနှုန်းတွေတက်လာတယ်၊ဆီပြတ်လပ်နေပြီး လိုသလောက် ဝယ်မရတာမျိုးတွေရှိတယ်လို့ဖော်ပြခဲ့တာတွေ့ရပါတယ်။

လျှပ်စစ်နဲ့ ပတ်သက်ပြီး ထူးဆန်းတဲ့သတင်းတစ်ခုကိုလည်း People’s Spring ရဲ့ မီးတွေဆိုးဆိုးဝါးဝါး ပျက်ခြင်းရဲ့နောက်ကွယ်ဆိုတဲ့ ဆောင်းပါးမှာ တွေ့လိုက်ရပါတယ်။အဲဒါကတော့ စစ်ကောင်စီက ပြည်သူလူထုဆီက လျှပ်စစ်ဓာတ်အားပြန်ဝယ်ချင်တယ်ဆိုတဲ့အကြောင်းပါ။ YESC လို့ခေါ်တဲ့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းအနေနဲ့ ဧပြီ ၂၁ ရက်နေ့ က ထုတ်ပြန်ချက်ကို အခြေခံရေးသားထားတာပါ။အဲဒီဆောင်းပါးမှာပဲ အာဏာမသိမ်းခင် NLD အစိုးရလက်ထက်မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုဟာ မဂ္ဂါဝပ် ၃,၆၀၀ ရှိခဲ့ပြီးတော့ စစ်ကောင်စီလက်ထက်မှာ မဂ္ဂါဝပ် ၂၁၀၀ သာထုတ်လုပ်နိုင်တယ်။ စစ်ကောင်စီလက်ထက်မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ၄၅ ရာခိုင်နှုန်းခန့် လျှော့ကျသွားတယ်လို့ နှိုင်းယှဉ်ဖော်ပြထားပါတယ်။

လျှပ်စစ်မီး ပြတ်တောက်တဲ့အတွက် စက်ရုံ၊အလုပ်ရုံကြီးတွေ မဆိုထားနဲ့ အိမ်တွင်းမှုလုပ်ငန်းတွေ၊ အသေးစားစက်မှုလုပ်ငန်းတွေအပေါ် အကျိုးသက်ရောက်မှုက ကြီးမားပါတယ်။စားသောက်ဆိုင်၊ အလှပြင်ဆိုင်၊မိတ္တူကူးစက်၊ပုံနှိပ်စက်၊ရေခဲစက်၊ရေသန့်စက် စတဲ့ လုပ်ငန်းတွေဟာ အပြည့်အဝ မလည်ပတ်နိုင်တော့ပါဘူး။လျှပ်စစ်မီးတွေကပျက်၊သွင်းကုန်တွေကန့်သတ်တော့ ကုန်ပစ္စည်းတွေ ရှားပါး ပြတ်လပ်၊ကုန်စည်တွေရှားပါးပြတ်လပ်တော့ ကုန်စျေးနှုန်းတွေကတက်၊ကုန်စျေးနှုန်းတွေ တက်တော့ လုပ်အားခတွေတိုးတောင်း၊တွက်ခြေမကိုက်တဲ့ လုပ်ငန်းတွေကရပ်ဆိုင်း၊လုပ်ငန်းတွေရပ်ဆိုင်း တော့ ကုတ်ထုတ်လုပ်မှုတွေ လျော့ကျ၊အလုပ်လက်မဲ့တွေများလာ၊လူတွေဝင်ငွေကျဆင်း စတဲ့ကွင်းဆက် ဆိုးကျိုးတွေ ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့်လည်း ရိုက်တာသတင်းဌာနက ပဋိပက္ခတွေကြားက မြန်မာ့စီးပွါးရေးဟာ ဆိုးသထက်ဆိုးလာနေပြီလို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာကိုကိုးကားပြီးရေးသားတာပါ။၂၀၂၃ မှာ မြန်မာ့စီးပွါးရေးဟာ ၃ ရာခိုင်နှုန်းတိုးတက်မယ်လို့ မျှော်လင့်နိုင်ပေမဲ့ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ၊လျှပ်စစ်စွမ်းအင် မလုံလောက်မှုတွေ၊မှားယွင်းတဲ့ မူဝါဒတွေ ကြောင့် မြန်မာ့စီးပွါးရေးကို အကြီးအကျယ်ထိခိုက် ပျက်စီးစေကာ လူမှုရေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ ကသောင်းကနင်းဖြစ်မှုတွေဖြစ်ပေါ်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာဖော်ပြထားတယ်လို့ ရိုက်တာက ရေးသားထားပါတယ်။

နိုင်ငံတွင်းမှာ မတည်မငြိမ်ဖြစ်နေတာ၊ စီးပွါးရေးဆုတ်ယုတ်ကျဆင်းနေတာ၊နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ သိသိသာသာကျဆင်းသွားတာ၊ကျပ်ငွေတန်ဖိုး အဆမတန်ကျဆင်းသွားတာ၊လုံခြုံမှု မရှိတော့တာတွေဟာ စစ်တပ်ကအာဏာသိမ်းပြီနောက် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေတွေပါ။အခုလို တိုင်းပြည်မှာ စီးပွါးရေး ကျပ်တည်း ကျဆင်းနေချိန်၊တိုင်းပြည်ဝင်ငွေကျဆင်းနေချိန်မှာ စစ်ကောင်စီဟာ စစ်အသုံးစရိတ်ကိုတော့ ၅၀ ရာခိုင်နှုန်းတိုးမြှင့်ခဲ့တယ်လို့ဆိုပါတယ်။၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ အရင်နှစ်ကထက် ကျပ်ငွေ ဘီလီယံ နှစ်ထောင်နီးပါးတိုးမြှင့်လိုက်ပြီး ကျပ်ငွေ ဘီလီယံ ၅,၆၀၀ အထိ သတ်မှတ်ထားတယ်လို့ VOA ရဲ့ ဧပြီ ၁၁ ရက်နေ့သတင်းမှာဖော်ပြထားပါတယ်။လက်ရှိမြန်မာ့စီးပွါးရေးအခြေအနေနဲ့ ၂၀၂၃ အလားအလာ နဲ့ ပတ်သက်ပြီး US Indo-Pacific Command မှာ စီးပွါးရေးအကြံပေးလုပ်ခဲ့တဲ့ဒေါက်တာမီမီဝင်ဘတ်ကတော့ အခုလိုပြောပါတယ်။

"ဒီနှစ်ဆန်းမှာ မင်းအောင်လှိုင်ကပြောတယ်။စီးပွါးရေးတိုးတက်တယ်လို့၊စီးပွါးရေး တိုးတက်တယ်ဆိုတာကို သူကိုယ်၌က ယုံကြည်တယ်ဆိုရင်တော့ ဒီလူဟာ ဘာမှ အရည်အချင်းမရှိတဲ့လူပေါ့နော်။Indicators (ညွှန်းကိန်းတွေ)တွေပြန်ကြည့်လိုက်ရင်၊စီးပွါးရေးကောင်းနေရင် လူတွေကနိုင်ငံခြား ဘာလို့ထွက်မှာတုန်း၊စီးပွါးရေးကကောင်းနေရင် လူငယ်တွေ၊productive age၊အလုပ်အကောင်းဆုံးလုပ်နိုင်
တဲ့အရွယ်တွေ နိုင်ငံကနေထွက်သွားတယ်ဆိုကတည်းက ဒီ Economy ကြီးက၊စီးပွါးရေးကဏ္ဍကြီးက ဘယ်လိုလုပ်ဆက်သွားနိုင်မှာတုန်း။ အဲဒါကို မသိတဲ့ လူတစ်ယောက်က အုပ်ချုပ်နေသမျှကာလပတ်လုံး မြန်မာ့စီးပွါးရေးက ဘယ်လိုမှ ပြန်ပြီးတော့ တိုးတက်မှာ မဟုတ်ဘူး။ recover ဖြစ်မှာ မဟုတ်ဘူး”လို့ မဇ္စျိမ သတင်းဌာနရဲ့ မြန်မာ့စီးပွါးရေး လက်ရှိအခြေအနေနဲ့ ၂၀၂၃ အလာအလာ အပေါ် ပညာရှင် သုံးသပ်ချက်မှာ ထောက်ပြပြောဆိုထားတာတွေ့ရကြောင်းပါ။

Source: VOA

Buz Blogger May 11, 2023
Read more ...

As Myanmar gears up to host this weekend’s ASEAN Regional Forum, it may find that its role is both a blessing and a curse. While Myanmar welcomes its chance in the spotlight as ASEAN Chair, that role is increasingly difficult to play. Maritime disputes in the South China Sea threaten to turn each ASEAN meeting into a tug of war between anti- and pro-China forces.
Unknown August 07, 2014
Read more ...

NY Times: Although Than Than Aye, a street vendor, is a half-century old, few if any wrinkles mar her complexion. Her secret? A yellowish paste made from ground tree bark that she applies to her cheeks, nose and neck after her morning shower and again before bed.

Known as thanakha and prized for its sunblock and aesthetic qualities, the paste is as ubiquitous on Burmese faces as the colorful sarongs, or lungies, wrapped around their waists.
Unknown August 06, 2014
Read more ...

Huffington Post: Naw Htee Ku doesn't want to talk about the past. She's sitting on a concrete floor not far from the amplified music and clapping of Mae Ra Moe refugee camp's public square, where a crowd has gathered to celebrate the birthday of Thailand's king.

He's not their king, of course. But it's a Thai tradition that the Karen refugees -- pronounced Kah-REN -- have grown accustomed to in the camps. Over the past 30 years, hundreds of thousands of Karen and other ethnic minorities have fled from Burma and into Thailand, for reasons Naw Htee Ku prefers not to dwell on.
Unknown August 06, 2014
Read more ...

Huffington Post: The open windows on the second floor of the Mandaley farmers' association office do nothing to ease the unbearable heat of a balmy Mandaley afternoon in Burma. No breeze to speak of. But that doesn't keep over 60 local farmers, business owners and entrepreneurs from a lively exchange as they inspect and dissect with their hands a Prakti clean cook stove. In 10 minutes, the conversation shifts from how the stove helps reduce fuel consumption and hazardous smoke into "how much does it cost?" "Can I buy 20 units and sell them here?" "How can we produce these in Burma?" -- The wheels of entrepreneurship are turning. This is how businesses start.
Unknown August 06, 2014
Read more ...
အခုတစ်လော ကွန်ယက်မီဒီယာဈေးကွက်မြင့်တင်ရေးတွေမှာ ရေပန်းစားလာတာကတော့ Visual Media (ရုပ်ပြမီဒီယာ) လို့လူသိများလာတဲ့ Pinterest ပါ။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလမှာ စတင်ခဲ့ပြီး ၂၀၁၀ မတ်လမှာ တရားဝင်အသုံးပြုခွင့်ပေးလိုက်ပါတယ် ... သက်တမ်းနုနယ်သေးပေမဲ့ ၂၀၁၂ မတ်လအတွင်း Pinterest ကိုလာရောက်လည်ပတ်သူပေါင်း ၁၈.၇ သန်းရှိခဲ့ပြီး လွန်ခဲ့တဲ့ ဖေဖ၀ါရီလက အမေရီကန်တစ်နိုင်ငံတည်းမှာ အသုံးပြုသူပေါင်း ၁၀.၄ သန်းလောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်. ပိုပြီးစိတ်ဝင်စားစရာကောင်းတာကတော့ Pinterest ကိုအသုံးပြုနေတဲ့သူတွေထဲမှာ ၈၅ % ရာခိုင်နူန်းဟာ အမျိုးသမီးတွေဖြစ်နေပါတယ်. ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့ Pinterest ရဲ့အသုံးပြုရတဲ့ ပုံစံပေါ်မူတည်မယ်လို့ထင်ပါတယ်.



Pinterest ဟာ YouTube ဗီဒီယိုတွေကိုပါ ဝေမျှလို့ရသော်လည်းပဲ တကယ်တော့ ရုပ်ပြဓါတ်ပုံတွေကိုအဓိက ဝေမျှတဲ့ အင်တာနဲ့စာမျက်နှာတစ်ခုပါ . ဒါပေမဲ့ Flickr တို့လိုဓါတ်ပုံတင်တဲ့စာမျက်နှာမဟုတ်ပဲ ကိုယ်ကြိုက်နှစ်သက်ပြီး စိတ်ဝင်စားစရာဓါတ်ပုံပါတဲ့ အင်တာနက်စာမျက်နှာတွေကို Pinterest တစ်နေရာထဲမှာပဲ စုစည်းဝေမျှနိုင်ပါတယ် . ဥပမာ
Unknown April 20, 2012
Read more ...
ဘရုစလီဟာ ဒဏ္ဍာရီထဲက ကိုယ်ခံပညာသူရဲကောင်းဖြစ်ပါတယ် ။ “ ဘရုစ် ဟာ တစ်နေ့ကို ကျွန်တော်နဲ့အတူ ၃ မိုင်ပြေးတယ် တကယ့်ကို နေရာကောင်းတွေပါပဲ ကျွန်တော်တို့ဟာ သုံးမိုင်ကို နှစ်ဆယ့်တစ်မိနစ် (သို့မဟုတ် ) နှစ်ဆယ့်နှစ်မိအတွင်းပြေးခဲ့ကြတယ်။ တစ်မိုင်ကို ၈ မိနစ်အောက်အတွင်းမှာပေါ့ ။ (မှတ်ချက် - ဘရုစလီရဲ့ ၁၉၆၈ ခုနှစ်က ကိုယ်ပိုင်မှတ်စုမှာတော့ တစ်မိုင်ကို ၆ မိနစ်ခွဲနဲ့ ပြေးခဲ့တယ်လို့ မှတ်သားထားပါတယ် )

Unknown April 02, 2012
Read more ...
In your life there are two things that you can not replace, i.e, Parents and Times
လောကမှာ ပြန်လည်ပြီး အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီး ၂ ခုရှိပါတယ် ။

အဲဒါကတော့ “ မိဘ ” နဲ့ “ အချိန် ” ပဲ ။ ဆုံးရှုံးသွားရတဲ့ မိဘတွေကို ပြန်လည်ပြီး အစားထိုးလို့မရတော့ဘူး ။

မသေခင်က နို့နှစ်လုံးဖိုးကြေဖို့ ကျေးဇူးမဆပ်နိုင်တောင် အနည်းငယ်မျှသော အတိုင်းအတာ ထိလောက် ကြေနိုင်အောင်ကျေးဇူးဆပ်ကြပါ ။


Unknown March 23, 2012
Read more ...
10 Things to remember and follow at work အလုပ်လုပ်ချိန်မှာ အစဉ်လိုက်သိသင့်သောအရာ ၁ဝခု


(၁) အလုပ်အကိုင်
အရင်တန်ဖိုးထား၊ အသိအမှတ်ပြုပါ။ ပြီးမှ ရာထူးတိုးအောင်လုပ်ပါ။

(၂) ပြောဆိုဆက်ဆံရေး
တူညီမှုအရင်ရယူပါ။ ပြီးမှ ကွဲလွဲတာကို ဆွေးနွေးပါ။

(၃) အကောင်အထည်ဖော်မှု
ဖြစ်မြောက်အောင်အရင်လုပ်ပါ။ ပြီးမှ အကောင်းဆုံးဖြစ်အောင်ကြိုးပမ်းပါ။

(၄) သင်ယူမှု
အရင်ဆုံးမှတ်သားပါ။ ပြီးမှ မှတ်ဉာဏ်ထဲထည့်ပါ။

(၅) ပြုလုပ်ဖန်ဆင်းမှု
အရင်ဆုံး အတုယူပါ။ ပြီးမှ ဆန်းသစ်တီထွင်ပါ။

(၆) စီးပွားရေးလုပ်ငန်း
အရင်ဆုံးဖြစ်ထွန်းအောင်ပျိုးထောင်ပါ။ ပြီးမှ အောင်မြင်မှုကိုရယူပါ။

(၇) ဖွံ့ဖြိုးတိုးတက်မှု
အရင်ဆုံး မတ်မတ်ရပ်နိုင်အောင်လုပ်ပါ။ ပြီးမှ မြင့်မားအောင်လုပ်ပါ။

(၈) လူလူချင်းဆက်ဆံရေး
လဲလှယ်ပြောဆိုပါ။ ပြီးမှ စိတ်အချင်းချင်း ဖလှယ်ပါ။

(၉) ကိုယ့်ကိုယ်ကို ကောင်းအောင်အရင်လုပ်ပါ။ ပြီးမှ တခြားလူကို တောင်းဆိုပါ။

(၁ဝ) စိတ်ခံစားချက်ကို အရင်ဖြေရှင်းပါ။ ပြီးမှ ကိစ္စရပ်ကို ဖြေရှင်းပါ။


by Nine Nine Sanay

Source: Nine Nine FB
Unknown March 23, 2012
Read more ...
If I were a president of Myanmar - by Myanmar formal actor and social activist Kyaw Thu:  မတ်လ (၁) ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က တာဝန် ထမ်းဆောင်မှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြောကြားလိုက်သည့် မိန့်ခွန်းကို ကျွန်တော် ရေဒီယိုမှ နားမထောင်မိ၊ ရုပ်မြင်သံကြားမှ တိုက်ရိုက်လွှင့်မှုကိုလည်း မကြည့်ရှုမိခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော ကျွန်တော်တို့ လူမှုရေးသမားများသည် အချိန်နှင့်တပြေးညီ နာရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ပြည်သူလူထုတို့၏ လိုအပ်ချက်၊ တောင်းဆိုချက် အကူအညီရလိုမှုတို့ကို နံနက်မှ ညအချိန် အိပ်စက်သည့် အချိန်ကာလအထိ ပေးဆပ်မှုတို့ကို နေ့တဓူဝ နားရက်မရှိ လုပ်ကိုင်ပေးဆပ်နေရ၍ ဖြစ်တော့သည်။


Unknown March 12, 2012
Read more ...
မေမေ ---- သားကို မချစ်ဘူးလားဟင် -- အင်းပေါ့နော် မေမေ သားကို မချစ်လို့သာ ဒီလို အမှိုက်ပုံးထဲ ရက်ရက်စက်စက် ပစ်ထားရက်ခဲ့တာပေါ့နော်
မေမေ --- သား ချမ်းတယ်မေမေ နံစော်နေတဲ့ အမှိုက်တွေကြားမှာ သားဘာကြောင့်များ လူလာဖြစ်လာရသလဲဟင် မေမေ -- 
Unknown March 02, 2012
Read more ...
ဒီဓာတ်ပုံဟာ ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်ရဲ့ နံနက် ၄ နာရီ ပါ။ အောင်မြင်မှုရရှိခဲ့သူတွေရဲ့နောက်ကွယ်မှာ ဘယ်လောက်ထိ ကြိုးစားအားထုတ်ခဲ့ရတာရှိသလဲဆိုတာကို ဒါလေးကသက်သေ ပြနေပါတယ်။ 

Unknown February 29, 2012
Read more ...


တရုတ်နိုင်ငံငလျင်ဒဏ်ဖြစ်ပွားစဉ်ကာလအတွင်း မိခင်၏စွန့်လွတ်မှုကတော့ တကယ့်ဖြစ်ရပ်မှန်ပါ။
ငလျင်က လူ့အသက်ပေါင်းများစွာကို နှုတ်ယူသွားတယ်လေ။ ကယ်ဆယ်ရေးလုပ်သားတွေ အမျိုးသမီးလေးရဲ့အိမ် အပျက်အစီးနေရာကို ရောက်ရှိလာကြတယ်။ သူတို့ အသက်မဲ့နေတဲ့ ခန္ဓကိုယ်နဲ့ ဖက်တွယ် ထားတာကို တွေ့လိုက်ရပါတယ်။
ဒါပေမယ့် သူမအနေအထားက ဘာကြောင့်မှန်းမသိ ထူးဆန်းနေပါတယ်။ သူမရဲ့ ဒူးနှစ်ဖက်က ရှိခိုး နေဟန်ရှိပြီး ဆုမွန်ကောင်း တောင်းနေပုံပါ။ ပြီးတော့သူမရဲ့ လက်နှစ်ဖက်က တစ်ခုခုကို ထောက်မ ထားတဲ့ဟန်ရှိခဲ့ပါတယ်။ သူမရဲ့ ကျောနဲ့ဦးခေါင်းကို ပြိုလဲနေတဲ့အိမ်က သူ့အပေါ်ကျလာတဲ့ အနေအထားမှာရှိနေပါတယ်။

Unknown February 05, 2012
Read more ...