အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီး ၂ ခု

In your life there are two things that you can not replace, i.e, Parents and Times
လောကမှာ ပြန်လည်ပြီး အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီး ၂ ခုရှိပါတယ် ။

အဲဒါကတော့ “ မိဘ ” နဲ့ “ အချိန် ” ပဲ ။ ဆုံးရှုံးသွားရတဲ့ မိဘတွေကို ပြန်လည်ပြီး အစားထိုးလို့မရတော့ဘူး ။

မသေခင်က နို့နှစ်လုံးဖိုးကြေဖို့ ကျေးဇူးမဆပ်နိုင်တောင် အနည်းငယ်မျှသော အတိုင်းအတာ ထိလောက် ကြေနိုင်အောင်ကျေးဇူးဆပ်ကြပါ ။



ဘယ်လောက်ပဲ ချစ်ပါတယ်ပြောပြော သေပြီးမှ ပြောနေရင်တော့ ဘာမှအသုံးလည်းမ၀င်သလို ဘာမှ အရာလည်းမရောက်ပါဘူး ။

အချိန်ဆိုတာဟာလည်း တရွေ့ရွေ့ ကုန်ဆုံးနေတဲ့အရာဖြစ်လို့ ဝွေဘယ်လောက် ပေးပေး ၀ယ်ယူလို့မရနိုင်ဘူး ။

မနေ့က အချိန်တစ်နာရီမှာ ငါလုပ်စရာရှိတာမလုပ်လိုက်ရလို့ဆိုပြီး ငွေ သန်းချီပေးဝယ်လည်း အချိန်ဟာ ဘယ်တော့မှ ၀ယ်လို့မရတော့ဘူး ။

အချိန်ကို တန်ဖိုးရှိစွာ ဘ၀မှာ အဓိပ္ပါယ်ရှိရှိ အသုံးချပါ ။

အချိန်ကို တန်ဖိုးရှိစွာ အသုံးမချလို့ ဘ၀မှာ ဆုံးရှုံးနစ်နာခဲ့ရသူတွေ ဒု နဲ့ ဒေး ပါပဲ ။

အချိန် ရော မိဘ ရောဟာ လူသားတွေရဲ့ ဘ၀မှာ အဖိုးမဖြတ်နိုင်တဲ့ အရာတွေဖြစ်ပါတယ် ။

သက်တန့်ချို

No comments: