ရုပ်ရှင်ဇာတ်ကား (၂၀)စာ စာချုပ်ချုပ်ခြင်းခံရတဲ့ ထွန်းထွန်း



သရုပ်ဆောင် အဆိုတော် ထွန်းထွန်းဟာ ၂၀၁၆ခုနှစ်ထဲမှာ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက် လုပ်လာရပါတယ်။ အခုလည်း R Square ထုတ်လုပ်ရေးမှ ခေါင်းဆောင်မင်းသားနေရာကနေ ပါဝင်ရိုက်ကူးဖို့ ဇာတ်ကား (၁၀)ကားစာ စာချုပ်ချုပ်ခြင်း ခံရတယ်လို့ သိရပါတယ်။ ထို့အပြင် Power King ရုပ်ရှင်ထုတ်လုပ်ရေးကလည်း ခေါင်းဆောင်မင်းသားနေရာကနေ ရိုက်ကူးဖို့ ဇာတ်ကား (၁၀)ကားစာ စာချုပ်ချုပ်ပါသေးတယ်။

သူ့အတွက်ကတော့ အနုပညာအလုပ်တွေ လုပ်ဖို့ အခွင့်အလမ်းတွေ တိုးလို့လာပါတယ်။ ကြိုးစားခဲ့သမျှတွေ အရာထင်လာ တဲ့အတွက်လည်း ထွန်းထွန်း တစ်ယောက်ဝမ်းသာနေသလို ဒီလိုမျိုး ဖြစ်လာဖို့ သူတစ်ယောက်တည်း ကြိုးစား ခဲ့လို့မဟုတ်ဘဲ ပရိသတ်တွေ အားပေးတာကြောင့်ရယ် အနုပညာညီအစ်ကိုမောင်နှမတွေအားလုံးရဲ့ အားတွေကြောင့် အခုလို အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ခဲ့တာပါလို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

၂၀၁၇ခုနှစ်ရဲ့ နှစ်စမှာ စိတ်ချမ်းသာစရာပီတိဖြစ်စရာ တွေ နဲ့ ကြုံခဲ့ရတဲ့အတွက်လည်း အစကောင်းခဲ့ပြီ ဖြစ်သလို အနှောင်းသေချာဖို့အတွက်ကတော့ သူကိုယ်တိုင် အလုပ်နဲ့ သက်သေပြမှာပါလို့ ထွန်းထွန်းက ဆိုပါတယ်။ ထွန်းထွန်းရဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာလည်း ၂၀၁၆ခုနှစ်အကယ်ဒမီ စာရင်းထဲ ပါဝင်နေသလို ပရိသတ်တွေရဲ့ အကယ်ဒမီပေးခြင်း ခံနေရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ (Duwun)

No comments: