မိန်းမနဲ့ သမီးတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်


သရုပ်ဆောင်လွင်မိုးက ဟိုတယ်ဆောက်ရန်အတွက် ကျိုက်ထိုတွင် မြေကွက်တစ်ကွက် ဝယ်ထားပေမယ့် မြေကွက်နဲ့ ပတ်သက်ပြီးအရှုပ်ရှင်းတွေကိုလည်း ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ အဲ့ဒီမြေကွက်နဲ့ ပတ်သက်ပြီး လွင်မိုးက ဒီနေ့ (ဇန်နဝါရီ၂)မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ကိုကျော်သူရလှိုင် ပိုင်ဆိုင်တဲ့ မြေနေရာကို သရုပ်ဆောင် လွင်မိုးက ငွေကျပ် သိန်း ၃,၉၅၀ ဝယ်ယူထားတာ ဖြစ်သော်လည်း ကြားထဲတွင် နောက်ထပ် လူတစ်ဦးဖြစ်တဲ့ ကိုအောင်စိုးသူဟာ ပေါ်လာကာ ယင်းခြံကို ပိုင်ဆိုင်ကြောင်း ပြောဆိုလာတယ်လို့ သိရပါတယ်။

ယင်းကိစ္စတွေနဲ့ ပတ်သက်ပြီး ခြံပိုင်ရှင် ကိုကျော်သူရလှိုင်က ဖြေရှင်းပေးထားသော်လည်း လွင်မိုး ပြည်ပသို့ သွားနေချိန်မှာ ကိုအောင်စိုးသူဆိုတဲ့ သူက ခြံများ ဝင်ခက်သွားပြီး ဖြစ်လာတဲ့ ပြဿနာတွေကိုလည်း လွင်မိုးကို ခေါင်းတည်ကာ ပြောဆိုနေတယ်လို့သိရပါတယ်။

ဖြစ်ခဲ့တဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး လွင်မိုးက "ဒီခြံဟာ သူပိုင်ဆိုင်ကြောင်း ထို့ခြံ ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ကျွန်တော်ကိုလာရောက် ရှင်းလင်းပါရန် ဆိုတဲ့ အကြောင်းကြားစာ ရောက်လာ ပါတယ်။ ဆိုးတာက စာရဲ့ အောက်ဆုံးမှာ ဦးစောနေဗလူ KNUလက်နက်နဲ့ ငြိမ်းချမ်းရေး အဖွဲ့ ပါလာတာမို့ ကျွန်တော် ကိုကျော်သူရလှိုင် ကိုပြောတဲ့ အခါ သူက ဖြေးရှင်း ပေးနိုင်ကြောင်းဆိုပါတယ်။ ကျွန်တော်ဘက်က သူတို့ကို ကိုယ့်ထိလက်ရောက် ဘာတစ်ခုမှာ မလုပ်ခဲ့ပါဘူး။ ပြန်ပေးဆွဲတာတွေလည်း မလုပ်ခဲ့ပါဘူး ။ ကျွန်တော် BGF(နယ်ခြားစောင့်တပ် )နဲ့ ပူးပေါင်းပြီးလည်း ဘာမှာ မလုပ်ခဲ့ပါဘူး ။ အခုလို စွပ်စွဲချက်တွေ နဲ့ပတ်သက်ပြီး သူတို့ဘက်က တရားစွဲတိုင်ကြားထားတာတွေရှိပါတယ်။ ပြည်နယ်အလိုက် မြို့အလိုက် ဆက်သွယ်ရေးရုံးတွေလည်း မေးမြန်းနိုင်ပါတယ် " လို့ လွင်မိုးက ပြောပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လွင်မိုးဘက်ကလည်း အမှန်တရားအတိုင်း ဖြစ်အောင် ဥပဒေအရ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုပြဿ နာတွေကြောင့် လွင်မိုးဟာ ဇနီးနဲ့သမီးတွေရဲ့ လုံခြုံရေးကိုတော့ စိတ်ပူမိတာအမှန်ပါလို့ Myanmar Celebrity အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

Source & Photo : ဒဂုံဝေလင်း ၊ ပွင့်ဦးမောင် ဖေ့စ်ဘွတ်

No comments: