Myanmar hip hop singer Anegga and Than Thar Win (Singer and the daughter of famous singer Nwe Yee Win) got married today 12.12.12 (12 December 2012) and held their wedding ceremony at St.Augustine Church in Yangon, Myanmar.
ဟစ်ဟော့ပ်ဂီတ၏ ပထမမျိုးဆက်ဟု သတ်မှတ်ခံရသော ACID အဖွဲ့ဝင် အဆိုတော် အနဂ္ဂနှင့် အဆိုတော် သံသာဝင်းတို့သည် စိန့်သြဂတ်စတင်းဘုရားရှိခိုးကျောင်း၌ ယနေ့လက်ထပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
ချစ်သူသက်တမ်း ၆ နှစ်နီးပါးကြာ ယနေ့ ဒီဇငါဘာ ၁၂ ရက် နံနက်တွင် ကျင်းပသည့် လက်ထပ်မင်္ဂလာအခမ်းအနားသို့ မင်္ဂလာမောင်နှံတို့နှင့်အတူ ၎င်းတို့၏ နှစ်ဖက်မိသားစုဝင်များ စုံစုံညီညီ တက်ရောက်ခဲ့ကြသည်ကို တွေ့ရပြီး အနဂ္ဂနှင့် သံသာဝင်းတို့မှာ ကက်သလစ်ဘာသာဝင်များ ဓလေ့ထုံးစံနှင့်အညီ တစ်ဦးနှင့်တစ်ဦး မင်္ဂလာကတိသစ္စာပြုခြင်း၊ မင်္ဂလာလက်စွပ် လဲလှယ်ဝတ်ဆင်ခြင်း၊ မင်္ဂလာလက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ခဲ့သည်။
မင်္ဂလာပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ချီးမြှင့်ခဲ့ပြီး ဂီတလောကမှ အဆိုတော်များ၊ တေးရေးများ၊ ထုတ်လုပ်သူများ၊ ရုပ်ရှင်ဘက်မှ အကယ်ဒမီထွန်းအိန္ဒြာဗိုတို့စုံတွဲနှင့် အကယ်ဒမီလူမင်းတို့စုံတွဲ တက်ရောက်ချီးမြှင့်သည်ကို တွေ့ရသည်။ နိုင်ငံရေးနယ်ပယ်မှ လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းအချို့တို့လည်း တက်ရောက်ခဲ့သည့်အပြင် အက်ဆစ်အဖွဲ့မှ လွှတ်တော်အမတ် ဇေယျာသော်က မင်္ဂလာပွဲတွင် ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ၀င်ရောက်ဆင်နွှဲခဲ့သည်ကို တွေ့ရသည်။
Soruce: 7Day News Journal


No comments: