Results for Lay Phyu
Myanmar Famous rocker Lay Phyu was interviewed by local Music leading journal Alinkar in 1998, let see what did they talk about!

  • အဆိုတော်တစ်ယောက် မဖြစ်ခင်က ခင်ဗျား ပထမဆုံးကြည့်ခဲ့ရတဲ့ Show အကြောင်း သိချင်ပါတယ်။
          အဆိုတော် ဟန်တင်၊ အ.မ.က ကျောင်းဝင်း၊ ပြည်တော်သာရပ်၊ တောင်ကြီးမြို့၊ ၁၉၇၄ ဝန်းကျင်၊ ကျွန်တော် ၉ နှစ်သားမှာ တီးဝိုင်း (Stage Show) ကို စတင်တွေ့ဖူးပါတယ်။ Drums ကိုလည်း အဲဒီအခါမှ တွေ့ဖူးပါတယ်။


  • အဲဒီအချိန်တုန်းက Show ကြည့်ရတဲ့ ခင်ဗျားရဲ့စိတ်လှုပ်ရှားမှု၊ စိတ်ခံစားမှုကို ပြောပြပါ။
          စတွေ့တာကတော့ ကျွန်တော်ရောက်တော့ ပွဲက စနေပါပြီ။ အဝေးကတည်းက အသံတွေ ကြားနေရတယ်။ တဖြည်းဖြည်းနီးတော့ အသံကျယ်လာတယ်။ တစ်ခါမှ မကြားဖူးတဲ့ ကျယ်နည်းနဲ့ကို ကျယ်ပါတယ်။ နှလုံးတွေက လိုက်ခုန်ပါတယ်။ မြင်ကွင်းကို တွေ့လိုက်တာနဲ့ ဖျဉ်းကနဲ ဖျဉ်းကနဲဖြစ်ပါတယ်။ အငဲနဲ့ ကျွန်တော် တစ်ယောက်လက် တစ်ယောက်ဆွဲပြီး ငိုင်ကျသွားတာ ပွဲပြီးတဲ့အထိပါပဲ။ နောက်တစ်ပတ်လောက် အဲဒီ အသံကျယ်ကျယ်ကြီးကို စွဲနေပါတယ်။ အဲဒီ Show မှာ အကြိုက်ဆုံးကတော့ “ဒေါက်.. ဒေါက်.. ဘယ်သူလဲ” နဲ့ ကိုဘိုဘိုဟန်သီချင်း “ပန်းရောင်ဝတ်ထားတာ .. တကယ်ပါပဲ လှတယ်” အဲဒီသီချင်းပါ။


Unknown February 05, 2013
Read more ...
1996, summer, Myanmar Pop rock legendary Htoo Eian Thin (late), Classic Rock Legendary Lay Phyu and Hip Hop Legendary Myo Kyawt Miang were captured together. This Photo is one legacy for Myanmar Music Lovers. ဟိုတစ်ချိန်က၊ မြန်မာနာမည်ကျော် အနုပညာရှင်များဖြစ်ကြသော ထူးအိမ်သင်၊ လေးဖြူ၊ မြိုးကျော့မြိုင် တို့ ၁၉၉၆ နွေ တွင် အတူဓာတ်ပုံရိုက်စဉ်။


 Photo@Friend's FB
Unknown April 26, 2012
Read more ...