Results for Thai News

 မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှု အရေးကို  ဖြေရှင်းရန် အမေရိကန် ပြဋ္ဌာန်းထားသော Burma Act  အပါ အဝင် နိုင်ငံတကာနှင့်ပူးပေါင်းမည်ဟု  ထိုင်းရွေးကောက်ပွဲ အနိုင်ရ Move Forward Party ပါတီခေါင်းဆောင် Pita Limjaroenrat က ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။ 


ထိုင်းနိုင်ငံ ရွေးကောက်ပွဲတွင် မဲအများဆုံးနှင့် အမတ်နေရာ အများဆုံး အနိုင်ရရှိထားသော Move Forward Party ပါတီခေါင်းဆောင် Pita Limjaroenrat က မြန်မာ့အရေး ဖြေရှင်းရန် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင် အထည်ဖော်ရန် အရေးကြီးကြောင်း၊ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရန် ထိုင်းနိုင်ငံ အနေဖြင့် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။ 

မြန်မာပြည်သူများကို အကူအညီပေးရေးအတွက် ထိုင်းနှင့် မြန်မာနိုင်ငံအကြားတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လမ်းကြောင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

"ထိုင်းနိုင်ငံရဲ့ ပါဝင်ပတ်သက်မှုမရှိဘဲ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်က အောင်မြင်မှု မရနိုင်ပါဘူး။ ကျနော်တို့အနေနဲ့ ထိုင်း-မြန်မာအကြားမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လမ်းကြောင်းဖွင့်ပါ့မယ်။ ဒီလိုဖွင့်ဖို့လည်း ဥပဒေတွေအရ လုပ်ဆောင်နိုင်သလို အရင် အတိတ်ကာလတွေမှာလည်း ဒီလိုလုပ်ခဲ့တာတွေရှိပါတယ်" ဟု   Move Forward Party ပါတီခေါင်းဆောင် Pita Limjaroenratက ဆက်ပြောသည်။ 

ထို့ပြင် မြန်မာ့အရေး ဖြေရှင်းရန် အတွက် အမေရိကန်ပြည်ထောင်စုက ပြဋ္ဌာန်းထားသော Burma Act ဥပဒေက အရေးကြီးသကဲသို့ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ပြီး လုံလောက်သည့် ဖိအားနှင့် မက်လုံးများပေးခြင်းဖြင့် ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

နိုင်ငံတကာအရေးနှင့်ပတ်သက်ပြီး ပြောဆိုရာတွင် Move Forward Party ပါတီခေါင်းဆောင် Pita Limjaroenrat က "အမှန်တရားက ခွန်အားပါ။ ခွန်အားကတော့ အမှန်တရားမဟုတ်ပါဘူး" ဟု ပြောဆိုသည်။ 

ထိုင်းနိုင်ငံရွေးကောက်ပွဲတွင် Move Forward Party ပါတီ အမတ်နေရာ ၁၅၁ နေရာနှင့် လူထုထောက်ခံမှုဆန္ဒမဲ အများဆုံးရရှိထားသော ရွေးကောက်ပွဲအနိုင် ရ ထိပ်ဆုံးပါတီလည်းဖြစ်သည်။ 

Move Forward Party ပါတီ ခေါင်းဆောင် Pita Limjaroenrat သည် အမေရိကန်ဟားဗက်တက္ကသိုလ်ဘွဲ့ရ တစ်ဦးဖြစ်ပြီး အသက် ၄၂ နှစ်အရွယ်ရှိနေပြီဖြစ်သည်။

 ရွေးကောက်ပွဲအနိုင်ရ Move Forward Party ပါတီ ခေါင်းဆောင် Pita Limjaroenratက  ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် မဟာမိတ်ပါတီများနှင့်ပူးပေါင်း ၍ အစိုးရသစ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ယနေ့ တရားဝင် ထုတ် ပြန်ကြေ ညာသည်/

Source: Khit Thit Media 


Buz Blogger May 15, 2023
Read more ...

 မေ ၁၄ ရက်မှာ ကျင်းပတဲ့ ထိုင်းရွေးကောက်ပွဲမှာတော့ မထင်မှတ်ထားဘဲ ဝန်ကြီးချုပ်ဟောင်း သက်ဆင်မိသားစုထူထောင်ထားတဲ့ ဖွေထိုင်းပါတီကို လူငယ်ကြိုက် Move Forward ပါတီက မဲ နှာတစ်ဖျားအသာနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။


ရွေးကောက်ပွဲကြိုမဲဆွယ်မှုတွေမှာ ‘ထိုင်းစစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့ ထိုင်းဘုရင်မိသားစုအပေါ် စော်ကားပြောဆိုမှုအပေါ် အရေးယူတဲ့ဥပဒေကို ဖျက်သိမ်းမယ်၊ အခြေခံလုပ်ခလစာကို မြှင့်တင်ပေးမယ်’လို့ ကြွေးကျော်ခဲ့တဲ့ Move Forward ကွိုင်ကိုင် ပါတီဟာ ပဏာမမဲစာရင်းရလဒ်အရ လွှတ်တော်အမတ် ၄၀၀ စာမှာ ၁၁၃ နေရာ အောင်နိုင်ခဲ့ပြီး ဖွေထိုင်းပါတီက အမတ်နေရာ ၁၁၂ နေရာ အနိုင်ရခဲ့ကြောင်း သိရပါတယ်။

အရင်ရွေးကောက်ပွဲသမိုင်းမှာ ရှေးရိုးစွဲဝါဒီတွေလွှမ်းမိုးထားတဲ့ ဘန်ကောက်ခရိုင်အမတ် ၃၃ နေရာမှာလည်း Move Forward ပါတီက ပဲ အမတ်နေရာများစွာကို အနိုင်ရရှိခဲ့ပြီး ဘမ်ဂျိုင်ထိုင်းပါတီက အမတ်နေရာ ၆၄ နေရာ၊ ဝန်ကြီးချုပ်ဟောင်း ပရာယွတ်ရဲ့ ယူနိုက်တက်ထိုင်းနေးရှင်းပါတီက အမတ်နေရာ ၂၄ နေရာ၊ ဒုဝန်ကြီးချုပ်ဟောင်း စစ်တပ်ထောက်ခံ ပရာဝပ်ရဲ့ ပါလန်းပရာချာရတ်ပါတီက အမတ် နေရာ ၄၀ မှာ အနိုင်ရရှိခဲ့ကြောင်း မဏာမ မဲစာရင်းရလဒ်အရ သိရှိရပါတယ်။
မဲရလဒ်တွေအရ ပရာယွတ်ဟာ စစ်တပ်က ခန့်ထားနှင့်ပြီးသား လွှတ်တော်အမတ်တွေပေးတဲ့ မဲနဲ့ပေါင်းပြီး မဟာမိတ်ပါတီတွေနဲ့ညွှန်ပေါင်းအစိုးရဖွဲ့ဖို့လည်း မဖြစ်နိုင်တော့တာကြောင့် ၈ နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် ထိုင်းဝန်ကြီးချုပ်သစ် ပြောင်းလဲသွားတော့မှာလည်းဖြစ်ပါတယ်။
၂၀၀၁ ခုနှစ်က ရွေးကောက်ပွဲနောက်ပိုင်း ရွေးကောက်ပွဲတိုင်း မဲအများဆုံးရခဲ့တဲ့ ဖွေထိုင်းပါတီဟာလည်း ဒီတစ်ကြိမ် Move Forward ပါတီကို မဲအရ နိမ့်ပါး ရရှိခဲ့တာကြောင့် ပါတီခေါင်းဆောင် သက်ဆင်ရဲ့ သမီး ပေထောင်တန်ဟာ Move Forward ပါတီ ခေါင်းဆောင် ပီတာလင်ဂျာရိုအန်ရတ်ကို ဝန်ကြီးချုပ်တင်မြှောက်ပြီး နှစ်ပါတီပူးပေါင်းလို့ ညွှန်ပေါင်းအစိုးရဖွဲ့သွားရေး စတင် စီစဉ်နေပြီလို့လည်း သတင်းတွေ ခိုင်ခိုင်မာမာ ထွက်ပေါ်လာပါတယ်။
Move Forward ပါတီဟာ ဒီမိုကရေစီကို ဦးထိပ်ထားပြီး အသက် ၄၂ နှစ်သာရှိသေးတဲ့ ဟားဗတ်စ်တက္ကသိုလ် ဘွဲ့ရ ပီတာဟာ Grab Thailand ရဲ့ အမှုဆောင်ဒါရိုက်တာဟောင်းလည်းဖြစ်ပါတယ်။
သူ့ပါတီဟာ ၂၀၂၀ ပြည့်နှစ် က ထိုင်းစစ်အာဏာရှင်စနစ်နဲ့ ဘုရင်ဆွေတော်မျိုးတော်တွေကို ဦးစားပေးထားတဲ့ ဥပဒေတွေကို တော်လှန်တဲ့ လူငယ်သပိတ်မှာ ဦးဆောင်ပါဝင်ခဲ့တာမဟုတ်ပေမယ့် ဒီသပိတ်တုန်းက တက်ကြွလှုပ်ရှားသူ လူငယ်တွေကို အမတ်တွေအဖြစ် ခန့်အပ်ထားခြင်းကနေ လူငယ်ထုပေးတဲ့ မဲအများဆုံးရရှိပြီး မဲအနိုင်ရသွားတာလည်းဖြစ်ပါတယ်။
ဒီမျိုးဆက်ထဲက လူငယ်ပေါင်း ၃.၃ သန်းဟာ အခု ရွေးကောက်ပွဲမှ ပထမဆုံး မဲပေးခွင့်ရသူတွေဖြစ်ခဲ့ပြီး ဒီမဲ အများစုဟာ ပီတာရဲ့ Move Forward ပါတီကို မဲအများဆုံး ရရှိစေခဲ့တာလို့ ဆိုပါတယ်။
ဒါပေမဲ့ ထိုင်းအောက်လွှတ်တော် ကိုယ်စားလှယ်နေရာ ၅၀၀ မှာ စစ်တပ်က ကြိုတင်ခန့်ထားပြီးသား ရွေး ကောက်ခံမဟုတ်တဲ့ ကိုယ်စားလှယ် ၂၅၀ ရှိနေပြီးသားဖြစ်လို့ Move Forward ပါတီဟာ သူရထားတဲ့ ကိုယ်စား လှယ် ၁၁၃ ယောက်နဲ့ အစိုးရမဖွဲ့နိုင်သေးလို့ ဖွေထိုင်းနဲ့ မဟာမိတ်ဖွဲ့ပြီး ညွှန်ပေါင်းအစိုးရဖွဲ့လို့ ပီတာကို ဝန်ကြီးချုပ်တင်မြှောက်ဖို့ စီစဉ်လိမ့်မှာဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်ဟာ ရွေးကောက်ပွဲအပြီး ရက် ၆၀ အတွင်းမှ မဲရလဒ်အတည်ကို ထုတ်ပြန်မှာဖြစ်လို့ စည်းကမ်းနဲ့ မညီတဲ့ မဲအနိုင်ရမှုတွေကနေ ကိုယ်စားလှယ်နေရာ ဆုံးရှုံးမှုတွေ ရှိလာနိုင်သေးတယ်လို့လည်း သိရပါတယ်။
Buz Blogger May 15, 2023
Read more ...