သတင်းထောက်- “ သမ္မတကြီးခင်ဗျား...အခု သမ္မတကြီးလက်ထက် မူးယစ်ဆေးဝါးနှိမ်နင်းမှုကြောင့် ၆လအတွင်း သေဆုံးခဲ့သူ ၅၀၀၀ကျော် ရှိပါတယ်။ ဒီအရေအတွက်ဟာ ဖိလစ်ပိုင် အာဏာရှင်မားကို့စ် လက်ထက် ၉ နှစ်တာ ကာလမှာ သေဆုံးခဲ့တဲ့ လူထက် ပိုများနေပါတယ်”
ဒူတာတွေ- “အမေရိကန်မှာ မူးယစ်ဆေးဝါးနဲ့ နွယ်တဲ့ အမှုတွေကြောင့် သေဆုံးသူ ၄သောင်းကျော်တယ်. အဲဒီတော့ ဖိလစ်ပိုင်နဲ့....ဘာကွာသွားသလဲ မေးစမ်းပါရစေ
သတင်းထောက်- ဒါနဲ့ ဆက်စပ်ပြီး..အမေရိကန်က အပြစ်မပေးပါဘူး..
ဒူတာတေ- ငါသိတယ်လေ..စကားမစပ် မေးစမ်းပါရစေ..အမေရိကန်ဟာ...အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးရဲ့ အဖွဲ့ဝင် မဟုတ်ဘူး..ဆိုတာ မင်းသိလား?? ဒါနဲ့တောင်မှ ဟိုနိုင်ငံ ခြိမ်းခြောက်လိုက်... ဒီနိုင်ငံ ခြိမ်းခြောက်လိုက်..နဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေကို ဝင်ရောက်စွက်ဖက်နေတာ..ဒါမျိုး ငါ့ကို လာမလုပ်နဲ့...ငါပြောသလို လုပ်..ငါလုပ်သလို လိုက်မလုပ်နဲ့.ဆိုတာ မင်းတို့ပဲလို့ ငါမြင်တယ်..
ငါ့နိုင်ငံသားသေတဲ့ ကိစ္စ လာမပြောနဲ့....မင်းတို့ နိုင်ငံပေါင်းများစွာကို ဖျက်ဆီးခဲ့ပြီး သူများရဲ့ သူတို့ရဲ့ အချုပ်အချာအာဏာကို အနိုင်ကျင့်ခဲ့တယ်။
အဲဒီတော့ အမေရိကန်အနေနဲ့ ကိုယ်ကျင့်သိက္ခာပိုင်းအရ အခုလို နိုင်ငံတွေအပေါ် ကျူးလွန်ခဲ့တာ ဘာလဲ...ပြောစမ်းပါ။ အမေရိကန်အနေနဲ့ လူ့အခွင့်အရေးဆိုတဲ့ နာမည်သုံးပြီး...အချုပ်အချာအာဏာပိုင်နိုင်ငံတွေအပေါ်...ကျူးလွန်ခဲ့တဲ့ ကိစ္စတွေ မနည်းတော့ဘူး...
No comments: