အမေရိကန်နိုင်ငံ Taxes ပြည်နယ်တွင် အသက် ၄၂ ရွယ်မိခင်ဖြစ်သူ Christy Sheats က သမီးအရင်းများဖြစ် သော အသက် ၂၂ ရွယ်ရှိ Taylor နှင့် အသက် ၁၇ ရွယ်ရှိ Madison တို့ကိုသေနက်နဲ့ပြစ်သတ်လိုက်ပါတယ်။
တာဝန်ရှိသူများပြောချက်အရ အိမ်တွင်းရေးစကားများရာမှစတင်ကြောင်းသိရပါတယ်။ ဒီအခင်းဟာ ဖခင်ဖြစ်သူ Jason Sheats ၏မွေးနေ့ ဇွန်လ ၂၄ ရက်နေ့ တွင်ဖြစ်ပါတယ်။
ဖခင်ဖြစ်သူ က "မပြစ်ပါနဲ့ သူတို့ဟာကျွန်တော်တို့ရဲ့သမီးတွေပါ" ဟုကြိမ်ကြိမ်တောင်းပန်သော်လည်း မိခင်က တစ်ယောက်ကို ၃နက်စီပြစ်ထည့်လိုက်ပါတယ်။ သမီးငယ်သည်အခင်းဖြစ်ပွားရာ နေအိမ်တွင်သေဆုံးပြီး သမီး ကြီးမှာဆေးရုံတွင်သေဆုံးကြောင်းသိရပါတယ်။
မိခင်ဖြစ်သူ Christy သည် ရဲများလာတဲ့အထိ လက်နက်မချသဖြင့် ရဲများက သူ့ကိုပြစ်သတ်လိုက်ပါတယ်။
No comments: