ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ရသည့် ပြည်သူများနှင့် လူငယ်များအား လူသားချင်းစာနာထောက်ထားမှုဖြင့် ကူညီကာကွယ်ပေးကြရန် နိုင်ငံတကာကို တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်သည်။


စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး တော်လှန်ရေးအင်အားစုများ၊ ပြည်သူလူထု နှင့် နိုင်ငံတကာသို့ တိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန်ရာတွင် အထက်ပါအတိုင်း ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီက ကျူးလွန်သည့် ရာဇဝတ်မှုများကို နိုင်ငံတကာက ထိရောက်စွာ ဟန့်တားအရေးယူနိုင်ခြင်းမရှိသဖြင့် ယခုကဲ့သို့ ပိုမိုပြင်းထန်သောရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်လာခြင်းဖြစ်ကြောင်း NUCC က ပြောထားသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေသည် စစ်ကောင်စီကြောင့်ဖြစ်သော ဒေသတွင်းမတည်ငြိမ်မှုကို ပို၍ ပြင်းထန်ဆိုးရွားစေမည်ဖြစ်သည့်အတွက် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများအနေဖြင့် အလျင်အမြန်တုံ့ပြန်ရမည်ဖြစ် သည့်အတွက် စစ်ကောင်စီအား ထိရောက်စွာအရေး ယူဆောင်ရွက်ရန်လည်း တိုက်တွန်းသည်။
ထို့ပြင် တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း လုံခြုံရေးစည်းကို မကျိုးပေါက်စေဘဲ ထိုအခြေအနေကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ရန် အသင့်ပြင်ဆင်ထားရမည်ဖြစ်သည့်အပြင် လူငယ်များ၊ ပြည်သူများအနေဖြင့်လည်း စစ်မှုထမ်းရန် အတင်းအဓမ္မစုဆောင်းမခံလိုလျှင် တော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်ပြီး လွတ်မြောက်နယ်မြေများသို့ လာရောက်ပူးပေါင်း၍ နွေဦးတော်လှန်ရေးတွင် ပြတ်ပြတ်သားသားပါဝင်ကြရန် တိုက်တွန်းကြောင်းလည်း NUCCက ဆိုထားသည်။
NUCC အနေဖြင့်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများ အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး ပြည်သူလူထုနှင့် လူငယ်များအား အကာအကွယ်ပေးနိုင်ရန် လိုအပ်သည့် လုပ်ငန်းစဉ်နှင့် အစီအမံများအား အမြန်ဆုံး ဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
ယခင် နအဖ စစ်အစိုးရလက်ထက်က ပြဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ယခုလ ၁၀ ရက်နေ့တွင် အသက်သွင်းခဲ့ခြင်းဖြစ်ပြီး အရပ်သားများကို စစ်မှုထမ်းဆောင်ခိုင်းရန် လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အပြင် နေပြည်တော်၊ တိုင်းနှင့်ပြည်နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်နေသည်။
ထိုသို့ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းခြင်းသည် ၎င်းတို့ဖန်တီးထားသည့် အထွေထွေအကျပ်အတည်းများကြားတွင် ဒုက္ခပင်လယ်ဝေနေသည့် ပြည်သူလူထုတရပ်လုံးကို ပိုမိုပြင်းထန်စွာ ဖိနှိပ်လိုက်ခြင်းဖြစ်ပြီး ပြည်သူလူထုအား အတင်းအဓမ္မ အစဖျောက်ရန် ကြိုတင်ပြင်ဆင်လာခြင်းဖြစ်ကြောင်း NUCC က ထောက်ပြထားသည်။
ထို့ပြင် တိုင်းပြည်၏ အနာဂတ်ဖြစ်သည့် ကျောင်းသား၊ လူငယ်များအား စစ်မြေပြင်သို့ အတင်းအကျပ်တွန်းပို့ခြင်း၊ လူသားဒိုင်းအဖြစ်အသုံးပြုရန် ကြံစည်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကို ဗြောင်ကျကျ ကျူးလွန်ခြင်းဖြစ်ကြောင်းလည်း ဆိုထားသည်။
လက်ရှိတွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက် ထိုင်းနိုင်ငံသို့သွားရောက်ရန် မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးတွင် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူများပြားနေသည့်အတွက် တနေ့လျှင် ဗီဇာလျှောက်ထားသူအရေအတွက် လူဦးရေ ၄၀၀ သာ လက်ခံတော့မည်ဖြစ်ကြောင်း ထိုင်းသံရုံးက ကန့်သတ်သည်အထိ ဖြစ်ပေါ်ခဲ့သည်။
(မဇ္ဈိမ) ။ ။
Buz Blogger February 15, 2024
Read more ...

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့တိုက်ပွဲတွင် လက်နက်ချ အညံ့ခံခဲ့သည့် စစ်ကောင်စီ တပ် သား ၁၉ ဦးနှင့်မိသားစုဝင် ၄၂ ဦး ကို KNU က ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက် ထား ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။


ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ တပ်မ ဟာ ၃၊ မူးမြို့နယ်၊ မုန်းမြို့ပေါ်တိုက်ပွဲများအတွင်း လက်နက်ချအညံ့ခံခဲ့သော စစ်ကောင်စီ တပ် သာား ၁၉ ဦးနှင့်မိသားစုဝင် ၄၂ ဦးကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ဆန်းပိုင်းက မုန်းမြို့ရှိ ခမရ ၅၉၀ တပ်ဝန်းအတွင်း ဝင်ရောက် တပ်စွဲထား သည့် ခလရ ၈၄ ဗိုလ်မှူးကျော်လတ်ခိုင်အပါအဝင် စစ်ကောင်စီတပ်သား ၁၉ ဦးနှင့် မိသားစုဝင် ၄၂ ဦး သည် KNLA ပူးပေါင်းတပ်ဖွဲ့ထံ လက်နက်ချအညံ့ခံခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်း၊ လက် နက် ကြီးဖြင့် လိုက်လံပစ်ခတ်မှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကာ နိုင်ငံတကာ ဥပဒေများနှင့် အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ပေးထားခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးမှ လက်နက်ချအညံ့ခံခဲ့သော စစ် ကောင် စီ တပ်သားများနှင့် ၎င်းတို့၏မိသားစုဝင်များကို ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့၌ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ညီလာခံ အစည်းအဝေးကြီးကအတည်ပြု ကြေငြာခဲ့သည့် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးကြေငြာ စာတမ်းပါ အပိုဒ် (၁)၊ အပိုဒ် (၃)၊ အပိုဒ် (၅) နှင့် အပိုဒ် (၉) ပါ အခွင့်အရေး များအား တစိုးတစိမျှ ချိုးဖောက်ခြင်းမရှိဘဲ လူသားတစ်ဦး၏ဂုဏ်သိက္ခာနှင့်အညီ ရှင်သန်ရပ် တည် နိုင်ရန် ကူညီစောင့်ရှောက် ပေးထားကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်က ဆိုသည်။
အကြမ်းဖက် စစ်ကောင်စီတပ်များအနေဖြင့် အဘက်ဘက်မှ ဆုတ်ယုတ်လာပြီး ၎င်းတို့၏ အာဏာဆက်လက်တည်မြဲရေးအတွက် ဝါဒဖြန့်ချိရေး ယန္တရားကိုအသုံးပြုကာ ၎င်းတို့၏အမြဲတစေ လုပ်ဆောင်ခဲ့သော ဘာသာရေးမှိုင်း၊ လူမျိုးရေးမှိုင်းနှင့် သတင်းအမှားများကိုအသုံးပြုပြီး တော် လှန်ရေး အဖွဲ့အစည်းများကို ပြည်သူလူထုများ အနေဖြင့်အထင်အမြင်လွှဲမှား အောင်လုပ် ဆောင် ခြင်းတို့ကို အားထုတ်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ပြည်သူလူထုများအနေဖြင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ ဝါဒဖြန့်ချိမှုများမှ ရှောင် ကြည် နိုင်ရန်အတွက် ရရှိလာသော သတင်းအချက်အလက်များကို သက်ဆိုင်ရာတော်လှန်ရေး အဖွဲ့ အစည်း၏ တရားဝင် လူမှုကွန်ရက်သတင်းစာမျက်နှာများ၊ ယုံကြည်စိတ်ချရသော သတင်းဌာန များက ထုတ်ပြန်သည့်သတင်းအချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်ရန် KNU ဗဟို က တိုက်တွန်းနှိုးဆော်ထားသည်။
Buz Blogger January 14, 2024
Read more ...

 အကျဥ်းထောင် အသီးသီးက အကျဥ်းသား၊ အကျဥ်းသူ ၂၉၂ ဦးကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ဇန်နဝါရီ ၁၂ ရက်နေ့ ဒီနေ့မှာ လွတ်ငြိမ်း‌ခွင့် ပေးတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။


၆၁ နှစ်ပြည့် တအာင်း အမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းခွင့်ပေးတာလို့ TNLA က ဆိုပါတယ်။

ထောင် တစ်လကနေ ငါးနှစ်အထိ ကျခံနေရသူ ၂၃၂ ဦး၊ ထောင်ဒဏ် ခုနစ်နှစ်ကနေ အနှစ် နှစ်ဆယ်အထိ ကျခံနေရသူ ခြောက်ဆယ်ဦးကို လွတ်ငြိမ်းခွင့် ပေးတာလို့ TNLA က ဖော်ပြပါတယ်။

ဒီထဲမှာ မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှု၊ မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်မှုနဲ့ ပြစ်မှု ကျူးလွန်ထားသူတွေ ပါတယ်လို့ ရေးသားထားပါတယ်။

ဒါပေမဲ့ တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေ မပါဘူးလို့ TNLA က ဖော်ပြထားပါတယ်။

Buz Blogger January 11, 2024
Read more ...

 ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ကြား ယာယီအပစ်အခတ် ရပ်စဲဖို့ တရုတ်နိုင်ငံ ကူမင်းမြို့ ဆွေးနွေးပွဲကနေ မနေ့က သဘောတူညီမှုရခဲ့တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့သူ တစ်ဦးက RFA ကို ဒီနေ့မနက်က အတည်ပြုပြောပါတယ်။


ဒီသဘောတူညီချက်ဟာ ဇန်နဝါရီလ ၁၁ ရက် ည ၁၀ နာရီမှာ လက်မှတ်ရေးထိုး အသက်ဝင်နေပြီလို့လည်း ပြောပါတယ်။

ဆွေးနွေးပွဲရလဒ်အဖြစ် နှစ်ဖက်တပ်တွေ ရောက်တဲ့နေရာမှာ အပစ်ရပ်ဖို့၊ မြောက်ပိုင်း အဖွဲ့တွေဘက်ကလည်း မြို့နဲ့ စခန်းသိမ်းတိုက်ပွဲတွေ ဆက်မလုပ်ဖို့နဲ့ စစ်ကောင်စီဘက် ကလည်း လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တဲ့ စစ်ဆင်ရေးတိုက်ပွဲတွေ မလုပ်ဖို့ သဘောတူညီမှုမှာ ပါဝင်တယ်လို့ ဆိုပါတယ်။

တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ကိုတော့ တိုက်ပွဲတွေ ငြိမ်သွား တဲ့အချိန်မှာ စစ်ကောင်စီ၊ မြောက်ပိုင်းသုံးဖွဲ့နဲ့ တရုတ်နိုင်ငံကြား ပြန်လည်ညှိနှိုင်းဆွေးနွေး သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီဆွေးနွေးပွဲရလဒ်ဟာ ရှမ်းမြောက်ဒေသအတွင်းအတွက်ပဲဖြစ်ပြီး ရခိုင်ဒေသအတွက်တော့ မပါဝင်ဘူးလို့ ဆွေးနွေးပွဲတက်ရောက်ခဲ့သူက ပြောပါတယ်။

တရုတ်နိုင်ငံ ကူမင်းမြို့မှာပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲကို MNDAA ဘက်က ဖုန်ခွန်း၊ ကျင်းရှင်နဲ့အဖွဲ့ဝင် ငါးဦး၊ ULA/AA ဘက်က ဒေါက်တာညိုထွန်းအောင်နဲ့အဖွဲ့ဝင် ခုနစ်ဦး၊ PSLF/TNLA ဘက်က ဗိုလ်မှူးချုပ် တာဘုန်းကျော်နဲ့ အဖွဲ့ဝင် ခုနစ်ဦး တက်ရောက်ခဲ့ကြပြီး စစ်ကောင်စီဘက်ကတော့ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နဲ့ အဖွဲ့ဝင် ငါးဦး တက်ရောက်ခဲ့တယ် လို့ ဆိုပါတယ်။ တရုတ်နိုင်ငံဘက်ကတော့ အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်း (Mr. Deng XinJun) အဖွဲ့ဝင်တွေ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ရှမ်းမြောက်ဒေသ ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း)၊ ကုန်းကြမ်း၊ သိန္နီ စတဲ့မြို့တွေကို MNDAA၊ AA နဲ့အတူ KNDF၊ PLA၊ BPLA စတဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့ တွေက သိမ်းပိုက်ထားပါတယ်။

ဟိုပန်နဲ့ ပန်လုံမြို့တွေကိုတော့ UWSA “ဝ” တပ်ဖွဲ့က သိမ်းယူထားတာပါ။

နမ့်ဆန်၊ မန်တုံ စတဲ့ တအာင်းဒေသက မြို့တွေအပြင် တရုတ်နယ်စပ် နမ့်ခမ်း၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူ စတဲ့မြို့တွေကိုတော့ TNLA နဲ့ မဟာမိတ်အဖွဲ့တွေက သိမ်းယူထားပါတယ်။ ဒါ့ကြောင့် ရှမ်းမြောက်ဒေသ ၂၂ မြို့နယ်ထဲက မြို့နယ်ပေါင်း ၁၅ မြို့ကို မြောက်ပိုင်းအဖွဲ့က သိမ်းပိုက်ထားပြီ ဖြစ်ပါတယ်။

Buz Blogger January 11, 2024
Read more ...

၁၀၂၇ စစ်ဆင်ရေးသည် အာဏာချိန်ခွင်လျှာကို မြန်မာစစ်တပ်ဘက်မှ တော်လှန်ရေး အင်အားစုများဘက်သို့ ပြောင်းစေသောအခါ မြေပြင်မှ လူမှုနိုင်ငံရေး ပကတိအခြေအနေများသည် သမားရိုးကျ နိုင်ငံတော်ပုံစံကိုသာမက ဖက်ဒရယ်ဝါဒ ဆွေးနွေးမှုများကိုပင် ကျော်လွန်သွားပြီး အနောက်နိုင်ငံများ၏ ကိုလိုနီစနစ်မတိုင်မီက အရှေ့တောင်အာရှ ဒေသခံ အုပ်ချုပ်ရေးပုံစံဖြစ်သည့် Mandala order မဏ္ဍလ ဗဟိုဖြန့်ထွက်စနစ်ကို ကျင့်သုံးရန် တောင်းဆိုလာသည်။


မြန်မာ၏ အနာဂတ်သည် “အမျိုးသား/ဖက်ဒရယ်စစ်တပ်” နှင့် “ဗဟိုနိုင်ငံတော်” ပြန်လည် ထူထောင်ခြင်းကို ငြင်းပယ်သည့် ပြောင်းလဲသွားသော နိုင်ငံရေးရည်မှန်းချက်ကို ဗဟိုပြုသည်။ ပကတိအခြေအနေက တောင်းဆိုသည့် အမျိုးမျိုးသော အုပ်ချုပ်ရေးစနစ်များ ပေါ်ပေါက်လာခြင်းကို သက်ဆိုင်သူအားလုံး ချိန်ညှိလက်ခံနိုင်ရန် ထိုအခြေခံစနစ် အပြောင်းအလဲကို လက်ခံရန် လိုအပ်သည်။ နောက်တဆင့်မှာ ထိုစနစ်များသည် ဒီမိုကရေစီကျမှု၊ အားလုံးအကြုံးဝင်မှု၊ အပြုသဘောဆောင်သော တုံ့ပြန်မှုနှင့် ကောင်းစွာညှိနှိုင်းမှု ရှိရမည်ဟု မိမိတို့ တောင်းဆိုသည်။

မြန်မာ့စီးပွားရေးသည် စစ်ကာလစီးပွားရေးသို့ ပြောင်းလဲသွားပြီဖြစ်သည်။ စစ်ကောင်စီဘက်က ကြည့်လျှင် မကြာသေးမီက ကမ္ဘာ့ဘဏ်က ဖော်ပြသည့်အတိုင်း ဘဏ်များမှ ငွေကြေးစုပြုံထုတ်ယူခြင်း၊ ငွေကြေးဖောင်းပွမှု၊ ကျေးလက်ဒေသများတွင် ရွာမီးရှို့ခြင်းကြောင့် လယ်ယာ မစိုက်ပျိုးနိုင်ခြင်းနှင့် အများပြည်သူဝန်ဆောင်မှုအတွက် အသုံးစရိတ်လျော့နည်းပြီး စစ်အသုံးစရိတ် မြင့်မားလာခြင်းတို့ကြောင့် ပြည်တွင်း စီးပွားရေး ပြိုလဲသွားပြီ ဖြစ်သည်။ နိုင်ငံတကာဖိအား၊ အရေးယူပိတ်ဆို့မှုများနှင့်အတူ မြင့်မားသော ဒေါ်လာငွေ လဲလှယ်နှုန်းနှင့် လေယာဉ်ဆီ၊ ဓာတ်ဆီဈေးနှုန်းသည် လောင်စာမှီခိုရသော ၎င်းတို့အုပ်ချုပ်ရေးကို မတည်မြဲနိုင်အောင် ဖြစ်စေသည်။

တော်လှန်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAOs) များဘက်ကကြည့်လျှင် ၁၀၂၇ စစ်ဆင်ရေးသည် ကြီးမားသော လူထုထောက်ခံမှုရှိပြီး ရင်းမြစ်များစီးဆင်းမှုရှိကာ ပြောက်ကျားနည်းဗျူဟာမှ ကောင်းစွာညှိနှိုင်းဆောင်ရွက်သော ထိုးစစ်သို့ ကူးပြောင်းလာသည့် သင်္ကေတဖြစ်သည်။ မြန်မာပြည်သူများသည် မကြုံဖူးသော အခက်အခဲများကို ရင်ဆိုင်နေရသော်လည်း တည်ငြိမ်မှု ပြန်လည်ရရှိစေမည်ဆိုလျှင်ပင် စစ်တပ်ဘက်က အောင်နိုင်သည်ကို လိုလားပုံမရပေ။

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်၏ မကြုံစဖူး တပ်စွန့်ခွာ ဘက်ပြောင်းမှုများက ပြသနေသည့်အတိုင်း စစ်သားများအကြား စိတ်ဓာတ်ကျဆင်းမှုနှင့်အတူ ပိုမိုကျယ်ပြန့်သော သုံးသပ်ချက်နှင့် စီးပွားရေး သရုပ်ခွဲလေ့လာမှုများအရ စစ်တပ်သည် ယခု စစ်ပွဲကို ဆက်လက် တိုက်ခိုက်နိုင်တော့မည်မဟုတ် ဆိုသည့်အချက်ကို ပြသနေသည်။

ဗိုလ်ချုပ်များက နိုင်ငံရေးထွက်ပေါက်ကို စိတ်မဝင်စားသော်လည်း နိုင်ငံတကာ အသိုက်အဝန်းသည် တော်လှန်ရေးကို ပြတ်ပြတ်သားသား ထောက်ခံရန် စိတ်အားထက်သန်ခြင်းမရှိကြဘဲ ၎င်းတို့၏ အကျိုးစီးပွားများကိုသာ ကာကွယ်လိုကြသည်။ မြွေမသေ တုတ်မကျိုးဆိုသည့် ရပ်တည်မှုမျိုးဖြစ်သည်။ ထောက်ခံမှု အနည်းငယ်သာပေးသော်လည်း ယခုအခါ ၎င်းတို့သည် မြန်မာ့အနာဂတ်၊ အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် EAOs များ မည်သို့လုပ်သင့်သည်ကို ဘဝင်မြင့်ကာ ဆွေးနွေးနေပြီး “အာဏာလစ်ဟာနယ်ပယ်” နှင့် “နိုင်ငံရေး တစစီပြိုခြင်း” အတွက် အစိုးရိမ်လွန်နေကြသည်။

ထိုရပ်တည်ချက်မှာ စစ်တပ်ပြိုကွဲသွားပြီးနောက် ပိုမိုပြင်းထန်သည့် အကြမ်းဖက်မှုများနှင့် ပဋိပက္ခဖြစ်လာမည်ဆိုသည့် နိုင်ငံရေးသမားနှင့် သုတေသီများ၏ ပြောဆိုချက်မှဖြစ်လာသော ရပ်တည်ချက်ဖြစ်သည်။ ထိုသို့သော အယူအဆမှာ မှားယွင်းရုံသာမက ၎င်းတို့ မျှော်လင့်ထားသည့် ဖရိုဖရဲ အခြေအနေများကိုပင် ဖြစ်စေနိုင်သည်။

ဖရိုဖရဲဖြစ်မှုနှင့် အကြမ်းဖက်မှုများသည် အကြောင်းနှစ်ခုကြောင့်သာ ဖြစ်နိုင်ကြောင်း မိမိတို့ အလေးထား ပြောလိုသည်။ ပြင်ပအနေဖြင့်ကြည့်ပါက ဗဟိုထိန်းချုပ်မှု မရှိသောကြောင့် မဟုတ်ဘဲ ဗဟိုထိန်းချုပ်မှုကို ပြန်လည်ထူထောင်ရန် ကြိုးစားခြင်းကြောင့် ဖြစ်နိုင်ပြီး အတွင်းပိုင်းအားဖြင့် ကြည့်ပါက အမျိုးမျိုးသော တိုင်းရင်းသားများ နေထိုင်သည့် ဒေသများတွင် သီးသန့် တိုင်းရင်းသားအခြေပြုစနစ်များ ထူထောင်ရန် ကြိုးစားမှုကြောင့် ဖြစ်နိုင်သည်။

“နိုင်ငံရေးအရ အစိတ်စိတ်အမွှာမွှာကွဲခြင်း” ကို အဓိကအားဖြင့် စိုးရိမ်ပူပန်နေသည်မှာ သုတေသီများနှင့် ရေပေါ်ဆီလူတန်းစားများသာ ဖြစ်သည်။ ရှည်ကြာစွာ တည်တံ့နေသည့် ဝ ပြည်နယ်ကဲ့သို့ နှစ်ဦး သို့မဟုတ် ထို့ထက်ပိုသော နိုင်ငံရေးအာဏာပိုင်များက အုပ်ချုပ်နေသည့် Mandala order မဏ္ဍလ ဗဟိုဖြန့်ထွက်စနစ် နိုင်ငံရေး အစီအမံကို အတွေ့အကြုံရှိပြီးဖြစ်သည့် သာမန်ပြည်သူများ မဟုတ်ပေ။ ထိုအချက်သည် နိုင်ငံရေး ရေပေါ်ဆီများအတွက် ထူးဆန်းသော အယူအဆဖြစ်နိုင်သော်လည်း သာမာန်ပြည်သူများအတွက် အလွန်လက်တွေ့ကျပြီး ပကတိ အခြေအနေမှန်ဖြစ်သည်။

မြေပြင်မှ ပကတိအခြေအနေများက သမားရိုးကျပုံစံ နိုင်ငံတော်စနစ်ထက် ကျော်လွန်သည့် အယူအဆသစ်ကို တောင်းဆိုသည်။ ယခုအချိန်သည် ပြည်သူများကို ဗဟိုချုပ်ကိုင်မှု ကျယ်ကျယ်ပြန့်ပြန့် ‌ဖြေလျှော့သည့် ဖက်ဒရယ်စနစ်တခု ကျင့်သုံးခြင်းထက် ၎င်းတို့အသားကျပြီးသည့် အုပ်ချုပ်ရေးစနစ်တခုကို ပေးရန် အခွင့်အခါသင့်သော အချိန်ဖြစ်သည်။ ဖက်ဒရယ်စနစ်ကို ထူထောင်ခြင်းသည်ပင် တစုံတရာသော အတိုင်းအတာရှိ ဗဟိုအာဏာပိုင်ဖြစ်သည့် “ဖက်ဒရယ်အစိုးရ” ကို မလွှဲသာမရှောင်သာ လိုအပ်နေသည်။

နိုင်ငံတော်စနစ်ကို မှီခိုသည့် ထိုသို့သော ပုံစံများသည် NUG သို့မဟုတ် ထိုကိစ္စကို တာဝန်ယူရသည့် မည်သူမဆိုအတွက် တခုတည်းသော နိုင်ငံရေး ဦးဆောင်မှုနှင့် ရည်မှန်းချက်အောက်တွင် EAOs အားလုံးကို ညီညွတ်အောင် လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်သည်။ ထိုကိစ္စသည် မဖြစ်နိုင်သလောက်ပင်ဖြစ်ပြီး လွန်ခဲ့သော ဆယ်စုနှစ် ခုနစ်ခုကျော်အတွင်း မည်သည့် နိုင်ငံရေးသမားမှ မလုပ်ဆောင်နိုင်ခဲ့သော ကိစ္စဖြစ်သည်။

ဗဟိုကွပ်ကဲမှုထူထောင်ရေး လက်ရှိ စိတ်အားထက်သန်မှုသည် အနောက်တိုင်း သုတေသီများ၏ အယူအဆမှ လာသည်။ အတိုက်အခံ အင်အားစုများအကြား ညီညွတ်မှု မရှိခြင်းကြောင့် ပြည်ပအစိုးရများက အဓိပ္ပာယ်ပြည့်ဝသည့် အကူအညီ မပေးခြင်းဖြစ်သည်ဟု အနောက်တိုင်းသုတေသီများက ပြောဆိုကြသည်။ NUG နှင့် EAOs များသည် တခုတည်းသော နိုင်ငံရေး ဦးဆောင်မှုအောက်တွင် ဗဟိုကွပ်ကဲမှု ထူထောင်ရမည်ဟု နိုင်ငံတကာ မူဝါဒချမှတ်သည့် အသိုက်အဝန်းက တောင်းဆိုလျှင် ထိုကိစ္စသည် အောင်မြင်မည် မဟုတ်ကြောင်း ထင်ရှားသည်။

အတိုက်အခံအင်အားစုများက စစ်ကောင်စီကို ဖြုတ်ချရန် ဘုံရည်မှန်းချက် ရှိကြသော်လည်း မြေပြင် ပကတိ နိုင်ငံရေးအခြေအနေသည် တခုတည်းသော ဗဟိုကွပ်ကဲမှု သို့မဟုတ် ပူးတွဲကွပ်ကဲမှုကို ဆန့်ကျင်သလောက် နီးနီးဖြစ်နေသည်။ ထင်ရှားသော ဥပမာတခုမှာ ချင်းပြည်နယ်ဖြစ်ပြီး ချင်းပြည်နယ်တွင် စစ်ရေးအောင်မြင်မှု ရှိသော်လည်း နိုင်ငံရေးသမားများသည် ကြီးထွားနေသည့် ပထဝီအနေအထားနှင့် ဘာသာဗေဒ ကွဲပြားမှုများကို အခြေခံသည့် အတွင်းပိုင်း သဘောထားကွဲလွဲမှုများကို ရင်ဆိုင်နေရသည်။

အလားတူစွာပင် ရှမ်းပြည်နယ်တွင်လည်း ဒေသခံ ရှမ်းအုပ်စုများသည် အချိုးနှိမ်ခံရခြင်းကို စိတ်ပျက်နေကြပြီး တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့နှင့် ပတ်သက်သော ကာလရှည်ကြာသည့် နာကျည်းချက်များ ရှိကြသည်။

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင်လည်း အတိုက်အခံ လက်နက်ကိုင်အုပ်စုများနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများအကြား ပဋိပက္ခများ ရှိသည်။ တချိန်တည်းတွင် ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က အခြားအုပ်စုများ၏ ရည်မှန်းချက်များနှင့်မတူဘဲ ကွန်ဖက်ဒရေးရှင်းစနစ် လုပ်ဆောင်ရန် ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်ကို အထိအလင်း ထုတ်ဖော်ပြောဆိုထားသည်။

မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေသည် ၁၃ ရာစုက ပုဂံအင်ပါယာ ပြိုကွဲပြီးနောက် သမိုင်းခေတ်ကို ပြန်လည်အမှတ်ရစရာ ဖြစ်သည်။ ထိုစဉ်က နိုင်ငံရေး ဦးဆောင်မှုကင်းမဲ့သည့် နှစ်ပေါင်း ၂၅၀ ကို ကြုံတွေ့ရပြီး တိုင်းလူမျိုးစုက လန်းနဘုရင့်နိုင်ငံ ထူထောင်ခြင်း အပါအဝင် မြင်စိုင်း၊ ပင်းယ၊ စစ်ကိုင်း၊ တောင်ငူ၊ ဟံသာဝတီ၊ အင်းဝ စသည့် အမျိုးမျိုးသော ဒေသအကန့်အသတ်ရှိသည့် ဘုရင့်နိုင်ငံငယ်များ ပေါ်ပေါက်လာခဲ့သည်။

လက်ရှိအချိန်တွင် အုပ်စုအမျိုးမျိုးတို့သည် သက်ဆိုင်ရာဒေသများကို ထိန်းချုပ်ထားကြပြီး ထိရောက်သော အုပ်ချုပ်ရေးအတွက် ပြည်တွင်းနှင့် နိုင်ငံတကာ စေ့စပ်ညှိနှိုင်းမှုများ လိုအပ်နေသည်။ ဥပမာအားဖြင့် ဆိုရပါက ချင်းလူမှုအသိုက်အဝန်းများသည် အိန္ဒိယ-မြန်မာ နယ်စပ်မြို့များကို စီမံအုပ်ချုပ်နေပြီး တရုတ်နယ်စပ်တွင် အုပ်ချုပ်ရေး စတင်သည့် MNDAA သည် အခြားအုပ်စု အမျိုးမျိုးနှင့် ရှုပ်ထွေးသော ဆွေးနွေးမှုများ ပြုလုပ်ရမည် ဖြစ်သည်။ အလားတူစွာ ယခုအခါ ကောလင်းကို ထိန်းချုပ်ထားသည့် NUG သည် ထိရောက်သော အုပ်ချုပ်ရေး အကောင်အထည်ဖော်ရန် စိန်ခေါ်မှုများကို ရင်ဆိုင်ရမည်ဖြစ်သည်။

ထိုအာဏာစနစ်သည် ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ရှုပ်ထွေးသော မဟာမိတ်များ၏ မဏ္ဍလ စနစ် သဘောသဘာဝကို ထင်ဟပ်နေပြီး ထိုစနစ်သည် မဝေးကွာသေးသော အတိတ်က ဒေသခံပြည်သူများ အကျွမ်းတဝင်ရှိသည့် စနစ်တခုဖြစ်သည်။

မဏ္ဍလ ဗဟိုဖြန့်ထွက်စနစ်သည် ခေတ်သစ် နိုင်ငံပုံစံ နိုင်ငံတော်စနစ်နှင့်မတူဘဲ နိုင်ငံရေးအာဏာဗဟိုချက် အများအပြားရှိပြီး ဗဟိုချက်မှဝေးလေ အာဏာကျဆင်းလေ ပုံစံ နိုင်ငံတော်များကဲ့သို့ ကောင်းစွာ သတ်မှတ်ထားသည့် နယ်နိမိတ်မရှိဘဲ သေချာစွာ သတ်မှတ်မထားသည့် ဝင်ထွက်လွယ်သော နယ်နိမိတ်များရှိမည် ဖြစ်သည်။

အဆိုပါ မဏ္ဍလ ဗဟိုဖြန့်ထွက်စနစ်အတွင်းတွင် နိုင်ငံရေးယူနစ်များသည် အထက်အောက် အဆင့်ဆင့်တည်ရှိပြီး လက်အောက်ခံနည်းကာ အရှင်သခင်ဘုရင်တဦး ရှိနိုင်သည်။ သစ္စာခံမှုများသည် မတည်ငြိမ်ဘဲ ရောထွေးနေနိုင်ပြီး ထိုင်းသမိုင်းပညာရှင် သောင်ချိုင် ဝီနီချာကူ ပြောသည့်အတိုင်း ဆိုရပါက “ဘုရင်တပါးစီတွင် သီးခြားနန်းတော်၊ အုပ်ချုပ်ရေးစနစ်၊ ဘဏ္ဍာရေးစနစ်၊ အခွန်စနစ်၊ စစ်တပ်နှင့် တရားစီရင်ရေး စနစ်များရှိသည်” ဟု ဆိုရမည်ဖြစ်သည်။ ထို့ကြောင့် ထိုနိုင်ငံရေး ယူနစ်များသည် သိသာထင်ရှားသော ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် လွတ်လပ်ရေးကို ထိန်းသိမ်းထားနိုင်ကြသည်။

သစ်လွင်ပြီး လိုက်လျောညီထွေ တုံ့ပြန်နိုင်သည့် မဏ္ဍလ ဗဟိုဖြန့်ထွက်စနစ်ကို တောင်းဆိုခြင်း

သစ်လွင်ပြီး လိုက်လျောညီထွေ တုံ့ပြန်နိုင်သည့် မဏ္ဍလ ဗဟိုဖြန့်ထွက်စနစ်ကို တောင်းဆိုခြင်းနှင့်အတူ ပိုမိုအာရုံစိုက်ရမည့်အချက်မှာ ဖက်ဒရယ်/အမျိုးသား တပ်မတော် ထူထောင်ရန် ကြိုးစားခြင်း မဟုတ်ဘဲ ဒီမိုကရေစီကျ၊ အားလုံးပါဝင်၊ ကိုယ်စားပြုသော အုပ်ချုပ်ရေး ပေါ်ပေါက်ရေးဖြစ်သည်။

ထိုချဉ်းကပ်ပုံနည်းလမ်းတွင် (၁) ဖက်ဒရယ်ဖြစ်စေ၊ ကွန်ဖက်ဒရယ်ဖြစ်စေ မြန်မာနိုင်ငံတဝန်းတွင် အမျိုးမျိုးသော အုပ်ချုပ်ရေးပုံစံများ ပေါ်ပေါက်လာခြင်းကို အသိအမှတ်ပြုခြင်း၊ (၂) ဆက်လက် ရပ်တည်နိုင်ရေး လတ်တလော စိုးရိမ်ပူပန်မှုဖြစ်နေသော ဒေသခံများအတွက် ထိရောက်သော ဒေသဆိုင်ရာ အုပ်ချုပ်မှုပေး‌ရေးသည် နိုင်ငံတကာ အသိအမှတ်ပြုမှုထက် အရေးပါကြောင်း လက်ခံပြီး သိမ်းပိုက်ထားသော နယ်မြေများတွင် ဒီမိုကရက်တစ်၊ အားလုံးအကျုံးဝင်၊ ကိုယ်စားပြုသော အုပ်ချုပ်ရေး ထူထောင်ရန် ဦးစားပေးခြင်း၊ (၃) ဗဟိုကွပ်ကဲမှုစနစ် တည်ထောင်ခြင်းအတွက် အချိန်နှင့် ရင်းမြစ်များ အသုံးပြုခြင်းကို ရှောင်ရှားပြီး မတူညီသော နိုင်ငံရေးယူနစ်များအကြား ညှိနှိုင်းဆောင်ရွက်မှုများကို ပျိုးထောင်ခြင်းတို့ ပါဝင်သည်။

ပိုမိုအရေးပါနိုင်သည့်အချက်မှာ မြန်မာမှ နိုင်ငံရေးစနစ်သစ် သို့မဟုတ် စနစ်သစ်များသည် ရှမ်းပြည်ဖြစ်စေ၊ ရခိုင်ပြည်ဖြစ်စေ၊ စစ်ကိုင်းတိုင်းဖြစ်စေ ဒေသများတွင် လူမျိုး အမျိုးမျိုးနေထိုင်သည်ကို အသိအမှတ်ပြုပြီး ကျဉ်းမြောင်းသော လူမျိုးစုလက္ခဏာကို ကျော်လွှားနိုင်ရမည်ဖြစ်သည်။ လက်ရှိ လက်နက်ကိုင် ပဋိပက္ခများတွင် လူမျိုးစုချင်း တင်းမာမှု မြင့်မားလာသည်ကို တွေ့ရသောကြောင့် ရခိုင် သို့မဟုတ် ရှမ်းပြည် ကဲ့သို့သော နေရာများမှ လူမျိုးစုအခြေပြု နိုင်ငံရေးစနစ်သည် ကပ်ဆိုးဖြစ်ပေါ်စေမည့် နည်းလမ်းဖြစ်သည်။

ထိုအမြင်အရ ဗမာပြည် တည်ထောင်ခြင်းသည် ဗဟိုအပူပိုင်းဒေသတွင် အစိုးရအဆက်ဆက် ဖိနှိပ်ခံရသည့် တရုတ် သို့မဟုတ် ဟိန္ဒူ သို့မဟုတ် မွတ်ဆလင်များသာမက ကွဲပြားခြားနားသော လူမျိုးစုများ နေထိုင်သည်ဆိုသည့်အချက်ကို အလေးမထားရာ ရောက်သည်။ ထိုသို့ လုပ်မည့်အစား မဏ္ဍလ ဗဟိုဖြန့်ထွက်စနစ်ကို ထင်ဟပ်သည့် ဒီမိုကရေစီကျပြီး အားလုံးအကျုံးဝင်သော အုပ်ချုပ်ရေးစနစ် ထူထောင်ရေးကို အာရုံစိုက်ရန် ပိုမိုလုပ်ကိုင်သင့်သည်။

စင်ကာပူနှင့်တူသည့် တပါတီစနစ်များဖြစ်စေ၊ ထိုင်း ဆွီဒင် ဗြိတိန်နှင့်တူသော စည်းမျဉ်းခံ ဘုရင်စနစ်ဖြစ်စေ၊ တရုတ် သို့မဟုတ် ဗီယက်နမ်နှင့်တူသော ကွန်မြူနစ် စနစ်များဖြစ်စေ ထိုနိုင်ငံရေးယူနစ်သစ်များ၏ တိကျသော အသွင်လက္ခဏာသည် ဒီမိုကရေစီကျပြီး အားလုံး အကျုံးဝင်ကာ လိုက်လျောညီထွေ တုံ့ပြန်သည့် အုပ်ချုပ်ရေးမူများကို လိုက်နာရန် ပိုမိုအရေးပါသည်။ ထိုကိစ္စသည် NUG အပါအဝင် ပြည်တွင်းဇာတ်ဆောင်များ ရည်မှန်းချက်ထားသင့်သော ကိစ္စဖြစ်သည်။ တချိန်တည်းတွင် နိုင်ငံတကာ အသိုက်အဝန်းသည်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကို ကိုယ်စားပြုမည့် တခုတည်းသော နိုင်ငံရေးအာဏာပိုင်ကို တွန်းအားမပေးဘဲ အထက်ပါကိစ္စအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်သည်။

မြန်မာ့တော်လှန်ရေး လက်ရှိအဆင့်တွင် လက်နက်ကိုင်အဖွဲ့များ၏ အခန်းကဏ္ဍကို ငြင်းပယ်မရနိုင်သလို ထိုအုပ်စုများ၏ စစ်ရေးအောင်မြင်မှုသည် မကြုံဖူးသည့် အရပ်သားပါဝင်မှုနှင့် လူထုထောက်ခံမှုမှ ဖြစ်ပေါ်လာသည်ကို သတိရရန် အလွန်အရေးကြီးသည်။ တော်လှန်ရေးသည် လက်နက်ကိုင်အဖွဲ့များကို ဗဟိုမပြုဘဲ ပြည်သူကို ဗဟိုပြုရမည်ဖြစ်ပြီး ထိုအဖွဲ့များသည် တာဝန်ယူမှု၊ တာဝန်ခံမှုရှိကာ ဒီမိုကရေစီမူများကို လိုက်နာရမည်ဖြစ်သည်။

လက်နက်ကိုင် အင်အားစုများကို ဖျက်သိမ်းခြင်းသည် ရေရှည်အတွက် ရည်မှန်းချက် ဖြစ်သော်လည်း လတ်တလော ဦးစားပေးမှာ တခုတည်းသော နိုင်ငံရေးခေါင်းဆောင်မှုအောက်မှ ဗဟိုအမိန့်ပေးကွင်းဆက် တည်ထောင်ရန် အကျိုးမရှိသော အားထုတ်မှုကို ရှောင်ရှားပြီး မဏ္ဍလ ဗဟိုဖြန့်ထွက်စနစ်ပုံစံ နိုင်ငံရေး အစီအမံများ ပေါ်ပေါက်နေခြင်းကို လက်ခံရန် ဖြစ်သည်။

ထိုပေါ်ပေါက်လာသည့် နိုင်ငံရေးယူနစ်များသည် ပြည်သူများ၏ လတ်တလော လိုအပ်ချက်များ ဖြည့်ဆည်းရန် ပြုလုပ်ထားသည့် ဒီမိုကရေစီကျ၊ အားလုံးအကျုံးဝင်၊ လိုက်လျောညီထွေ တုံ့ပြန်သော အုပ်ချုပ်ရေးစနစ်များကို ကိုယ်စားပြုကာ လတ်တလော လိုအပ်နေသည့် အဓိက ဝန်ဆောင်မှုများနှင့် အထောက်အပံ့များ ပေးရမည်ဖြစ်သည်။ လက်ရှိ ပကတိအခြေအနေကို အခြေခံသည့် ထိုနည်းလမ်းသည် မြန်မာပြည်သူများအတွက် ပိုမိုတည်ငြိမ်၊ ကြွယ်ဝချမ်းသာသည့် အနာဂတ်အတွက် လမ်းခင်းပေးသည်။

https://burma.irrawaddy.com/opinion/viewpoint/2024/01/10/378200.html

Buz Blogger January 10, 2024
Read more ...

မလေးရှားနိုင်ငံအတွင်းရှိ အထောက်အထားမဲ့ ဝင်ရောက် လုပ်ကိုင်နေသူများအား စစ်ဆင်ရေး တရပ်အဖြစ် ဒီဇင်ဘာလအတွင်းမှစ၍ ဖမ်းဆီးနေရာ အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၁ ထောင် ကျော် ရှိလာပြီဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ အလုပ်သမား ကူညီရေး အဖွဲ့များထံက သိရသည်။



မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနအပါအဝင် အဖွဲ့ပေါင်းစုံမှ ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာလလယ်ခန့်မှ စတင်ကာ အော်ပရာဇီ စစ်ဆင်ရေးအနေဖြင့် ဝင်ရောက် ဖမ်းဆီးမှုများ လုပ်နေပြီး မလေးရှားနိုင်ငံသားများ၏ တိုင်ကြားမှုများ ကြောင့်လည်း မြန်မာအလုပ်သမားထောင်နှင့်ချီ အဖမ်းခံထားရကြောင်း သိရသည်။

နှလုံးလှ ပရဟိတသွေးလှူရှင်အဖွဲ့ ဥက္ကဋ္ဌ ကိုသက်က “ဒီဇင်ဘာမှာ အော်ပရာဇီက နေ့တိုင်း ၂ နေရာ ၃ နေရာကို ပုံမှန် ဝင်တယ်။ ရက်လွန်နေထိုင်သူတွေ အများဆုံး အဖမ်းခံရတယ်။ စာရင်းအတိအကျကိုတော့ မထုတ်ပြန်ဘူး။ တနေရာ ဖမ်းသွားရင် အယောက် ၁၀၀ ပါတယ်။ ဆယ်နဲ့ချီ ပါတယ်။ အားလုံးပေါင်းရင်တော့ ၁ ထောင်လောက် ရှိတယ်။ ကွာလာလမ်ပူမြို့မှာ အများဆုံး အဖမ်းခံရတယ်” ဟု ဧရာဝတီကို ပြောသည်။

အော်ပရာဇီမှာ မလေးရှားနိုင်ငံအတွင်းသို့ အထောက်အထားမဲ့ ဝင်ရောက်သူများ၊ နိုင်ငံခြားသားအများစု နေထိုင်သည့် နေရာများတွင် ဆူညံခြင်း၊ စည်းကမ်းမဲ့နေထိုင်ခြင်းများပြုလုပ်နေသူများကို သတင်းပေး တိုင်ကြားသည့်အတွက် ဖမ်း ဆီးခြင်း၊ ဗီဇာသက်တမ်းကုန်ဆုံးသူများအား စစ်ဆေးခြင်းနှင့် လုပ်ကိုင်ခွင့်မရှိသည့် အလုပ်များတွင် ဝင်ရောက် လုပ် ကိုင်သည့် နိုင်ငံခြားသားများအား ဖမ်းဆီးခြင်းတို့ ပြုလုပ်သည့် စစ်ဆင်ရေးတရပ် ဖြစ်သည်။

ဖမ်းဆီးခံရသည့် ကိန်းဂဏန်းအတိအကျအား တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိသည့်အတွက် မြန်မာအလုပ်သမား အရေး ကူညီပေးနေသည့်အဖွဲ့အစည်းများမှ ကောက်ယူထားကြသည့် ပျမ်းမျှကိန်းဂဏန်းကိုသာ သိရှိရပြီး မလေးရှား နိုင်ငံအတွင်းရှိ အထောက်အထားမဲ့မြန်မာများသာမက ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ နီပေါ စသည့် နိုင်ငံသားများလည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

မလေးရှားတွင် ယခင်က နေရာတခုသို့ အော်ပရာစီ ဝင်ဖမ်းသည့်အခါတွင် ဖမ်းဆီးခံထားရသူများအား စုထားပြီးမှသာ အချုပ်ကားများ ရောက်ရှိလာခြင်းဖြစ်သော်လည်း ယခုအခါတွင် နေရာတခုသို့ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ရန် စတင်ကတည်းကပင် အချုပ်ကား အများအပြား တပါတည်း ပါလာခြင်းဖြစ်ကြောင်း သိရသည်။

“မလေးရှားက လူဟောင်းတွေကတော့ သိပါတယ်။ လူသစ်တွေကတော့ မသိဘူး။ အော်ပရာဇီဆိုပြီး ဘယ်နေရာမှာ ဝင်ဖမ်းမယ်ဆိုတဲ့ သတင်း အတိအကျ မရှိပါဘူး။ ဖမ်းချင်တဲ့အချိန် ဝင်ဖမ်းတာ။ ဒီနှစ် အော်ပရာဇီက ကြမ်းတယ်” ဟု ကိုသက်က ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသည့် မြန်မာများကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန၏ ယာယီထိန်းသိမ်းရေးအချုပ်များ၌ ၃ လခန့် အချုပ် ကျခံရမည်ဖြစ်ပြီး ထိုမှတဆင့် ထိန်းသိမ်းစခန်းများသို့ ပို့ဆောင်ကာ မြန်မာသံရုံးမှ နိုင်ငံသားဖြစ် မဖြစ် အတည်ပြု၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ အဖမ်းအဆီးများနေသည့် အခြေအနေအတွင်း မလေးရှားရောက် မြန်မာနိုင်ငံသားများအနေဖြင့် သတိထား၍ ဆင်ခြင်နေထိုင်သင့်ကြောင်း ကူညီရေးအဖွဲ့များက သတိပေး ပြောဆိုထားကြသည်။

မလေးရှားရောက် မြန်မာနိုင်ငံသားတဦးက “ရဲတွေလာလို့ဆိုပြီး တိုက်ပေါ်ကနေ ခုန်ဆင်းတာမျိုးတွေ မလုပ်သင့်ဘူး။ ပုဆိုးတွေ ဝတ်တာ၊ သနပ်ခါးလိမ်းတာ၊ ကွမ်းတံထွေး ထွေးတာတွေ မလုပ်ကြပါနဲ့။ မလေးရှားနိုင်ငံသားတွေက အခု တိုင်ကြားတာတွေ အများကြီး တက်နေတယ်။ ကျနော်တို့ နိုင်ငံခြားသားတွေ ဆိုင်တွေ ဖွင့်တယ်။ ပွဲလမ်းသဘင်က အစကို တိုင်ကြားနေတာ။ အဲဒါကြောင့် အနေအထိုင်တွေကို ဆင်ခြင်ရလိမ့်မယ်။ နယ်မြေ အနေအထားကြည့်ပါ။ နောက်ပြီး တရားဝင်တဲ့သူတွေကလည်း တရားမဝင်တဲ့သူတွေကို ညှာတာပေးပါ” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ကာလပြီးနောက် အလုပ်အကိုင်ရှားပါးမှုအပြင် ၂၀၂၁ ခုနှစ် အာဏာသိမ်းလိုက်သည့်အတွက် နိုင်ငံ၏ စီးပွားရေး ကျဆင်းလာခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများပြန်လည် ထွက်ခွာခြင်းတို့ကြောင့် အလုပ် အကိုင်အခွင့်အလမ်းများ ရှားပါးလာသဖြင့် ပြည်တွင်းရှိ လူငယ်လူရွယ်များမှာ မလေးရှားနိုင်ငံအပါအဝင် ပြည်ပများသို့ ထွက်ခွာ လုပ်ကိုင်သူ များပြားလျက်ရှိသည်။

မလေးရှားနိုင်ငံသို့ တရားဝင်သွားရောက် လုပ်ကိုင်သည့် မြန်မာလုပ်သားဦးရေ ၅ သိန်းခန့်ရှိပြီး တရားမဝင် မြန်မာ လုပ်သား ၃ သိန်းခန့်ရှိကြောင်း မြန်မာအလုပ်သမား ကူညီရေးအဖွဲ့များထံမှ သိရသည်။

Buz Blogger January 10, 2024
Read more ...

စစ်ကောင်စီ၏ ၇၆နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြစ်ဒဏ်ကျနေသည့် အကျဉ်းသား/ အကျဉ်းသူ ၉,၆၅၂ ဦးအား လွတ်ငြိမ်းခွင့်ပြုခဲ့ရာတွင် သရုပ်ဆောင် သင်ဇာဝင့်ကျော် နှင့် မော်ဒယ်နန်းမွေစံတို့ ၂ဦး ပါဝင်ခြင်းမရှိကြောင်း ၎င်းတို့၏ မိသားစုဝင်များကဆိုသည်။



မီဒီယာများက လွတ်ငြိမ်းခွင့်ပြုခဲ့ရာတွင် သရုပ်ဆောင် သင်ဇာဝင့်ကျော် နှင့် မော်ဒယ်နန်းမွေစံတို့ ၂ဦးလည်း ပါဝင်မည်ဟု သတင်းများ ဖော်ပြခဲ့သော်လည်းတကယ်တမ်းတွင် ပြန်လည်လွတ်မြောက်ခဲ့ခြင်းမရှိကြောင်း မိသားစုဝင်များက အတည်ပြုပြောကြားခဲ့သည်။

သင်ဇာဝင့်ကျော်၏ မိခင်ဖြစ်သူက “မီဒီယာတွေတော်တော်များများ လွတ်ပြီလို့ ရေးကြတော့ ပျော်တာပေါ့။ ဒါပေမယ့် မဟုတ်တဲ့အခါကျတော့ မိခင်တယောက်အနေနဲ့ ခံစားရတာပေါ့။ သူ့ရဲ့ ပျိုမြစ်မှုနဲ့ မင်းသမီးလုပ်နေတာ။ သူ့ရဲ့လှပမှု၊ ပျိုမြစ်တဲ့အချိန်၊ တန်ဖိုးရှိတဲ့အချိန်က နှမြောဖို့အရမ်းကောင်းတယ်။ တန်ဖိုးရှိတဲ့အချိန်ကို အထဲမှာ အသုံးချ ဘုရားတရားကို ပိုလုပ်ဖို့အမြဲမှာတယ်” ဟု ဧရာဝတီကိုပြောသည်။

သရုပ်ဆောင်သင်ဇာဝင့်ကျော်ကဲ့သို့ မော်ဒယ် နန်းမွေစံသည်လည်း ပြန်လည်လွတ်မြောက်ခဲ့ခြင်းမရှိကြောင်း၊ ၎င်းတို့နှင့် ပတ်သက်သည့် သတင်းအမှားများကို မဖော်ပြကြရန်နှင့် အမြန်ဆုံး လွတ်မြောက်ရန်သာ မျှော်လင့်ကြောင်း နန်းမွေစံ၏ မိသားစု ဝင်များက ဆိုသည်။

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅ ရက်က သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် မော်ဒယ် နန်းမွေစံတို့အား လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုများကို လူမှုကွန်ရက်ပေါ်တွင် အခကြေးငွေယူကာ ဖြန့်ဝေသည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ – (က) ဖြင့် အင်းစိန်အကျဉ်းထောင်တွင်းတရားရုံးမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရပြီး မော်ဒယ် နန်းမွေစံသည် စက်တင်ဘာ ၂၇ ရက်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တရားရုံးမှ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသည်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် ၂၀၂၁ ခုနှစ် ဩဂုတ်လမှစ၍ မော်ဒယ် ရှင်ယွန်းမြတ် ချိတ်ဆက်ပေးမှုဖြင့် Website တစ်ခုတွင် အခကြေးငွေ ရယူကာ လိင်အသားပေး ဓာတ်ပုံနှင့် ဗွီဒီယိုများ ဖြန့်ဝေခဲ့ကြောင်းနှင့် မော်ဒယ် နန်းမွေစံ သည်လည်း ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှ စကာ အမေရိကန်နိုင်ငံရှိ Exantria Website တွင် လိင် အသားပေး ဓာတ်ပုံများ ဖော်ပြခဲ့ပြီး အခကြေးငွေ ရယူခဲ့ကြောင်း စစ်ကောင်စီက ဖော်ပြခဲ့သည်။

စစ်ကောင်စီက ၎င်းတို့နှစ်ဦးကို မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေသည်ဟု စွပ်စွဲကာ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃-က ဖြင့် အရေးယူကြောင်း ကြေညာခဲ့သည်။

Buz Blogger January 10, 2024
Read more ...

 အာယီယံ အလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံရဲ့ မြန်မာ့အရေး အထူးသံတမန် အာလွန်ကောင်း ကစ်တီကွန်း(Alounkeo Kittikhoun)ဟာ တာဝန်စတင်ထမ်းဆောင်တဲ့ သီတင်းတစ်ပတ်အတွင်းမှာပဲ နေပြည်တော်ကို ရောက်လာပါတယ်။



အထူးသံဟာ လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိတွေလည်းပါဝင်တဲ့ ၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့နဲ့ အတူ ဇန်နဝါရီလ ၁၀ ရက်မှာ နေပြည်တော်ကို ရောက်လာတာပါ။

မြန်မာပြည်တွင်းမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအကျပ်အတည်းအတွက် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ၂၀၂၄ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လာအိုနိုင်ငံအနေနဲ့ ဘယ်လို ချဥ်းကပ်မလဲဆိုတာ စောင့်ကြည့်ခံရချိန်မှာပဲ အထူးသံရဲ့ မြန်မာပြည်ခရီး ထွက်ပေါ်လာတာဖြစ်ပါတယ်။

လက်ရှိမှာ မြန်မာစစ်ကောင်စီဟာ အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်‌ဖော်မှု အားနည်းတယ်ဆိုပြီး ထိပ်သီးဆွေးနွေးပွဲတွေကို တက်ရောက်ခွင့် ပိတ်ပင်ခံထားရပါတယ်။

ဒါပေမဲ့ လာအိုဟာ ထိုင်းနိုင်ငံက ဦးဆောင်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က မတက်ရောက်တဲ့ Track 1.5 လို ဆွေးနွေးပွဲတွေမှာ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့လို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တစ်စားပွဲတည်း ဆွေးနွေးမှုတွေမှာ ပါဝင်နေပါတယ်။

အိမ်နီးချင်း လာအိုနိုင်ငံနဲ့ အခုလိုဆက်ဆံရေးရှိတဲ့ စစ်ကောင်စီဟာ ရက်ပိုင်းအတွင်းမှာပဲ အထူးသံရဲ့နေပြည်တော် ခရီးစဥ်ကို လက်ခံခဲ့တာဖြစ်ပါတယ်။

မြန်မာ့အရေးအတွက် ပထမဆုံးအကြိမ်ခန့်အပ်ခံခဲ့ရတဲ့ အာဆီယံအလှည့်ကျ ဘရူနိုင်းအထူးသံရဲ့ မြန်မာပြည်ခရီးစဥ်ဟာ စစ်ကောင်စီရဲ့ အကြိမ်ကြိမ် ငြင်းဆိုခံခဲ့ရသလို ၂၀၂၃ ခုနှစ်အတွက် အာဆီယံအလှည့်ကျ အင်ဒိုနီးရှားရဲ့ အာဆီယံအထူးသံဟာလည်း အလှည့်ကျ သက်တမ်းကုန်သွားပေမဲ့ မြန်မာခရီးစဥ် မရှိခဲ့ပါဘူး။

Buz Blogger January 10, 2024
Read more ...

မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ နှစ်ခုနဲ့ ဇန်နဝါရီ ၁၀ ရက်နေ့က ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပါတယ်။

ရှင်ဒေဝီကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၂ (က) နဲ့ စွဲဆိုထားပြီး အခု အမိန့်ချရာမှာ ပုဒ်မ ၅၀ (ည)နဲ့ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်တာလို့ ခင်ပွန်းဖြစ်သူ ကိုဦးက RFA ကို ပြောပါတယ်။

မှတ်တမ်းရိုက်ကူးသူတစ်ယောက်ကို အကြမ်းဖက်ပုဒ်မတွေတပ် ထောင်ချတာဟာ လက်ခံနိုင်စရာမရှိဘူးလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဝါရင့်သတင်းစာဆရာတစ်ဦးက ပြောပါတယ်။

"မှတ်တမ်းရုပ်ရှင်ရိုက်ကူးတဲ့သူကိုတောင် ဒီလောက်ပြစ်ဒဏ်ချတယ်ဆိုရင် သတင်းသမားဆိုရင် ပိုတောင်ဆိုးနိုင်စရာရှိတယ်၊ ဒီမှတ်တမ်းရုပ်ရှင်ရိုက်ကူးတဲ့သူ၊ နောက်တစ်ခုက အမျိုးသမီးလည်း ဖြစ်တယ်၊ အဲတာကို အခုလို ထောင်ဒဏ်တစ်သက်တစ်ကျွန်းချတယ်ဆိုတာက တော်တော်ကို အံအားသင့်စရာ လက်မခံနိုင်စရာကောင်းတယ်၊ ကျွန်တော်တို့ သိရသလောက် ဘာမှအကြမ်းဖက်တဲ့ကိစ္စတွေနဲ့ ဆိုင်တဲ့သူလည်း မဟုတ်ဘူး၊ ဒီမှတ်တမ်းရိုက်ကူးတဲ့ဟာကိုပဲ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ချတယ်ဆိုတာက နားမလည်နိုင်ဘူး၊ ဒီဟာက လက်ခံနိုင်စရာလည်းမရှိဘူးလို့ မြင်ပါတယ်"

သတင်းသမားကို ဘာမှမဆိုင်တဲ့ ပုဒ်မတွေတပ်ထောင်ချတာကို ရှုတ်ချတယ်လို့ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောပါတယ်။

"သတင်းထောက်တစ်ယောက်က သူအလုပ်သူ လုပ်တာကို ဒီလောက်ကြီးလေးတဲ့ပုဒ်မမျိုးစုံတပ်ပြီး ဖမ်းတာက ဘယ်လိုမှ လက်ခံနိုင်စရာမရှိပါဘူး၊ ကျွန်တော်တို့က လုံးဝ ရှုတ်ချပါတယ်၊ လက်ရှိတည်ဆဲ ဥပဒေမှာလည်း တည်ဆဲဆိုတာက ၂၀၀၈ ထဲကိုပဲ ပြောတာပါ၊ တကယ်က အဲမှာ လွတ်လပ်စွာသတင်းယူခွင့်ဘာညာ အကုန်ရှိပြီးသား သူအခန်းနဲ့သူ၊ ကျွန်တော်ထင်တာတော့ သတင်းသမားကို သတင်းအမှုနဲ့မစွဲဘဲ တခြားဘာမှမဆိုင်တဲ့ အကြမ်းဖက်ဥပဒေတွေနဲ့ လျှောက်စွဲပြီးတော့ အခုလို နှစ်ရှည်ထောင်ချတာ လက်ခံနိုင်စရာ မရှိပါဘူး။"

ရှင်ဒေဝီအပါအဝင် အဖမ်းခံထားရတဲ့ သတင်းသမားတွေ လွတ်မြောက်ရေးကို နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ သတင်းလွတ်လပ်အဆင့်မှာ မြန်မာနိုင်ငံဟာ အာဏာမသိမ်းခင်က နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၃၉ ရှိခဲ့ပေမဲ့ လက်ရှိမှာတော့ အဆင့် ၁၇၃ ကိုရောက်ရှိနေပြီး အဆိုးဆုံးအခြေအနေ ရောက်နေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီက လူတွေကိုကြောက်စိတ်ဝင်အောင် လူသိများတဲ့သူတွေကို ကြီးမားတဲ့အမိန့်တွေ ချမှတ်လေ့ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

"လူသိများတဲ့သူတွေ၊ ထင်ရှားတဲ့သူတွေ၊ အနုပညာရှင်တွေဆိုရင် ပြည်သူတွေကို စံပြအနေနဲ့ သတ်မှတ်လို့ရအောင် သူတို့တွေကို ပုံမှန်လူတွေထက် ပိုပြီးတော့ စံချိန်တင် အမှုတွေကပ်တယ်၊ ပုဒ်မတွေနဲ့ အမိန့်ချတာတွေ လုပ်လေ့ရှိပါတယ်၊ ဒီလိုမျိုး အမိန့်ချလိုက်ခြင်းဖြင့် သူတို့ကိုလေးစာအားကျတဲ့သူတွေ၊ သူတို့လို့မျိုး လုပ်ဖို့ ရည်ရွယ်နေတဲ့သူတွေ၊ ကြံစည်နေတဲ့သူတွေကို ရပ်သွားလေမလားဆိုတဲ့ သူတို့ရဲ့ တွေးခေါ်ကြံရွယ်ချက်တွေနဲ့ ဒီလိုမျိုး အမိန့်တွေချတာဖြစ်ပါတယ်"

စစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်သူ မှန်သမျှကို အကြမ်းဖက်သမားလို့ သတ်မှတ်နေတယ်လို့ လူ့အခွင့်အရေး အဖွဲ့ဖြစ်တဲ့ Fortify Rights အကြီးတန်း အကြံပေးအရာရှိ ပလက်ထရစ် ဖုန်ဆာသုန်က ပြောပါတယ်။

“စစ်ကောင်စီဟာ သူတို့ရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်ဝေဖန်မှု မှန်သမျှကို အကြမ်းဖက်မှုလို့ သတ်မှတ်နေတာ ဖြစ်ပါတယ်။ အခုနောက်ဆုံး ရှင်ဒေဝီကို ထောင်ဒဏ်တစ်သက်အထိ ချမှတ်လိုက်တာဟာ စစ်ခေါင်းဆောင်တွေ မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေကို ညွှန်ပြနေပါတယ်။ သူတို့ပြောထားတာနဲ့ အတိုင်း လူတွေယုံနေအောင် လုပ်ဖို့နဲ့ သူတို့ပြောထားတာ မမှန်ကြောင်း ဖော်ထုတ်မဲ့ သတင်းသမားတွေကို ဖမ်းဆီးချုပ်နှောင်ပြီး သတ်ဖြတ်တဲ့အထိ လုပ်နေတာ ဖြစ်ပါတယ်။ မြန်မာ စစ်ခေါင်းဆောင်တွေ လုပ်ချင်တာလုပ်ပြီး အပြစ်ပေးမခံရပဲ လွတ်မြောက်နေတဲ့ အခြေအနေကို ရပ်တန့်အောင်လုပ်ဖို့ Fortify Rights က တောင်းဆိုချင်ပါတယ်။ ဒီလို ရပ်တန့်အောင်လုပ်ဖို့ နိုင်ငံတကာ မြန်မာနိုင်ငံက အခြေအနေတွေကို ရာဇဝတ်မှုတရားရုံး (ICC) ကနေ အရေးယူပေးဖို့ ICC အဖွဲ့ဝင်နိုင်ငံတွေက ဆောင်ရွက်ကြဖို့ Fortify Rights က တိုက်တွန်းပါတယ်။”

မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ရှင်ဒေဝီဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာ အွန်လိုင်းက မှာယူထားတဲ့ ဒရုန်းကင်မရာကို သွားယူချိန် စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာပါ။

လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Phil Robertson ကလည်း ရှင်ဒေဝီဟာ ဘာမှအပြစ်မရှိတဲ့အတွက် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

“စစ်ကောင်စီ ခေါင်းဆောင်တွေဟာ သတင်းသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ရုပ်ရှင်ရိုက်ကူးသူတွေ၊ ဘယ်သူပဲ ဖြစ်ဖြစ် သူတို့နဲ့ အမြင်သဘောထား မတူသူ အားလုံးကို တားဆီးဖို့ကြိုးစားနေတာပါ။ ဒီလိုမျိုး ထိတ်လန့်စရာ ကောင်းတဲ့ ပြစ်ဒဏ်မျိုးချမှတ်လိုက်တာကို ကြည့်ရင် စစ်ခေါင်းဆောင်တွေဟာ ပြည်သူတွေ ငြိမ်သွားအောင် နှုတ်ပိတ်ဖို့ ဘယ်လို အစွန်းရောက်တဲ့ လုပ်ရပ်မျိုးကိုမဆို လုပ်ဖို့ ဝန်မလေးတာကို ပြသနေပါတယ်။ ဒရုန်းတစ်ခု ပိုင်ဆိုင်တာဟာ ရာဇဝတ်မှု မဖြစ်သင့်ပါဘူး။ အာဏာသိမ်း စစ်ခေါင်းဆောင်တွေဟာ အရာရာကို သံသယဝင်ပြီး ထင်ယောင်ထင်မှား ဖြစ်နေလို့သာ ဒရုန်းပိုင်တဲ့ သူတိုင်း သူတို့ကို ဆန့်ကျင်တော်လှန်ဖို့ ကြံစည်နေတာလို့ ထင်နေတာပါ။ ရှင်ဒေဝီမှာ ဘာအပြစ်မှာ မရှိတဲ့အတွက်၊ သူ့ကို ချက်ချင်း ချွင်းချက်မရှိ ပြန်လွှတ်ပေးသင့်ပါတယ်။”

ရှင်ဒေဝီဟာ ၂၀၀၇ ရောင်သံဃာ့လှုပ်ရှားမှုအရေးအခင်းအကြောင်းကို မှတ်တမ်းတင်ရိုက်ကူးသူဖြစ်သလို သံဃာတွေကို စစ်တပ်က လက်နက်နဲ့ အင်အားသုံးဖြိုခွဲတဲ့အကြောင်း ရိုက်ကူးတဲ့မှတ်တမ်းရုပ်ရှင်နဲ့ နိုင်ငံတကာကို သိစေတဲ့ သတင်းထောက်လည်းဖြစ်ပါတယ်။

ရွှေဝါရောင်အရေးအခင်းကာလမှာ ဒီဗွီဘီသတင်းဌာနအတွက် ပြည်တွင်းကနေ သတင်းတွေပေးပို့ခဲ့ပြီး အဲချိန်မှာက စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းတာလည်း ခံခဲ့ရပါတယ်။

၂၀၁၀ နောက်ပိုင်းမှာတော့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူအဖြစ်လုပ်ကိုင်ခဲ့ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ သူရဲ့မှတ်တမ်းရုပ်ရှင်တွေဟာ ဆုတွေ ရရှိခဲ့ပါတယ်။

၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံအလယ်ပိုင်းက ပညာမသင်ကြားနိုင်တဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ဦးရဲ့ ဘဝအကြောင်းကို သူရိုက်ကူးခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ "Now I am 13" ဟာ Kota Kinab နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ငွေတံဆိပ်ဆုရခဲ့သလို ၂၀၁၄ ဝဿန်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆုကို ရရှိခဲ့ပါတယ်။

မန္တလေးဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရဲ့ အကြောင်းကို ရိုက်ကူးခဲ့တဲ့ "Brighter Future" မှတ်တမ်းရုပ်ရှင်ဟာ Art of Freedom Film Festival ရုပ်ရှင်ပြပွဲမှာ မှတ်တမ်းရုပ်ရှင်ဆုရခဲ့ပါတယ်။

ပန်းချီဆရာတစ်ဦးရဲ့ ဇာတ်လမ်းကို ပုံဖော်ထားတဲ့ ''ရာဟုလာ'' မှတ်တမ်းရုပ်ရှင်ဟာ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ အသိအမှတ်ပြုခံရတဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။

ကချင်ဒုက္ခသည်စခန်းအကြောင်း ရိုက်ကူးထားတဲ့ Take Me Home ဟာလည်း ဝဿန်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆု ရရှိခဲ့တာပါ။

ရှင်ဒေဝီနဲ့ လုပ်ငန်းအတူတူလုပ်ကိုင်ဖူးသူ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ မခင်ခင်ဆုကလည်း ရှင်ဒေဝီကို ဒီလိုအမိန့်ချမှတ်လိုက်တာကို စိတ်မကောင်းဖြစ်မိတယ်လို့ ပြောပါတယ်။

“ရာဟုလာတို့ ဘာတို့နဲ့ပတ်သက်ပြီး လေးစားမှုနဲ့ စသိခဲ့တဲ့ အစ်မတစ်ယောက်ပဲပေါ့နော်။ ပုဂ္ဂိုလ်ရေးအရ ခင်တဲ့အပိုင်းမှာလည်း ကိုယ်က လေးစားရတယ်။ သူ့ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာက သူများကို ကူညီတယ်။ ဒီအစိုးရအဆက်ဆက်မှာ သူတို့တွေက အဖမ်းခံရတယ်။ အချုပ်ခံရတယ်ဆိုတဲ့ဟာတွေရော ကြားဖူးတယ်ပေါ့နော်။ ဒီတစ်ခါမှာလည်း သူဘယ်လိုတွေ လုပ်နေလဲပေါ့။ သူဘယ်လိုလမ်းကိုလျှောက်နေလဲဆိုတာ ကြည့်ပြီးတော့ ကိုယ်က အစ်မလုပ်နိုင်တယ်။ အစ်မသတ္တိရှိတယ်ဆိုပြီးကြည့်ပြီး အားကျရတဲ့အချိန် မိသွားတဲ့အချိန်မှာ လုံးဝ ဟာကနဲ ဖြစ်သွားတယ်။ အဲဒီနေ့ကလည်း စိတ်မကောင်းဘူးပေါ့နော်။ အမြန်ဆုံး ဒီအာဏာရှင်တွေကိုပဲ အမြစ်ဖြတ်သိမ်းမဲ့အချိန်ကို အမြန်ရောက်ချင်မိတယ်။ အစ်မကိုလည်း တစ်နေ့ပြန်တွေ့မယ်ပေါ့”

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းပြီးချိန်ကစပြီး အရပ်သား (၁၉,၉၀၅) ဦး ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

Buz Blogger January 10, 2024
Read more ...

 အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ တလအတွင်း စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၀၀ ကျော် မီးလောင်ဆုံးရှုံးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။


စစ်ကောင်စီက တမူးမြို့နယ် ထန်းတပင်ကျေးရွာက နေအိမ် အလုံး ၃၀၀၊ ယာနိုကျေးရွာ အလုံး ၉၀ နဲ့ တုံးကျော်ရွာက အိမ်ခြေ ၁၉ လုံး စုစုပေါင်းအိမ်ခြေ ၄၀၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ကူကီးကျောင်းသားအဖွဲ့အစည်းက ဆိုပါတယ်။

စစ်ကောင်စီက ကူကီးတိုင်းရင်းသားတွေ နေထိုင်တဲ့ ကျေးရွာတွေကို ပစ်မှတ်ထား မီးရှို့ဖျက်ဆီးနေတာလို့ ကူကီးကျောင်းသားအဖွဲ့အစည်း တာဝန်ခံက ပြောပါတယ်။

“တမူးခရိုင်အတွင်း ကျေးရွာနေအိမ်များ မီးရှို့မှုတွေ ကြည့်မယ်ဆိုရင် စစ်ကောင်စီက အထူးသဖြင့် ကျနော်တို့ ထာဒိုကူကီးလူမျိုးတွေ နေထိုင်တဲ့ ကျေးရွာတွေ တွေ့ရတယ်။ စစ်ကောင်စီအနေနဲ့ လူမျိုးရေး ခွဲခြားဆက်ဆံမှုအပေါ် မိမိတို့ ကူကီးကျောင်းသားများအနေနဲ့ လုံးဝ ကန့်ကွက်ရှုတ်ချပါတယ်။”

လက်ရှိမှာ ကျေးရွာမီးရှို့ဖျက်ဆီးခံထားရတဲ့ ‌ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေကြရပြီး ‌စားဝတ်နေရေး အခက်အခဲ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၅၈,၃၉၇ လုံးကျော် မီး‌လောင်ဆုံးရှုံးထားတယ်လို့ Data For Myanmar ရဲ့ စာရင်းပြုစုချက်အရ သိရပါတယ်။

Buz Blogger January 09, 2024
Read more ...

 ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ ဇန်နဝါရီ ၈ ရက် ညနေပိုင်းက ခရီးသည်တင် မော်တော် တစီး ဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


ဘိုကလေးမြို့နယ် ကြိမ်ချောင်းကြီးကျေးရွာနဲ့ မော်လမြိုင်ကျွန်းမြို့နယ်ကို ပြေးဆွဲနေတဲ့ မင်းလက်ယာ ခရီးသည်တင် လိုင်းရေယာဉ်ဟာ ရာဇူဒိုင်ချောင်း အမှတ် ၂ တံတားအနီးမှာ ဆီဖြည့်နေစဉ် မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

မီးငြှိမ်းသတ်ရာမှာ ပါဝင်ခဲ့သူ အမျိုးသားတဦးက “ညနေ ၅ နာရီလောက်က ရာဇူဒိုင်ချောင်း အမှတ် ၂ တံတားနားမှာ လိုင်းသင်္ဘော မီးလောင်တယ်။ သူတို့ပြောတာတော့ ဆီဖြည့်ရင်း ထလောင်တာလို့ ပြောတယ်။ သင်္ဘောကတော့ အကုန် ကုန်သွားတယ်။ လူတွေ ဘာတွေကတော့ ထိခိုက်မှုမရှိဘူး” လို့ ပြောပါတယ်။

မင်းလက်ယာ ခရီးသည်တင်ရေယာဉ် မီးလောင်မှုနဲ့ပတ်သက်ပြီး မော်တော်မောင်းသူကို မော်လမြိုင်ကျွန်းရဲစခန်းက (ပ)၅/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အရေးယူ ဆောင်ရွက်ထားပါတယ်။

Buz Blogger January 09, 2024
Read more ...

 တရုတ်နိုင်ငံက ထိပ်တန်းစီးပွားရေးခေါင်းဆောင်ဟောင်း နောက်တဦးကို တရုတ်ကွန်မြူနစ်ပါတီမှ ထုတ်ပယ်လိုက်ပြီ ဖြစ်ရာ တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ၌ ဖြိုခွင်းမှုများက နှစ်သစ်အထိ ဆက်လက်ဖြစ်ပွားနေသည်ကို ပြသနေခြင်းပဲ ဖြစ်သည်။


China Everbright Group ဥက္ကဋ္ဌဟောင်းနှင့် ပါတီအကြီးအကဲ Tang Shuangning ကို “စည်းကမ်းနှင့် ဥပဒေများ ပြင်းပြင်းထန်ထန် ချိုးဖောက်ခြင်း”ကြောင့် ထုတ်ပယ်လိုက်ကြောင်း နိုင်ငံ၏ စည်းကမ်းစစ်ဆေးရေး ဗဟိုကော်မရှင်( CCDI) နှင့် အမျိုးသား ကြီးကြပ်ရေးကော်မရှင်တို့က စနေနေ့ ထုတ်ပြန်ချက်တရပ်၌ ပူးတွဲကြေညာသည်။
Tang သည် “၎င်း၏ တာဝန်ဝတ္တရားများကို စွန့်ပယ်ပြီး” ဖြစ်တည်နေသော ဘဏ္ဍာရေး ဘေးအန္တရာယ်များကို အရေးယူ ဆောင်ရွက်ရန် ပျက်ကွက်ကာ လာဘ်လာဘ လိုက်စားသည်ကို စုံစမ်းစစ်ဆေးမှုအရ တွေ့ရှိရကြောင်း တရုတ်၏ အကျင့်ပျက်ခြစားမှု စောင့်ကြည့်ရေးအဖွဲ့အဖြစ် ဆောင်ရွက်သော CCDI ဆိုသည်။
၎င်းသည် ငွေကြေးနှင့် တန်ဖိုးကြီး လက်ရေးပန်းချီနှင့် ပန်းချီကားများကဲ့သို့ တံစိုးလက်ဆောင်များ လက်ခံကြောင်း၊ သူ့၏ ရာထူးနေရာကို အသုံးချကာ အလုပ်ရာထူးတိုးပေးသူများထံမှ “အကျိုးအမြတ်များ ဖော်ဆောင်ကြောင်း” ထုတ်ပြန်ချက်အရ သိရသည်။
Tang သည် ပစ္စည်းဥစ္စာ အမြောက်အမြားသော ပမာဏကို လက်ခံပြီး “ကိန်းကြီးခန်းကြီး နေထိုင်ခြင်း” လည်း ရှိသူဖြစ်ကြောင်း ထို ကော်မရှင်နှစ်ရပ်က ဆိုသည်။
သူသည် “မသင့်တော်သည် နိုင်ငံရေး အကြောင်းအချက်များ” ပါရှိနိုသည့် စာအုပ်များကိုလည်း တရုတ်နိုင်ငံတွင်းသို့ ယူဆောင်ကြောင်း အာဏာပိုင်များက ပြောသည်။ ထင်မြင်ချက်ပေးရန် တောင်းဆိုသည်ကို China Everbright Group က လက်ငင်းမတုံ့ပြန်ပေ။
Tang ၏ သံသယဖြစ်ဖွယ် ပြစ်မှုများအတွက် နောက်ထပ် သုံးသပ်ရန်နှင့် ဖြစ်နိုင်သော တရားစွဲဆိုမှုအတွက် အစိုးရ ရှေ့နေများထံ တင်သွင်းမည်ဖြစ်ကာ ၎င်း တရားမဝင် ရရှိထားသော ငွေကြေးနှင့် ပစ္စည်းဥစ္စာများကို သိမ်းယူခြင်း သို့မဟုတ် လွဲပြောင်းခြင်း ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
Tang သည် တရုတ်၏ သက်တမ်းအရင့်ဆုံးနှင့် အကြီးဆုံး နိုင်ငံပိုင် ဘဏ္ဍာရေးလုပ်ငန်းစုကြီးတရပ်ဖြစ်သော China Everbright ၌ ၂၀၀၇ မှ ၂၀၁၇ အထိ ဥက္ကဋ္ဌ နေရာအခန်းကဏ္ဍ ရယူကာ တရုတ်၏ ဩဇာအလွှမ်းဆုံး စီးပွားရေးခေါင်းဆောင်များအနက် တဦးလည်း ဖြစ်သည်။ ၎င်းသည် တရုတ်ဘဏ်လုပ်ငန်းစည်းကြပ်မှုကော်မရှင် CBRC ၏ ဒုတိယဥက္ကဋ္ဌအဖြစ်လည်း ယခင် တာဝန်ထမ်းဆောင်ခဲ့သည်။
Buz Blogger January 09, 2024
Read more ...

 ဇန်နဝါရီ ၈ ရက်နေ့မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း အသက် ၄၀ ပြည့်ပြီလို့ ယူဆရပါတယ်။ အဲဒါက သူ့ရဲ့ တကယ့် အသက်အမှန်ဟုတ်ပါရဲ့လား။

သူ့ရဲ့ မွေးနေ့က ဇန်နဝါရီလ ၈ ရက်နေ့ဆိုတာလည်း ဝိဝါဒကွဲပြားမှုတွေရှိပါတယ်။

ကင်ဂျုံအွန်းအကြောင်း တိတိကျကျမသိရတာ ဒီတစ်ချက်ထဲ မဟုတ်ပါဘူး။

၂၀၁၁ မှာ နိုင်ငံ့အာဏာကို ရယူခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ လူအများမသိကြတဲ့ အချက် ငါးချက်ကို ကြည့်ရအောင်ပါ။

၁။ ကင်ဂျုံအွန်းကို ဘယ်တုန်းက မွေးဖွားပါသလဲ

အဲဒါကိုလည်း အတိအကျမပြောနိုင်ကြပါဘူး။

"သူ့ကိုမွေးတဲ့နှစ်ဆိုတာကိုလည်း ၁၉၈၂ လား၊ ၁၉၈၃ လား ၈၄ လား အများကြီး အငြင်းအခုံဖြစ်ကြတယ်" လို့ အောက်စဖို့တက္ကသိုလ်က နိုင်ငံရေးဘာသာရပ်ပါမောက္ခ ဒေါက်တာအက်ဒွပ်ဟောင်းဝဲလ်က ဘီဘီစီကို ပြောပါတယ်။

သူ့မွေးနေ့ဆိုတဲ့ ဇန်နဝါရီ ၈ ရက်က ကွန်မြူနစ်မြောက်ကိုရီးယားနိုင်ငံမှာ ပုံမှန်အလုပ်ဖွင့်ရက်ဖြစ်ပါတယ်။ သူ့ဖခင် ကင်ဂျုံအီးလ်ရဲ့ မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကိုတော့ တောက်ပတဲ့ကြယ်နေ့ အဖြစ် နှစ်စဉ်ကျင်းပကြပါတယ်။

မြောက်ကိုရီးယားနိုင်ငံကို ထူထောင်ခဲ့သူ သူ့အဖိုး ကင်အီလ်ဆွန်း မွေးတဲ့ ဧပြီလ ၁၅ ရက်နေ့ကိုလည်း နေမင်းကြီးရဲ့နေ့ ဆိုပြီးသတ်မှတ်ထားပါတယ်။

သူတို့မိသားစုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကတော့ ပြင်ပက မသိကြရတာများပါတယ်။

မြောက်ကိုရီးယားရေးရာကျွမ်းကျင်သူ ဒေါက်တာဟောင်းဝဲလ်က ကင်ဂျုံအွန်းမှာ ဖအေတူ မအေကွဲညီအစ်ကိုတွေရှိတယ်ဆိုတာကတော့ သိကြတယ်လို့ဆိုပါတယ်။ အဲဒီထဲက ကင်ဂျုံနန်းဆိုသူဟာ ၂၀၁၇ က မလေးရှားမှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ်။

ကင်ဂျုံအွန်းရဲ့ ဖခင်မှာ ဇနီးသည် အနည်းဆုံးလေးယောက်ရှိခဲ့တယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ "အဖော်တွေ" အကြောင်းကိုလည်း ပြင်ပက လူတွေက သိပ်မသိရပါဘူး။

ကင်ရဲ့ မိခင် ကိုယွန်ဟွီးဟာ ဂျပန်မှာမွေးခဲ့ပြီး မြောက်ကိုရီးယားကို ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ကချေသည်အဖြစ်အလုပ်လုပ်ဖို့ ရောက်လာခဲ့တာလို့ ယူဆရပါတယ်။

ကင်ဂျုံအီးလ်ရဲ့ ဇနီးမယားတွေအထဲမှာ သူက ချစ်မြတ်နိုးအခံရဆုံးသူလို့လည်း ဆိုကြပါတယ်။

ကိုယွန်ဟွီး ၁၉၇၃ မှာ ဂျပန်ကိုသွားလည်တုန်းကရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ ၂၀၁၈ မှာ ထွက်ပေါ်လာခဲ့ပါတယ်။

ကိုယွန်ဟွီးဟာ ကချေသည်အဖြစ်အလုပ်လုပ်ခဲ့သူ၊ နောက်တစ်ခါ ဂျပန်နိုင်ငံနဲ့ အဆက်အစပ်ရှိခဲ့သူ ဖြစ်တဲ့အတွက် သူ့အကြောင်းကို မြောက်ကိုရီးယားနိုင်ငံထဲမှာ များများစားစားပြောဆိုမှုတွေ မရှိခဲ့ဘူးလို့ ကိုရီးယားတိုင်းမ်စ် သတင်းစာက ရေးသားခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက ကိုရီးယားကျွန်းဆွယ်ကို သိမ်းပိုက်ခဲ့တဲ့ ဂျပန်မှာ မွေးဖွားခဲ့သူတွေကို များသောအားဖြင့် မြောက်ကိုရီးယားလူမှုအသိုင်းအဝိုင်းမှာ နေရာပေးလေ့မရှိပါဘူး။ နှိမ့်ချ အဆင့်လျှော့ပြီး ဆက်ဆံကြပါတယ်။ ဒါပေမဲ့ သူကတော့ ကင်ဂျုံအီးလ်နဲ့ လက်ထပ်ခဲ့တဲ့အတွက် ကြွယ်ဝချမ်းသာတဲ့ ဘဝကို ရခဲ့တယ်လို့ ဒေါက်တာဟောင်းဝဲလ်က ပြောပါတယ်။

၂။ ကင်ဂျုံအွန်းရဲ့ ဇနီးသည်က ဘယ်သူပါလဲ

ရိဆိုလ်ဂျူနဲ့ ကင်ဂျုံအွန်း

ဓာတ်ပုံ ရင်းမြစ်,GETTY IMAGES

ဓာတ်ပုံ ပုံစာ,

ရိဆိုဂျူလ်ကို ဂီတဖျော်ဖြေပွဲတစ်ခုမှာ ကင်ဂျုံအွန်းက တွေ့ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်

ကင်ဂျုံအွန်းမှာ ရိဆိုလ်ဂျူဆိုတဲ့ ဇနီးသည်တစ်ယောက် ရှိတယ်လို့ သိကြပေမဲ့ သူတို့ ဘယ်တုန်းက လက်ထပ်တယ်ဆိုတာတော့ မသိကြပါဘူး။ ၂၀၀၉ ခုနှစ်တစ်ဝိုက်မှာလို့ ပြောဆိုမှုတွေတော့ ရှိကြပါတယ်။

"ရဲဘော်ရိဆိုလ်ဂျူ" အကြောင်းကိုလည်း များများစားစားမသိကြရပါဘူး။ ဖျော်ဖြေပွဲတစ်ခုမှာ မစ္စတာကင် မျက်စိကျမိခဲ့တဲ့ အဆိုတော်ချောချောလေးက သူများဖြစ်နေလားဆိုတာလည်း အတိအကျ မပြောနိုင်ပါဘူး။

ရိဆိုလ်ဂျူဆိုတဲ့ နာမည်နဲ့ အဆိုတော်တစ်ယောက် မြောက်ကိုရီးယားမှာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီသူဟာ အခု မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ကတော်ဟုတ်သလား၊ သူတို့က တစ်ယောက်ထဲလားဆိုတာလည်း တရားဝင်သိရတာမရှိပါဘူး။

ထောက်လှမ်းရေးသတင်းအချက်အလက်တွေအရ ရိဆိုလ်ဂျူဟာ ၂၀၀၅ ခုနှစ်က တောင်ကိုရီးယားမှာလုပ်တဲ့ အာရှပြေးခုန်ပစ်ပြိုင်ပွဲကို မြောက်ကိုရီးယားရဲ့ ဖျော်ဖြေရေးအဖွဲ့နဲ့ လိုက်ပါသွားခဲ့ဖူးပြီး တရုတ်မှာ အကပညာသင်ကြားခဲ့ဖူးတယ်လို့လည်း ဆိုကြပါတယ်။

မြောက်ကိုရီးယားဘက်ကတော့ သူဟာ ကင်ဂျုံအွန်းရဲ့ ဇနီးဖြစ်တယ်ဆိုတာကလွဲပြီး ဘာမှ တရားဝင်ထုတ်ပြန်တာမျိုး မရှိပါဘူး။

၃။ ကင်ဂျုံအွန်းမှာ သားသမီး ဘယ်နှယောက်ရှိပါသလဲ

ကင်ဂျုံအွန်းနဲ့ သမီး ကင်ဂျူအေး

ဓာတ်ပုံ ရင်းမြစ်,REUTERS

ဓာတ်ပုံ ပုံစာ,

ကင် ဟာ သမီးဖြစ်သူ ကင်ဂျူအေးနဲ့အတူ မကြာမကြာပွဲတွေ တက်လာတတ်ပါတယ်။ သူ့မှာ တခြားသားသမီးတွေ ရှိပေမဲ့ သူတို့အကြောင်းတော့ မသိရပါဘူး။

ကင်တို့မိသားစုအကြောင်းကလည်း အသိရခက်တဲ့အထဲ ပါပါတယ်။

၂၀၁၆ ခုနှစ်မှာ ရိဆိုလ်ဂျူတစ်ယောက် လူမြင်ကွင်းက ပျောက်နေရာကနေ သူ ကိုယ်ဝန်ဆောင်နေရပြီဆိုတဲ့ ခန့်မှန်းချက်တွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်လာခဲ့ပါတယ်။ မြောက်ကိုရီးယားမှာတော့ တရားဝင်ထုတ်ပြန်တာ အတည်ပြုတာမျိုး မရှိခဲ့ပါဘူး။

၂၀၁၀ နဲ့ ၂၀၁၃ မှာလည်း ကလေးနှစ်ယောက်မွေးဖွားခဲ့သေးတယ်လို့ သတင်းတွေထွက်ပါတယ်။ ဒါပေမဲ့ အဲဒီကလေးတွေထဲမှာ ယောက်ျားလေးပါပြီး ကင်ရဲ့ အရိုက်အရာခံမယ့်သူ ဖြစ်လာနိုင်မလားဆိုတာလည်း မှန်းဆကြပေမဲ့ တိတိကျကျမသိရပြန်ပါဘူး။

ဒါပေမဲ့ ကင်ဂျုံအွန်း လူရှေ့ကို ခေါ်ထုတ်လာတတ်သူကတော့ သူ့ရဲ့ သမီး ကင်ဂျူအေးပါ။ သူက ဒုတိယမွေးဖွားတဲ့ သမီးလို့ ယူဆရပါတယ်။ ဒါကြောင့် အသက် ၁၀ နှစ်လောက်ရှိပါပြီ။ ၂၀၂၃ ထဲမှာကို သူက ဖခင်ဖြစ်သူနဲ့ ပွဲတွေတက်လာတာ အနည်းဆုံး ငါးကြိမ် ရှိခဲ့ပါတယ်။

သူ့ကလေးတွေအကြောင်းကတော့ ဘာဆိုဘာမှ ပြည့်ပြည့်စုံစုံသိရတာ မရှိပါဘူးလို့ ဒေါက်တာဟောင်းဝဲလ်က ပြောပါတယ်။

တကယ်တော့ ကင်ဂျုံအွန်းရဲ့ သမီးငယ်ရဲ့ နာမည်ကို ထုတ်ပြောခဲ့သူက မြောက်ကိုရီးယားခေါင်းဆောင်နဲ့ မိတ်ဆွေဖြစ်နေခဲ့သူ အမေရိကန် ဘတ်စကက်ဘောကစားသမား ဒင်းနစ်ရော့ဒ်မန်းဖြစ်နေတာကိုလည်း သူကထောက်ပြပါတယ်။ ရော့ဒ်မန်းက ၂၀၁၃ တုန်းက အင်တာဗျူးတစ်ခုမှာ ကလေးရဲ့ အမည်ကို ထုတ်ပြောသွားခဲ့တာပါ။

"ကင်ဂျုံအွန်းမှာ တခြားကလေးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ သူတို့အကြောင်းက ဘာမှ မသိရသလို သူတို့ရဲ့ မိခင်တွေက ဘယ်သူတွေဆိုတာလည်း မသိရဘူး" လို့ ဒေါက်တာဟောင်းဝဲလ်က ဆက်ပြောပါတယ်။

တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီတွေရော မြောက်ကိုရီးယားအရေး လေ့လာစောင့်ကြည့်သူတွေပါ ယူဆထားသလို ကင်ဂျူအေးကို နောက်တက်မယ့်ခေါင်းဆောင်အဖြစ် သူ့အဖေက ပျိုးထောင်ပေးနေတာလို့ ဒေါက်တာဟောင်းဝဲလ်ကတော့ မယူဆပါဘူး။

ကင်ဂျူအေးလေးက ငယ်လွန်းသေးတာလည်းတစ်ကြောင်း၊ နောက်တစ်ခါ ကင် အားကိုးရတဲ့ ညီမဖြစ်သူ ကင်ယိုဂျွန်းက အတွေ့အကြုံလည်းပိုများ၊ လက်ရှိခေါင်းဆောင်ပိုင်းထဲက လူတွေနဲ့လည်း ပိုပြီး ထိတွေ့ရင်းနှီးမှု ရှိပြီးသူမို့ သူ့အစ်ကိုကို ဆက်ခံမယ့်သူ ဖြစ်ဖို့ အလားအလာပိုများတယ်လို့ သူက ယူဆပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်က သူ့ သမီးလေးကို ဒုံးကျည်ပစ်လွှတ်ပွဲတွေ၊ ညစာစားပွဲတွေ၊ ဘောလုံးပွဲတွေကို ခေါ်သွား၊ အတူတက်တာက သူဟာ မိသားစုကိုချစ်ခင်နွေးထွေးတဲ့လူ၊ သဘောထားပြည့်ဝကောင်းမွန်တဲ့ ခေါင်းဆောင်ဆိုတာမျိုး သူ့ကို မြင်စေချင်တာပါ လို့ ဒေါက်တာဟောင်းဝဲလ်က သုံးသပ်ပါတယ်။

၄။ နိုင်ငံကဆင်းရဲနေချိန် ကင်ဂျုံအွန်းကတော့ ဘာလို့ပြည့်စုံကြွယ်ဝစွာ နေနိုင်တာလဲ

ကားအကောင်းစားပေါ်ကဆင်းလာတဲ့ ကင်

ဓာတ်ပုံ ရင်းမြစ်,GETTY IMAGES

ဓာတ်ပုံ ပုံစာ,

ကင်ဂျုံအွန်းဟာ ဇိမ်ခံကားတွေ ယာဉ်တွေနဲ့ ခရီးသွားတတ်ပါတယ်

နျူကလီးယားလက်နက်တွေနဲ့ တာဝေးပစ်ပဲ့ထိန်းဒုံးကျည်တွေထုတ်လုပ်တဲ့အတွက် မြောက်ကိုရီးယားကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက တင်းကျပ်တဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ထားပါတယ်။

ဒါပေမဲ့ ကင်ဂျုံအွန်းကလည်း အဲဒီပိတ်ဆို့မှုတွေကို တတ်နိုင်သမျှ ရှောင်ကွင်းနိုင်ဖို့ ကြိုးစားပါတယ်။

"သူတို့ဆီမှာ အစိုးရသုံးစွဲဖို့ဆိုပြီး ရန်ပုံငွေတွေဖယ်ထားတာ ရှိပါတယ်။ အဲဒီငွေကို တတ်နိုင်သမျှ လျော့မသွားအောင် ကင်ဂျုံအွန်းက ဖြည့်ထားတယ်။ အဲဒီရန်ပုံငွေနဲ့ပဲ သူနဲ့ သူ့မိသားစုတို့ ပြည့်ပြည့်စုံစုံ ဇိမ်ခံပစ္စည်းတွေကြွယ်ကြွယ်ဝဝ သုံးနိုင်ဖို့ သူက ရည်မှန်းတာပါ" လို့ ဒေါက်တာဟောင်းဝဲလ်က ပြောပါတယ်။

ကမ္ဘာပေါ်မှာလည်း မြောက်ကိုရီးယားကို ငွေကြေးထောက်ပံ့ဖို့ အသင့်ရှိတဲ့ နိုင်ငံတွေလည်း ရှိပါတယ်လို့ သူကဆက်ပြောပါတယ်။ နောက်ထပ်လည်း တရားမဝင်ဖြစ်ဖြစ် ငွေရနိုင်တဲ့ နည်းလမ်းတွေလည်း သုံးနေတာလည်း ရှိတယ်လို့ ဆိုပါတယ်။

"မြောက်ကိုရီးယားဆိုရင် မိတ်ဆွေမရှိ၊ အင်တာနက်တောင်မရှိတဲ့ နိုင်ငံလို့ ထင်ကြသူတွေ အများကြီးရှိပါတယ်။ တကယ်တော့သူတို့မှာ အစိုးရကထိန်းချုပ်ထားတဲ့ အင်တာနက်ရှိပါတယ်။ ဆိုင်ဘာစစ်ပွဲကလည်း သူတို့အတွက် အရေးပါတဲ့ ဗျူဟာတစ်ခုပါ။ ကင်ရဲ့အစိုးရက တခြားနိုင်ငံတွေရဲ့ ကွန်ပျူတာစနစ်တွေထဲကို ထိုးဖောက်ဝင်ရောက်ပြီး ငွေတွေကို ခိုးယူပြီးတော့ သူတို့စီးပွားရေးအတွက်သုံး၊ နျူလက်နက်ထုတ်ဖို့သုံးတာတွေ လုပ်နေတာပါ" လို့ ဒေါက်တာဟောင်းဝဲလ်က ပြောပါတယ်။

၅။ ပြည်သူပြည်သားတွေအရေးကို ကင်က ဂရုစိုက်သူလား

ကျောင်းသူကျောင်းသားလေးတွေနဲ့ နှစ်သစ်ကူးပွဲဆင်နွှဲနေတဲ့ ကင်ဂျုံအွန်း

ဓာတ်ပုံ ရင်းမြစ်,REUTERS

ဓာတ်ပုံ ပုံစာ,

လူအများရှေ့မှာတော့ ကင်ဟာ ဂရိုစိုက်တတ် ကြင်နာတတ်သူတစ်ဦးအဖြစ် ပုံဖော်ပြသလေ့ရှိပါတယ်

၂၀၂၀ တုန်းက စစ်ရေးပြအခမ်းအနားတစ်ခုမှာ မိန့်ခွန်းပြောနေတဲ့အချိန် ကင်ဂျုံအွန်းကို အရင်ကမတွေ့ရဖူးတဲ့ ပုံစံမျိုးတွေ့လိုက်ကြရပါတယ်။

မကြာသေးခင်အချိန်က ကြုံလိုက်ကြရတဲ့ သဘာဝဘေး၊ ကိုဗစ်ဘေးတွေကို စွမ်းစွမ်းတမံ ကာကွယ်ခဲ့ကြတဲ့ တပ်ဖွဲ့ဝင်တွေကို သူက ကျေးဇူးတင်ကြောင်း ပြောပါတယ်။ နိုင်ငံအတွင်း ရင်ဆိုင်နေရတဲ့ အခက်အခဲတွေအကြောင်းပြောရင်း တစ်နေရာမှာ သူ မျက်ရည်သုတ်တာကို တွေ့လိုက်ကြရပါတယ်။ ဒါက မြောက်ကိုရီးယားခေါင်းဆောင် ရှားရှားပါးပါး ခံစားချက်ကို ထုတ်ပြလိုက်တဲ့ အခိုက်အတန့်ပါ။

အဲဒါက နိုင်ငံတွင်းမှာ စီးပွားရေးကျပ်တည်းမှုကြီးတွေနဲ့ ရင်ဆိုင်နေရချိန်လည်းဖြစ်လို့ သူ့ရဲ့ စာနာနားလည်မှုနဲ့ နိုင်ငံသားတွေအတွက် ခံစားချက်ရှိပါတယ်ဆိုတာကို ပြသဖို့ ကြိုးပမ်းချက်လို့ စောင့်ကြည့်သူတချို့ကတော့ မြင်ပါတယ်။

ဘာပဲဖြစ်ဖြစ် သူကိုယ်တိုင် ဇိမ်ခံပြီး ချမ်းသာကြွယ်ဝသူတစ်ယောက်ရဲ့ စည်းစိမ်မျိုးခံစားနေတာကတော့ အဲဒီပြယုဂ်နဲ့ ဆန့်ကျင်ဘက်ပဲလို့လည်း မြင်ရပါတယ်။

ကင်ဂျုံအွန်းဟာ သူ့အဖိုး ကင်အီလ်ဆွန်းစတင်လိုက်တဲ့ ခရီးရှည်တွေကို သွားတဲ့အခါ ဇိမ်ခံရထားကြီးနဲ့ သွားတဲ့ အစဉ်အလာမျိုးကို ဆက်ခံ ကျင့်သုံးနေသူပါ။

ကင်ရဲ့ဖခင် ကင်ဂျုံအီးလ်နဲ့အတူ ၂၀၀၁ ခုနှစ်တုန်းက ရထားစီးရင်းခရီးသွားခဲ့ဖူးတဲ့ ရုရှားစစ်ဖက်အရာရှိကြီးတစ်ယောက်က သူ့ရဲ့ အဲဒီရထားခရီးစဉ် အတွေ့အကြုံကို မှတ်တမ်းရေးသားထုတ်ဝေခဲ့ပါတယ်။

"ရုရှား၊ ကိုရီးယား၊ တရုတ်၊ ဂျပန် စားချင်တဲ့ဟင်းလျာမျိုးကို မှာစားနိုင်တယ်။ ဂဏန်းအရှင်တွေလည်း မှာပြီး ချက်စားနိုင်တယ်။ ဘော်ဒိုးနဲ့ ဘာဂန်ဒီတို့လို ပြင်သစ်က နာမည်ကြီးဝိုင်တွေကိုလည်း မှာထားပြီး ကြိုက်သလောက်သောက်နိုင်ကြတယ်" လို့ သူက ပြန်ရေးပြပါတယ်။

အဲဒါမျိုးတွေနဲ့ ဇိမ်ခံကား ရထားတွေ၊ ကိုယ်ပိုင်လေယာဉ်တွေနဲ့ ခရီးသွားကြတဲ့ ခေါင်းဆောင်တွေရဲ့ ဘဝနဲ့ ဆင်းရဲနွမ်းပါးပြီး စားစရာသောက်စရာတောင် မရှိကြတဲ့ ပြည်သူတွေရဲ့ ဘဝတွေကတော့ အကွာကြီးကွာပါတယ်။

မြောက်ကိုရီးယားက ပြည်သူတချို့က သူတို့ဆီမှာ စားစရာမရှိလို့ ငတ်မွတ်ပြီးသေဆုံးသူတွေတောင် ရှိကြတဲ့ အကြောင်း ဘီဘီစီကို ပြောပြကြပါတယ်။ လေ့လောစောင့်ကြည့်သူတွေကတော့ အဲဒီငတ်မွတ်ခေါင်းပါးမှုဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေကစရင် အခုအချိန်ဟာ အဆိုးဆုံးလို့ ပြောကြပါတယ်။

ဆိုတော့ ကင်ဂျုံအွန်းရဲ့ ဦးစားပေးရည်မှန်းချက်တွေက ဘာဖြစ်နိုင်ပါသလဲ။

သူကတော့ သူ့အစိုးရတည်တန့်ဖို့၊ သူ့ရှင်သန်ရေးအတွက် ဖိနှိပ်ရက်စက်တဲ့ အုပ်ချုပ်ပုံစနစ်ကို ဆက်စွဲကိုင်သွားဖို့လုပ်မှာပါ၊ သူ့ပြည်သူပြည်သား ၂၆ သန်းရဲ့ အရေးကို သိပ်ဂရုတစိုက်ရှိတဲ့ပုံမတွေ့ရပါဘူးလို့ ဒေါက်တာဟောင်းဝဲလ်က ဆိုပါတယ်။

"ဒါက ရှေ့ကိုဆက်ဖို့ တကယ်ပဲ သင့်တော်မှန်ကန်တဲ့ အလုပ်ဖြစ်နိုင်မယ့် ဗျူဟာတစ်ခုလို့များ သူထင်နေသလား" လို့လည်း အောက်စဖို့တက္ကသိုလ်ကနိုင်ငံရေးပါမောက္ခ၊ မြောက်ကိုရီးယားအရေးကျွမ်းကျင်သူ ဒေါက်တာ အက်ဒွပ်ဟောင်းဝဲလ်က မေးခွန်းထုတ်ခဲ့ပါတယ်။

Buz Blogger January 09, 2024
Read more ...