အင်းလေးတွင် တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ပြီး နေအိမ် ၁၂၀ ကျော် ပျက်စီး

 ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊  အင်းလေးဒေသမှာ သြဂုတ် ၂၆ ရက်က   တိုင်ဖွန်းမုန်တိုင်း နောက်ဆက်တွဲကြောင့် လေပြင်းတိုက်ခတ်ပြီး ရွာ ၂ ရွာက အိမ်ခြေ ၁၂၀ အမိုးလန်တာ၊ နေအိမ်ပျက်စီးတာတွေ ကြုံခဲ့ရပါတယ်။

မနေ့ နေ့လယ် ၂ နာရီကျော်မှာ ဗီယက်နမ်ကနေ လာအိုကို ဖြတ်ကျော်ပြီး အားပျော့လာတဲ့ တိုင်ဖွန်းမုန်တိုင်း ကာဂျီကီ အရှိန်ကြောင့် အင်းလေးမှာ လေပြင်းတိုက်ခတ်ပြီး ကံခေါင်းရွာနဲ့ ဟတ်ပုံးရွာက ဒေသခံတွေရဲ့ နေအိမ်တွေ ခေါင်မိုးလန်တာနဲ့ ပျက်စီးတာတွေ ကြုံခဲ့ရပါတယ်။

Inle Myanmar


No comments: