ကယန်းလက်ဝှေ့မယ် ဘရော်နီကာ One Championship ပွဲဦးထွက်အဖြစ် ယနေ့ထိုးသတ်မည်

ကယန်းလက်ဝှေ့မယ် ဘရော်နီကာ One Championship ပွဲဦးထွက်အဖြစ် ဖေဖော်ဝါရီလ ၁၄ ရက် ဒီကနေ့ညပိုင်းမှာ
ချီလီနိုင်ငံသား ဖရန်စစ္စကာဗီရာနဲ့ ထိုးသတ်သွားတော့မှာဖြစ်ပါတယ်။
 အမျိုးသမီးရွှေခါးပတ်ဆုရှင် ဘရော်နီကာဟာ One Championship နဲ့ပထမဆုံး စာချုပ်ချုပ်ခွင့်ရတဲ့ ပထမဆုံး မြန်မာအမျိုးသမီး ဖိုက်တာလည်းဖြစ်ပါတယ်။
 
One Friday Fights 97 ပြိုင်ပွဲအဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ထိုးသတ်သွားမှာဖြစ်ပြီး ဘရော်နီကာရဲ့ ပြိုင်ဘက် ဖရန်စစ္စကာဗီရာဟာ One မှာပွဲစဥ် ၅ ပွဲထိုးသတ်ထားရာ ၂ ပွဲနိုင် ၃ ပွဲရှုံးရလဒ် ရရှိရှိထားသူ ဖြစ်ပါတယ်။
 
အသက် ၂၈ အရွယ် ကယန်းလက်ဝှေ့မယ် ဘရော်နီကာကတော့ One မှာ ပထမဆုံး ပွဲဦးထွက်ဖြစ်ပေမဲ့ ထိုင်းရိုးရာ မွေထိုင်း ပွဲစဥ် ၂၀ ပွဲအတွေ့အကြုံမှာ ၁၈ ပွဲအထိနိုင်ပြီး ၂ ပွဲသာ ရှုံးနိမ်းထားဖူးသူပါ။
 
ကယန်းကျားသစ်မယ်လို့ ပရိသတ်တွေကခေါ်ဝေါ်ကြတဲ့ ဘရော်နီကာဟာ မြန်မာနိုင်ငံကပရိသတ်အားပေးမှုတွေတင်မကဘဲ ထိုင်းနိုင်ငံက ပရိသတ်တွေရဲ့ အားပေးမှုပါ အခိုင်အမာရရှိထားသူတစ်ဦးဖြစ်ပြီး ဒီကနေ့ ည ၇ နာရီဝန်းကျင်လောက်မှာဘဲ သူ့ရဲ့ ပထမဆုံး One Championship ပွဲဦးထွက်ကို စောင့်ကြည့်သွားရတော့မှာဖြစ်ပါတယ်။

No comments: