တရုတ်သမ္မတ ရှီကျင့်ပင်ကို လက်ဆောင်ပေးရန်အတွက် ပြစ်ဒဏ်ကျခံထားရသော တရုတ်နိုင်ငံသားတချို့ကို လွတ်ငြိမ်းခွင့်ပေး

 ယနေ့ တရုတ်နိုင်ငံသို့ သွားရောက်မည့် အကြမ်းဖက် မင်းအောင်လှိုင်က တရုတ် သမ္မတ ရှီကျင့်ပင်ကို လက်ဆောင်ပေးရန်အတွက် အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံနေရသော တရုတ်နိုင်ငံသားတချို့ကို ပြစ်ဒဏ်မှ လွတ်ငြိမ်း ခွင့်ပေးပြီး လေယာဉ်ဖြင့် တစ်ပါတည်း တင်ခေါ်သွားမည်ဖြစ်ကြောင်း နေပြည် တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ 

 ယနေ့ ဩဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၆ ရက်နေ့အထိ တရုတ်နိုင်ငံသို့ သွားရောက်မည့် အကြမ်း ဖက် မင်းအောင်လှိုင်က ယင်းကဲ့သို့ ပြစ်ဒဏ်ကျ တရုတ်နိုင်ငံသားတချို့ကို ၎င်းနှင့်အတူ လေယာဉ် ၁ စီးတည်း လိုက်ပါသွားရန် တင်ခေါ်သွားမည်ဖြစ်ပြီး လွတ်ငြိမ်းခွင့်ပြုသည့် တရုတ်နိုင်ငံသား အကျဉ်းသားများကို လက်ဆောင်အဖြစ် သမ္မတရှီကျင့်ပင်နှင့် တရုတ်အစိုးရထံသို့ လွှဲ ပြောင်း ပေးအပ်မည်ဖြစ်ကြောင်း သိရှိရသည်။ ထိုသို့ တရုတ်နိုင်ငံသား အကျဉ်းသားများကို မင်းအောင်လှိုင်က ၎င်းနှင့်အတူ တစ်ပါတည်း ခေါ်သွားမည့် ကိစ္စကို အထူးလျှို့ဝှက်အဖြစ် သတ်မှတ်ဆောင် ရွက်နေကြောင်း ၊ အကြမ်းဖက် မင်းအောင်လှိုင်က ၎င်း၏ ခရီးစဉ်အတွက် ဝယ်ယူထားသော MAI အထူးလေယာဉ် Airbus 319 -XYALK ဖြင့် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရှိရသည်။



No comments: