မော်လမြိုင်ကျွန်းတွင် ခရီးသည်တင် မော်တော် ၁ စီး မီးလောင်

 ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ ဇန်နဝါရီ ၈ ရက် ညနေပိုင်းက ခရီးသည်တင် မော်တော် တစီး ဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


ဘိုကလေးမြို့နယ် ကြိမ်ချောင်းကြီးကျေးရွာနဲ့ မော်လမြိုင်ကျွန်းမြို့နယ်ကို ပြေးဆွဲနေတဲ့ မင်းလက်ယာ ခရီးသည်တင် လိုင်းရေယာဉ်ဟာ ရာဇူဒိုင်ချောင်း အမှတ် ၂ တံတားအနီးမှာ ဆီဖြည့်နေစဉ် မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

မီးငြှိမ်းသတ်ရာမှာ ပါဝင်ခဲ့သူ အမျိုးသားတဦးက “ညနေ ၅ နာရီလောက်က ရာဇူဒိုင်ချောင်း အမှတ် ၂ တံတားနားမှာ လိုင်းသင်္ဘော မီးလောင်တယ်။ သူတို့ပြောတာတော့ ဆီဖြည့်ရင်း ထလောင်တာလို့ ပြောတယ်။ သင်္ဘောကတော့ အကုန် ကုန်သွားတယ်။ လူတွေ ဘာတွေကတော့ ထိခိုက်မှုမရှိဘူး” လို့ ပြောပါတယ်။

မင်းလက်ယာ ခရီးသည်တင်ရေယာဉ် မီးလောင်မှုနဲ့ပတ်သက်ပြီး မော်တော်မောင်းသူကို မော်လမြိုင်ကျွန်းရဲစခန်းက (ပ)၅/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အရေးယူ ဆောင်ရွက်ထားပါတယ်။

No comments: