ကားဟောင်းစလစ်နှင့် ကားဈေးနှုန်းများ ၁၀ သိန်းခန့် မြင့်တက်


ပြည်တွင်းကားဈေးကွက် တွင် ကားဟောင်းစလစ်ဈေးနှုန်း များနှင့် ကားဈေးနှုန်းများ ကျပ် ၁၀ သိန်းကျော် မြင့်တက်လာ ကြောင်း မော်တော် ယာဉ်ရောင်း ၀ယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူ အချို့ထံမှ သတင်းရရှိသည်။

ဇွန်လ ၁ ရက်မှစ၍ ကြိုတင် ၀င်ငွေခွန်ကောက်ခံခြင်း၊ ရန်ကုန် ကားပါ ကင်ထောက် ခံချက်ယာယီ ရပ်ဆိုင်းထားခြင်းတို့က ဈေးနှုန်း မြင့်တက် လာစေသည့် အချက် များဖြစ်ကြောင်း မော်တော် ယာဉ် ရောင်းဝယ် သူအချို့က ပြောကြားသည်။


‘‘ကားဈေးနှုန်းကတော့တက် တယ်။ အခွန်ကလည်း ၁၅ ရာခိုင် နှုန်း ဆောင်ရ မယ်။ တစ်ဦးချင်း ပါမစ်နဲ့ ရန်ကုန်လိုင်စင်ကားတွေ လည်း ကားပါ ကင်ထောက်ခံ ချက် မရတော့ ကားဟောင်းစလစ်နဲ့ သွင်းတဲ့အခါ စလစ်ဈေးတွေ လည်း တက်လာတယ်။ ဒါကြောင့် စလစ်ကပ် ကားတွေ ဈေးတက် လာတယ်’’ဟု မော်တော်ယာဉ် ရောင်းဝယ်ရေး လုပ်ကိုင်နေသူ ဦး အောင်သန်းဝင်းက ပြောကြားသည်။

ယာဉ်အိုယာဉ်ဟောင်း လဲ လှယ်သော မော်တော်ယာဉ်များသည် ၀င်ငွေခွန်ဆောင်ရမည့် စာရင်းတွင် မပါဝင်ဘဲ ပါကင် ထောက်ခံချက်လည်း မလိုအပ်သဖြင့် ကားဟောင်းစလစ်ဈေးနှုန်း များ မြင့်တက်လာသည်။ စလစ် ဈေးနှုန်းမှာ ကျပ်သိန်း ၉၀ ခန့်နှင့် အရည်ကျို ကားဟောင်းများမှာ ကျပ် ၈၃ သိန်းခန့် ဈေးပေါက်နေသည်။

ပြည်တွင်း လူကြိုက်များ သော အင်ဂျင်ပါဝါနိမ့် ကားလေး များမှာလည်း ကြိုတင်ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်သောကြောင့် ကျပ် ၁၀ သိန်းမှ ၁၅ သိန်းကြား ဈေးနှုန်းမြင့်တက် လာကြောင်း မော်တော် ယာဉ် ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင် နေသူအချို့က ဆိုသည်။

‘‘၂၀၁၀ အထက်ကားအများ စုကတော့ နံပါတ်တွေကို ပြီးခဲ့တဲ့ လက အပြီးယူထားတယ်။ အဲဒီမှာမှ တချို့က ဈေးတက်ရောင်း တယ်။ တချို့က ပုံမှန်ဈေးနဲ့ရောင်းနေကြတယ်။ ဈေးကွက်မှာ ဈေးနှုန်းမညီမျှတာတော့ ရှိနေတယ်။ ကားဈေးနှုန်းကတော့ အတက် ဘက်ကို ဦးတည်နေတယ်။ ကားဟောင်းစလစ်ကလည်း ရန်ကုန်ကားဟောင်းဆိုရင် တခြားပြည်နယ်၊ တိုင်းတွေထက် ဈေးနည်းနည်းပိုများတယ်’’ ဟု ၀န်းရံခကားအရောင်းစင်တာ မန်နေဂျင်းဒါရိုက်တာ ကိုမင်းမင်းမောင်ကပြောသည်။

ပြည်တွင်းကားဈေးကွက်အခြေအနေမှာ ကြိုတင်ဝင်ငွေခွန် စတင် ကောက်ခံခြင်းနှင့် အတူ ဈေးကွက်တည်ငြိမ်မှု မရှိသေးဘဲ ဈေးနှုန်းကွဲပြားမှု အနည်းငယ် ဖြစ်ပေါ်နေသည်။ ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ် များအတွက် ကနဦး ယာဉ်မှတ် ပုံတင် ဆောင်ရွက်ချိန်တွင် ကြိုတင်ဝင်ငွေခွန်ကို ဇွန်လ ၁ ရက်၌ စတင်ကောက်ခံခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန် သည်။

စလစ်ကပ်ကားများမှာ ရန် ကုန်လိပ်စာ အမည်ပေါက်ရခြင်း၊ ပါကင်ထောက် ခံချက်နှင့် ကြိုတင်ဝင်ငွေခွန်ဆောင်ရန် မလိုအပ်ခြင်းတို့ကြောင့် အရောင်း အ၀ယ်ဖြစ်နေပြီး အင်ဂျင်ပါဝါနိမ့် ကားများတွင် နံပါတ်ထွက်ပြီးသော ကားလေးများ ၀ယ်ယူမည့်သူ စိတ်ဝင်စားကြောင်း မော်တော် ယာဉ်တင်သွင်းရောင်းဝယ်သူများထံမှ သတင်းရရှိသည်။
REF: 7Day News Journal

No comments: