ရွှေမှုန်ရတီရဲ့ အလန်းစား ဓာတ်ပုံ


သရုပ်ဆောင် ရွှေမှုန်ရတီဟာ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဒီဇင်ဘာ (၁၅)ရက်နေ့ မနက်က ပုံအသစ်လေးတွေ တင်ခဲ့ ပါတယ်။ အဲဒီ ဓာတ်ပုံလေးတွေက ရေကူးကန်ထဲမှာ ရိုက်ကူးထားတဲ့ အလှပုံလေးတွေ ဖြစ်ပါတယ်။ သူမ တင်လိုက်တဲ့ ဓာတ်ပုံတွေကတော့ သူမရဲ့ ပရိသတ်တွေ သူမကို မြင်တွေ့နေကျ ပုံစံမျိုးမဟုတ်ပါဘူး။

သူမရဲ့ ခန္ဓာကိုယ် အလှကို ဖော်ပြထားတဲ့ ပုံရိပ်လေးတွေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံလည်း ဖြစ်ပါတယ်။ ရွှေမှုန်ရတီဟာ အဲဒီဓာတ်ပုံတွေနဲ့ သူမရဲ့ ပရိသတ်တွေကို အံ့သြသွားစေခဲ့သလို ပရိသတ်တွေကိုလည်း ဆွဲဆောင်နိုင်ခဲ့ပါတယ်။

အသက် (၁၈)ကျော်သာ ရှိသေးတဲ့ ရွှေမှုန်ရတီဟာ "အနုပညာပျိုးခင်း ၁"ရဲ့ စင်တင်မင်းသမီးတစ်ဦးအနေနဲ့ အနုပညာ လောကထဲကို ရောက်ရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ငယ်ရွယ်နုပျိုတဲ့ သူမရဲ့ အလှအပနဲ့ သွက်လက်ချက်ချာတဲ့ သူမရဲ့ ပုံစံလေးက ပရိသတ်တွေကို သဘောကျ နှစ်သက်စေသူ တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ကျရာဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ ရွှေမှုန်ရတီကတော့ ယခုလက်ရှိမှာ ပရိသတ်အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်လို့လာပြီ ဖြစ်ပါတယ်။

No comments: