A massive fire broke out Myathida street, near Shan rd Market, Sanchaung, Yangon, this morning. Because of this fire 6 houses were burnt. 50 fire trucks and firefighters fought for an hour to stop the fire.
စမ်းချောင်းမြို့နယ်၊ ကျွန်းတော် (မြောက်) ရပ်ကွက်၊ ရှမ်းလမ်းဈေးအနီး မြသီတာလမ်းတွင် ယနေ့ ဇန်နဝါရီလ ၁၁ ရက် နံနက် ၁၁ နာရီခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားနေကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။
အဆိုပါ မီးလောင်မှုမှာ အရှိန်မြင့်နေပြီး ကနဦး သတင်းအရ အိမ် ၅ လုံး မီးလောင်ဆုံးရှုံးနေပြီး မီးသတ်ယာဉ် အစီး ၅၀ ခန့် (Level- 4) ဖြင့် ငြိမ်းသတ်နေရကြောင်း၊ မီးလောင်မှုမှာ ဆက်လက်လောင်ကျွမ်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။


No comments: