ဒေါက်တာ
သန်းထွဋ်အောင် (CEO-Eleven Media Group)
comment on 2015 election “အသက် ၅၂ နှစ်ရှိပြီဗျာ။ မဆလခေတ်မှာလည်း မဲထည့်ဖူးတယ်။ ၁၉၉၀ မှာလည်း မဲထည့်တယ်။
၂၀၁၀ မှာလည်း မဲထည့်တယ်။ မဲထည့်ရမယ့်နေ့ကျမှ သွားထည့်ခဲ့တာချည်းပဲ။ မဲစာရင်း
စစ်ပါလို့ ဘယ်ရွေးကောက်ပွဲ ကော်မရှင်ကမှ မလှုံ့ဆော်ဘူး။ အိမ်ထောင်စု ဇယားရှိတယ်။
မှတ်ပုံတင်ရှိတယ်။ တစ်ခါမှ မမှားဖူးဘူး။ အခုအစိုးရလက်ထက် သမ္မတကြီး
တိုက်ရိုက်ခန့်တဲ့ ဦးတင်အေး လက်ထက်ကျမှ အလုပ်ပိုလုပ်ပြီး မဲစာရင်း ကြည့်ရတယ်။
ပထမအကြိမ် ကြည့်တုန်းက အိမ်က မဲပေးရတဲ့သူ ငါးဦးမှာ တစ်ဦးမှားတယ်။ ပြင်လိုက်တယ်။
ဒုတိယအကြိမ်မှာ ဒီတစ်ခု မှန်သွားတယ်။ ကျန်တဲ့ လေးဦးမှားသွားတယ်။ ခဏ ခဏ
မှားယွင်းတယ်ဆိုတာ ယုတ္တိမရှိပါဘူး။ လက်ရှိမဲစာရင်း အခြေအနေတွေအရ ဆိုရင်တော့ ဥက္ကဋ္ဌ
ဦးတင်အေးအပေါ်မှာ ဂျာနယ်လစ် တစ်ယောက် အနေနဲ့ရော၊ မဲဆန္ဒရှင်တစ်ယောက် အနေနဲ့ရော
သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲ တစ်ရပ်ကို စနစ်တကျ ကျင်းပပြုလုပ်
ပေးနိုင်လိမ့်မယ်လို့ မယုံကြည်ပါဘူး”


No comments: