မေးထဲကို ရောက်လာပါတယ် ကြားရတာကတော့ စိတ်မချမ်းသာစရာပါပဲ ဇေယျာသော်ရှုံးပြီ တဲ့ နေပြည်တော်က လာတဲ့ သတင်းပါ ကြိုတင်မဲ စာရင်းတွေအရ ဇေယျာသော် ဘယ်လိုမှ မနိုင် နိုင်တော့ဘူးတဲ့ နေပြည်တော် ပုဗ္ဗသီရိမြို့ နယ်မှာ ကျေးရွာတချို့ နဲ့ ၀န်ထမ်းအိမ်ရာတွေပဲရှိတယ်.
ရွာကြီးဆိုလို့ ကျည်တောင်ကန်ရွာလားပဲရှိတာတဲ့ စစ်မှုထမ်းဟောင်းတွေကို မြေကွက်ပေး အိမ်ဆောက်ပေးထားတဲ့ ရပ်ကွက်ကြီးတွေက နဲတဲ့အရေအတွက်မဟုတ်ဘူးတဲ့ အိမ်ထောင်စု စာရင်းအရ ရွာတွေအားလုံးပေါင်းထားတာထက် ၃ ဆလောက်ရှိမယ်တဲ့ အဲဒီရပ်ကွက်တွေမှာ လူမနေသေးဘူးတဲ့ ၊ အိမ်တွေ အားလုံးနီးပါးက တံခါးတွေပိတ်ထားကြတာတဲ့ ဆေးရုံလမ်းဆုံနားက လူနေတဲ့အိမ်တွေကျတော့လည်း အိမ်ငှားတွေချည်းပဲတဲ့ လူလာမနေတဲ့ အိမ်တွေအများကြီးကို ကြိုတင်မဲ အတင်းပေးခိုင်းထားတယ်တဲ့ အဲဒီစာရင်းနဲ့တင် ရွာတွေဘက်ကမဲတွေ ဇေယျာသော် ဘယ်လောက်ရရ ရှုံးပြီတဲ့ စိတ်မကောင်းပါဘူး မေးထဲက ပုဗ္ဗသီရိ မြေပုံတွေကို တင်ပေးလိုက်ပါတယ် ဓါတ်ပုံ ရရင် ထပ်ပို့ပေးပါလို့ တောင်းထားတယ် ဒီသတင်းကို ကွန်ဖန်း လုပ်ပေးကြပါအုံး နေပြည်တော်ရောက်မယ့်သူတွေ အဲဒီ ပုဗ္ဗသီရိ ကို သွားကြည့်ပေးကြပါအုံး ဒီလို လူတွေကို အနိုင်ကျင့် အတင်းမဲထည့်ခိုင်းတာတွေ မပျောက်ကြသေးဘူးလား
By: Hawdeka Aethae


No comments: