အင်္ဂလန်နိုင်ငံ မန်ချက်စတာဘော်လုံးကွင်းကြီးတွင် ပထမဆုံးဘော်လုံးကစားခဲ့ဖူးသော K'Cho (Chin) အမျိုးသား ဘော်လုံးသမား
အမည် ......... ထန်းပက်စိမ်းယော မွေးသက္ကရာဇ်........ ၁၉၀၃ခုနှစ် အဘအမည် .......... ဦးမောင်းထန်းပက် အမိအမည် ............ ဒေါ်မာန်ရောင် ဇာတိ .......... ဝမ္မသူးကျေးရွာ/ မင်းတပ်မြို့နယ်British Empire ကြီးစိုးခဲ့သော ၂၀ရာစုခေတ်ဦးပိုင်း တွင်မွေးဖွားခဲ့ ထန်းပက်စိမ်းယောသည် ငယ်ငယ်ရွယ်ရွယ် အသက် ၁၆ နှစ်အရွယ် ၁၉၁၆ခုနှစ်တွင် အင်္ဂလိပ်လူမျိုးကပ္ပတိန်ကေးမောက်(Captain Gey Mouth) အုပ်ချုပ်သည့် Boy Company မေမြို့တပ်ရင်းသို့ဝင်ရောက်စစ်မှုထမ်းခဲ့သည်။ ထိုအချိန် ၁၉၁၈ ခုနှစ်တွင် Commonwealth Youth conference ကမ္ဘာ့ဓနသဟာယလူငယ်တွေ့ဆုံပွဲအတွက် နိုင်ငံအသီးသီး အားကစားတခုခုတွင်ထူးချွန်သောလူငယ်များကိုရွေးချယ်ရာတွင် ဘော်လုံးကစားရာတွင်ထူးချွန်သော ထန်းပက်စိမ်းယောကို ကပ္ပတိန်ကေးမောက်မှ ရွေးချယ်ခဲ့ပြီး အင်္ဂလန်နိုင်ငံသို့သွားရောက်နိုင်သောအခွင့်အရေးကိုရခဲ့လေသည်။
အင်္ဂလန်နိုင်ငံသို့ရောက်ရှိပြီး ပွဲတော်တွင်းတွင် မန်ချက်တာဘော်လုံးကွင်းကြီးတွင်ကစားခွင့်ရရှိခဲ့ပြီး အင်္ဂလန်နိုင်ငံတွင် ၉လကြာနေထိုင်ခဲ့ကာ ၁၉၁၉ခုနှစ်တွင် မြန်မာပြည်သို့ပြန်လည်ရောက်ရှိခဲ့လေသည်။


No comments: