နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ


တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် Belt and Road Forum for International Cooperation သို့ တက်ရောက်ရန် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီခချင်းနှင့် ယနေ့ ဒေသစံတော်ချိန် (၁၅၃၀) နာရီတွင် ပေကျင်းမြို့ရှိ ပြည်သူ့ ခန်းမဆောင်ကြီး၊ ပေကျင်းခန်းမ၌ တွေ့ဆုံခဲ့ပါသည်။

ယင်းနောက် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ (၅)ခုအား လက်မှတ် ရေးထိုးသည့် အခမ်းအနားသို့ တက်ရောက် ခဲ့ပါသည်။

“Agreement on Economic and Technical Cooperation between the Government of the Republic of the Union of Myanmar and the Government of the People’s Republic of China” အား မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Zhong Shan တို့မှ လည်းကောင်း၊ “Memorandum of Understanding between Ministry of Commerce of the Government of the Republic of the Union of Myanmar and Ministry of Commerce of the People’s Republic of China on the Establishment of China-Myanmar Border Economic Cooperation Zone” အား မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Zhong Shan တို့မှလည်းကောင်း၊ “Memorandum of Understanding between the Government of the Republic of the Union of Myanmar and the Government of the People’s Republic of China on Cooperation within the Framework of the Silk Road Economic Belt and The 21st Century Maritime Silk Road Initiative” အား မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ H.E. Mr. Zhang Yong တို့မှလည်းကောင်း၊ “Memorandum of Understanding on Health Cooperation between the Ministry of Health and Sports of the Republic of the Union of Myanmar and the National Health and Family Planning Commission of the People’s Republic of China” အား တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးနှင့် မိသားစု စီမံကိန်း ကော်မရှင် ဝန်ကြီး H.E. Ms. Li Bin တို့မှ လည်းကောင်း၊ “Memorandum of Understanding between the Ministry of Religious Affairs and Culture of the Republic of the Union of Myanmar and the State Administration of Cultural Heritage of the People’s Republic of China on Cooperation in Post-quake Restoration and Protection of Historic Monuments of Bagan” အား တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တရုတ်နိုင်ငံ နိုင်ငံတော် ယဉ်ကျေးမှု အမွေအနှစ်များ စီမံခန့်ခွဲမှုဌာန အုပ်ချုပ်ရေးမှူး H.E. Mr. Liu Yuzhu တို့မှ လည်းကောင်း အသီးသီး လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။

No comments: