၁၈နှစ်ပြည့်ပြီးသူ နိုင်ငံသားများ မဲပေးကြရန် ၈၈မျိုးဆက်(ငြိမ်း/ပွင့်)မှ နှိုးဆော်


ယနေ့ စက်တင်ဘာလ ၁၈ ရက် ညနေ ၄း ၃၀ နာရီက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ လှည်းတန်းဈေး အရှေ့နှင့် လှည်းတန်းဈေး အတွင်းတို့တွင် ၈၈မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ) အဖွဲ့ဝင်များသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ ၁၈နှစ်ပြည့်ပြီးသူ နိုင်ငံသားများ မဲပေးကြရန်အတွက် နှိုးဆော်စာများနှင့် နံရံကပ် sticker များကို ဖြန့်ဝေခဲ့ကြသည်။

 နှိုးဆော်စာတွင် 
* သင်ကိုယ်တိုင် မဲစာရင်းစစ်ပါ ( သင့်အမည် ပါရှိပါစေ )
* မဲ ပေးဖြစ်အောင် ပေးပါ
* မဲပေးရာတွင် ချွတ်ချော်မှု မရှိပါစေနှင့် စသည့် နှိုးဆော်ချက်များပါဝင်သည်။ 

ယနေ့ မွန်းလွဲပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းရှိ ကျိုက္ကဆံဓမ္မပီယတရားရိပ်သာ၌ ပြုလုပ်ခဲ့သော နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့ (၈)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား အပြီးတွင်လည်း ၁၈နှစ်ပြည့်ပြီးသူ နိုင်ငံသားများ မဲပေးကြရန် နှိုးဆော်စာများနှင့် နံရံကပ် sticker များကို ဖြန့်ဝေခဲ့ကြသည်။

No comments: