YPay System သည် (Website)များပေါ်မှ ရောင်းသူ၊ ဝယ်သူများကြား လွယ်ကူစွာ၊ လုံခြုံစိတ်ချစွာဖြင့် ငွေပေးချေ နိုင်သော စနစ် ဖြစ်ပါသည်။ Online Account ဖွင့်လှစ်ထားသော Customer တစ်ဦးအနေဖြင့် ဘီလ်ဆောင်ခြင်း လုပ်ငန်းများသာ မက၊ အင်တာနက်ပေါ်မှ ဈေးရောင်း၊ ဈေးဝယ်ခြင်း လုပ်ငန်းများကိုပါ မြန်မာ e-commerce Website များနှင့် ချိတ်ဆက်၍ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
၁။ YPay System ကို အသုံးပြုလိုသူများအနေဖြင့် ပထမဦးစွာ AGD Bank တွင် Online Payment Account တစ်ခု ဖွင့်လှစ်ရပါမည်။
- Account အမျိုးအစားသည် တစ်ဦးချင်း စာရင်းရှင်စာရင်း အမျိုးအစား ဖြစ်ပါသည်။
- စာရင်းဖွင့်လှစ်ရာတွင် ကနဦးအပ်ငွေ ကျပ်တစ်သောင်းဖြစ်ပြီး အနည်းဆုံးလက်ကျန်ငွေ ကျပ်တစ်သောင်းတိတိ ချန်ထားရမည် ဖြစ်ပါသည်။
- Online Payment Account အတွင်းရှိ ငွေကို အခြားစာရင်းအမျိုးအစားများ ထဲသို့ လွှဲပြောင်းထည့်သွင်း၍ မရပါ။
၂။ Internet မှတဆင့် YPay တွင် YPay Account တစ်ခုကို Register လုပ်ပေးရပါမည်။ အသုံးပြုရန် Website မှာ- www.ypay.com.mm ဖြစ်ပါသည်။
၃။ Account Type
- Personal Account
- Marchance Account ဟူ၍ (၂) မျိုး ရှိပါသည်။
၎။ YPay Personal Account ပြုလုပ်ရာတွင် -
- Scan ဖတ်ထားသော နိုင်ငံသား စိစစ်ရေးကတ် (Digital Format)
- လိုင်စင်ဓါတ်ပုံ (၁)ပုံ
- ကိုယ်ပိုင် Email Account (၁)ခု လိုအပ်ပါမည်။
၅။ YPay Business Account (Marchance Account) ပြုလုပ်ရာတွင် -
- Scan ဖတ်ထားသော နိုင်ငံသား စိစစ်ရေးကတ် (Digital Format)
- လိုင်စင်ဓါတ်ပုံ (၁)ပုံ
- ကိုယ်ပိုင် Email Account (၁)ခု Company မှတ်ပုံတင်(သို့)စည်ပင်မှတ်ပုံတင် (Digital Format) လိုအပ်ပါမည်။
၆။ Account Type ၂မျိုး၏ ကွာခြားချက်များ -
Personal Account
- Personal User များအတွက် ဘဏ်တွင် Online Account ဖွင့်ပြီးပါက YPay System တွင် ကိုယ်တိုင် Register ပြုလုပ်နိုင်ပါသည်။
- Personal Account ကို အသုံးပြု၍ ကိုယ်ပိုင်ဘဏ် Account ဖြင့် Online ပေါ်မှ Products & Services များကို လွယ်ကူစွာ၊ လျင်မြန်စွာ၊ လုံခြုံစွာဖြင့် ငွေပေးချေမှုကို ပြုလုပ်နိုင်ပါသည်။
Marchance Account
- Marchance များအတွက် Registration ကို လူကိုယ်တိုင် YPay ရုံးခန်းတွင် လိုအပ်သော စီးပွားရေးလုပ်ငန်းဆိုင်ရာ အချက်အလက်များ တင်ပြပြီးမှသာ Register လုပ်ခွင့်ပေးမည် ဖြစ်ပါသည်။
- Online ပေါ်တွင် အရောင်းအဝယ် နှင့် ဝန်ဆောင်မှုလုပ်ငန်းများမှ ငွေလက်ခံမှုများ ဆောင်ရွက်ခြင်း၊ e-commerce ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်နိုင်ပါသည်။
၇။ Online Register ပြုလုပ်ရာတွင် သတိပြုရမည်များ-
- Name - AGD ဘဏ်တွင် Online Payment Account ဖွင့်လှစ်ထားသူ၏ အမည်ကို ထည့်ရပါမည်။ဘဏ်စာရင်းစာအုပ်တွင် ရိုက်နှိပ်ထားသော နာမည်နှင့် အတိအကျ ဖြစ်ရပါမည်။
- Email - Online ပေါ်မှ ငွေပေးခြေခြင်းဆိုင်ရာ ကိစ္စများ ပြုလုပ်ရာတွင် Customer Email သို့ အကြောင်းကြားခြင်း၊ အတည်ပြုခြင်းများ ပြုလုပ်နိုင်ရန်အတွက် ဖြစ်သောကြောင့် မိမိ အသုံးပြုနေကျ မိမိကိုယ်ပိုင်Email ဖြစ်ရပါမည်။
- NRC - AGD Bank ၌ Online Payment Account ဖွင့်လှစ်ထားသူ၏ မှတ်ပုံတင် အမှန်ကိုသာ ထည့်ပေးရပါမည်။
၈။ YPay Account အတွင်းသို့ ထည့်သွင်းထားသော Bank Account အား လုံခြုံမှုအရ Bank နှင့် YPay Applicatiion တို့အကြား Verificatiion ပြုလုပ်မည် ဖြစ်ပါသည်။ သို့မှသာ အမှန်တကယ် Bank Account ပိုင်ရှင်ဖြစ်ကြောင်း သိရှိရမည် ဖြစ်သည်။ Verification ပြုလုပ်ရာတွင် မှန်ကန်ပါက စတင် အသုံးပြု၍ ရနိုင်ပါပြီ။
၉။ Online Payment Account ဖွင့်လှစ်နိုင်သော ဘဏ်ခွဲများ -
- နေပြည်တော်ဘဏ်
- ကမာရွတ်ဘဏ်ခွဲ
- လမ်းမတော်ဘဏ်ခွဲ
- ဘုရင့်နောင်ဘဏ်ခွဲ
- ဦးချစ်မောင်လမ်းဘဏ်ခွဲ
- မန္တလေးဘဏ်ခွဲ
- မစ်ကြီးနားဘဏ်ခွဲ
- မကွေးဘဏ်ခွဲ


No comments: