Which Banks Can Play with Foreign Currency

Myanmar Central Bank will give permit to 11 Local banks, those which have AD License, including Asia Green Development Bank,can play with foreign currency.

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်အပါအ၀င် နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် (AD License) ရရှိထားသော ပြည်တွင်း ဘဏ် ၁၁ ဘဏ်အနက်မှ အသင့်ဖြစ်သော ဘဏ်များကို နိုင်ငံခြားငွေဖြင့် ငွေစာရင်းလက်ခံဖွင့်လှစ်ခွင့်ပေးမည်ဟု ဗဟိုဘဏ်မှ အစည်းအဝေးပြုလုပ်ပြီး ပြောကြားခဲ့ပါတယ်။



ဇူလိုင်လ ၂ ရက်နေ့တွင် စတင်ဆောင်ရွက်နိုင်ရန်အတွက် ဘဏ်ခွဲများကို လာရောက်စစ်ဆေးခြင်းကိုလည်း ဗဟိုဘဏ်မှ ဆောင်ရွက်ခဲ့ပါတယ်။ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်သည် လုပ်ငန်းဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းကိုလည်း လက်ခံအတည်ပြုပေးခဲ့ပါတယ်။

လိုအပ်သော ညွှန်ကြားချက်များထုတ်ပြန်ရန်အတွက်လည်း အချက်အလက်များ ခေါ်ယူညှိနှိုင်းခြင်း၊ ရှင်းလင်းဆွေးနွေးခြင်းများကို ဗဟိုဘဏ်မှ ဘဏ်များအားလုံးနှင့် တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ခဲ့ပါတယ်။

သို့သော် ယနေ့အထိ ဆောင်ရွက်ခွင့်ပြုကြောင်း အကြောင်းကြားစာ မရသေးပါသဖြင့် မနက်ဖြန် (၂-၇-၂၀၁၂) ရက်နေ့တွင် နိုင်ငံခြားငွေဖြင့် ငွေစာရင်းဖွင့်လှစ်ပေးခြင်းကို စတင်ပေးနိုင်မည် မဟုတ်ကြောင်းနှင့် ၄င်းခွင့်ပြုချက်စာရလျှင် ရချင်း ချက်ချင်း ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အများပြည်သူ သိရှိနိုင်ရန် အသိပေးအပ်ပါတယ်။

Source@AGD Bank Facebook

No comments: