AGD Bank (Asia Green Development Bank limited) allows Foreign Currency Deposit Account for US Dollar, Singapore Dollar and EURO.
(၁) အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်တွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်လိုသူများ အနေဖြင့် အောက်ဖော်
ပြပါ နိုင်ငံခြားသုံးငွေများဖြင့် နိုင်ငံခြားသုံးငွေ စာရင်းရှင်အပ်ငွေစာရင်း များကို ဖွင့်လှစ်နိုင်ပါသည်။
၁။ အမေရိကန်ဒေါ်လာ (US Dollar)
၂။ စင်ကာပူဒေါ်လာ (Singapore Dollar)
၃။ ယူရိုငွေ (EURO)
(၂) မြန်မာနိုင်ငံသား (သို့မဟုတ်) နိုင်ငံခြားသား အနေဖြင့် လူပုဂ္ဂိုလ် တစ်ဦး (သို့မဟုတ်) နှစ်ဦးတွဲဖက်၍လည်း
စာရင်းဖွင့်လှစ် နိုင်ပါသည်။
(၃) မြန်မာနိုင်ငံသားပိုင် (သို့မဟုတ်) နိုင်ငံခြားသားပိုင် ကုမ္ပဏီ အဖွဲ့အစည်းများနှင့် တရားဝင် ဖွဲ့စည်းထားသည့်
အသင်းအဖွဲ့များ အနေဖြင့်လည်း စာရင်းဖွင့်လှစ် နိုင်ပါသည်
(၄) သံရုံးနှင့် သံရုံးဝန်ထမ်းများ အနေဖြင့်လည်း စာရင်းဖွင့်လှစ် နိုင်ပါသည်။
(၅) စာရင်း စတင်ဖွင့်လှစ်ရန်အတွက် ကနဦး ပေးသွင်းငွေအဖြစ် -
- အမေရိကန်ဒေါ်လာစာရင်း ဖွင့်လှစ်ပါက အမေရိကန်ဒေါ်လာ ၁၀၀
- စင်ကာပူဒေါ်လာစာရင်း ဖွင့်လှစ်ပါက စင်ကာပူဒေါ်လာ ၁၀၀
- ယူရိုငွေစာရင်း ဖွင့်လှစ်ပါက ယူရိုငွေ ၁၀၀
ပေးသွင်း၍ စာရင်းသစ် ဖွင့်လှစ်ရမည် ဖြစ်ပါသည်။
(၆) လက်မှတ်ရေးထိုးခွင့် -
၁။ ပုဂ္ဂိုလ်နှစ်ဦးတွဲဖက်စာရင်း တွင် နှစ်ဦးအနက်မှ တစ်ဦးသော်လည်းကောင်း၊ နှစ်ဦးတွဲဖက်၍ သော်လည်းကောင်း
လက်မှတ်ရေးထိုး နိုင်ပါသည်။
၂။ ကုမ္ပဏီများနှင့် အသင်းအဖွဲ့စာရင်းများ၏ လက်မှတ်ရေးထိုးခွင့် ရှိသူများကို ကုမ္ပဏီများနှင့် အသင်းအဖွဲ့များမှ
အထူးအစည်းအဝေး ဆုံးဖြတ်ချက်အရ သတ်မှတ်နိုင်ပါသည်။
(၇) စာရင်းရှင်အပ်ငွေစာရင်း အတွက် စာအုပ်များ -
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် အနေဖြင့် နိုင်ငံခြားသုံးငွေ စာရင်းရှင်အပ်ငွေစာရင်း အတွက် အောက်ဖော်ပြပါ
စာအုပ် (၂)မျိုးကို ဘဏ်မှ ထုတ်ပေးထားပါသည်။
- ငွေစာရင်းမှတ်တမ်းစာအုပ် (Passbook)
(ငွေသွင်းငွေထုတ်များနှင့် စာရင်းလက်ကျန်များ ကြည့်ရှုနိုင်ရန်အတွက်)
- ချက်လက်မှတ်စာအုပ် (Cheque Book)
(မိမိနိုင်ငံခြားငွေစာရင်းမှ ငွေသားထုတ်ယူနိုင်ရန်အတွက်)
(၈) ငွေသွင်း/ငွေထုတ် ပြုလုပ်ခြင်း -
၁။ ငွေသွင်း/ငွေထုတ် ပြုလုပ်ရာတွင် ငွေပမာဏ ကန့်သတ်ချက်နှင့် အကြိမ်အရေအတွက် ကန့်သတ်ချက် မရှိပါ။
၂။ မိမိ၏ နိုင်ငံခြားသုံးငွေ စာရင်းရှင်အပ်ငွေစာရင်းသို့ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် နိုင်ငံခြားသုံးငွေ လက်ခံ
သော မည်သည့် ဘဏ်ခွဲတွင်မဆို Online ဖြင့် ငွေပေးသွင်းခြင်း၊ ငွေသားထုတ်ယူခြင်းများ ပြုလုပ်နိုင်ပါသည်။
၃။ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်တွင် ဖွင့်လှစ်ထားသော နိုင်ငံခြားငွေ စာရင်းရှင်အပ်ငွေစာရင်း တစ်ခုမှတစ်ခုသို့
စာရင်းလွှဲပြောင်းခြင်းနည်း ဖြင့် ငွေပေးသွင်းမှုများ ပြုလုပ်နိုင်ပါသည်။
၎။ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်တွင် ဖွင့်လှစ်ထားသော နိုင်ငံခြားငွေ စာရင်းရှင်အပ်ငွေစာရင်းမှ MFTB/MICB
စာရင်းများသို့ စာရင်းလွှဲပြောင်းခြင်းနည်း ဖြင့် ငွေပေးသွင်းမှုများ ပြုလုပ်နိုင်ပါသည်။
(၉) ဘဏ်စာရင်းရှင်းတမ်း -
နိုင်ငံခြားသုံးငွေ စာရင်းရှင်အပ်ငွေစာရင်း၏ တစ်လအတွင်း ငွေအသွင်း/အထုတ်များကို ဖော်ပြထားသည့် ဘဏ်
ရှင်းတမ်းအား လစဉ် လဆန်းရက်များတွင် နိုင်ငံခြားသုံးငွေ လက်ခံသော မည်သည့်ဘဏ်ခွဲ တွင်မဆို ထုတ်ယူနိုင်
ပါသည်။
(၁၀) နိုင်ငံခြားသုံးငွေ စာရင်းရှင်အပ်ငွေစာရင်း၏ အကျိုးထူးများ -
၁။ ကုမ္ပဏီများမှ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားခြင်းဖြင့် သွင်းကုန်များအတွက် Letter of Credit ဖွင့်လှစ်နိုင်ခြင်း၊
နိုင်ငံခြားငွေစာရင်း တစ်ခုမှ တစ်ခုသို့ စာရင်းပြောင်းခြင်း များကို လွယ်ကူလျှင်မြန်စွာ ပြုလုပ်နိုင်ပါသည်။
၂။ ပို့ကုန်လုပ်ငန်းအတွက် ပို့ကုန်ရ ငွေများကို နိုင်ငံခြားငွေစာရင်းတွင် ထည့်သွင်းထားနိုင်ပါသည်။
၃။ လူပုဂ္ဂိုလ် တစ်ဦးချင်း(သို့) တွဲဖက်၍ စာရင်းတစ်ခုမှတစ်ခုသို့ လည်းကောင်း၊ ကုမ္ပဏီစာရင်းသို့ လည်းကောင်း၊
စာရင်းပြောင်းခြင်းများဖြင့် အကျိုးတူ ပူးပေါင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ပါသည်။
Source@AGD Bank


No comments: