HTC CEO and President Peter Chou's Mandalay Seminar

HTC CEO and President Peter Chou was born in 1953, in Mandalay, lived till 1981, before he went to Taiwan. Recently, May 12 2012, Chou visited to his birth place Mandalay, relatives and old friends. In Mandalay Chou met some youth, had seminar and encourage them.

HTC ရဲ့ CEO, Peter Chou, က မြန်မာဇာတိ မန္တလေးသား လို့သိရပါတယ်။ ပိတာချူ ဟာ မြန်မာနိုင်ငံဖွား တရုတ်လူမျိုးဖြစ်ပြီး မွေးရပ်ဇာတိမန္တလေးမြို့တွင် နေထိုင်စဉ်က KMD တည်ထောင်သူ ဦးသောင်းတင်၊ MCPA (မန္တလေး)၏ နာယကဖြစ်သူ ဦးသိန်းထွတ်တို့နှင့်အတူ ဒေသကောလိပ် တက်ရောက်ခဲ့ပြီး ဒုတိယနှစ်အပြီးတွင် ထိုင်ဝမ်သို့ထွက်ခွာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မန္တလေးမြို့တွင် နေထိုင်စဉ်အတွင်း ရေဒီယိုပြင်ဆိုင် ဖွင့်လှစ်လုပ်ကိုင်ခဲ့ကြောင်း၊ အဲဒီအတွေ့အကြုံက သူကို အထောက်အကူပေးတယ်ကြောင် ပြောဆိုပါတယ်၊ အနုပညာနဲ့ ဂီတ ကို လိုက်စားမှုဟာ သူရဲ့ တီထွင်ဖန်တီါ်မှုတွေ ကို များစွာအကျိုးပြုကြောင်း အရေးကြီးကြောင်းပြောပါတယ်။ လောလောဆယ် မန္တလေး က အမျိုးတွေဆီလာရင်...လူငယ်တွေအတွက် Seminar ကသူပြောသွားတဲ့အရာတွေပါ။


ဒီ Seminar မှာ သူ ပထမဦးဆုံး သူပြောတာက သူဟာ မန္တလေးမြို့က နေ့စဉ်အလုပ်လုပ်နေရတဲ့ မိသားစုတစ်စုကပေါက်ဖွားလာကြောင်း၊ သူငယ်စဉ်က အလွန်ဆိုးပြီး အလွန်ဆော့ကြောင်း၊ ၇ တန်းနှစ်မှာ စာလိုက်နိုင်သော်လည်း အမှတ်ကောင်းသော်လည်း သင်တဲ့ စာတွေ က ဘာမှအဓိပ္ပါယ်မရှိသလိုခံစားရပြီး ကျောင်းက ထွက်လိုက်ကြောင်း ကျောက်မျက် အလုပ်နဲ့ အခြားစီးပွားရေးအလုပ် လုပ်ကြည့်ကြောင်း ထို့နောက် သူအလုပ်လုပ်ဖို့ငယ်သေးတယ်လို့ယူ ဆပြီး ကျောင်းပြန်တက်ခဲကြောင်း သူဘဝအတွက် ဒီဆုံးဖြတ်ချက်ချမိတာ မှန်သွားကြောင်းပြောပါတယ်။

သူအီလက်ထရွန်နစ်ကိုအလွန်ဝါသနာပါပြီး သူ စက်တွေဝယ်ပြီး ဖြတ်တာတတ်တာပြင်တာလုပ်ခဲ့ကြောင်းနာက် ပိုင်းမှာအထက်တန်းကျောင်းသားဘဝမှာတင်ဘဲ ၈၃လမ်း လမ်းမှာ ရေဒီယိုပြင်ဆိုင် စဖွဲ့ခဲ့ပြီး TV တွေ ဘာတွေပါပြင်တဲ့ ဆိုင်တစ်ခု ဝါသနာအရ လုပ်ခဲ့ကြောင်း။

အဲဒီနောက်မှာ ၁၀တန်းအောင် ပြီး ဒေသကောလိပ် တက်ဖြစ်ပါတယ်။ ဒုတိယနှစ်အပြီးမှာ ထိုင်ဝမ်ကို ထွက်ခွာခဲ့ပါတယ်၊ အဲဒီရောက်တော့ သူဝါသနာပါတဲ့ Electronic designer အလုပ်ကို လုပ်ကိုင်ခွင့်ရခဲ့ပါတယ် ။ ဒီလိုလုပ်ရင် သူဘဝမှာဆုံးဖြတ်စရာကြုံလာပါတယ်။ ကျောင်းပြန်တက်မတက်ပါ။ အလုပ်လုပ်ရင် ရတာတွေနဲ့ တွက်ပြီး ဆုံးဖြတ်ရခက်နေရာက နောက်ဆုံးကျောင်းပြန်တက် ဖို့ ဆုံးဖြတ်တာဟာ မှန်ခဲ့တယ်လို့ဆိုပါတယ်။ ကျောင်းပြီးတော အမေရိကားမှာ မာစတာ ဆက်ယူရမလား အလုပ်ထဲဝင်ရမလား ဆုံးဖြတ်ရပြန်ပါတယ်။

IBM ပြီးရင် ကမ္ဘာပေါ်မှာ ဒးတိယအကြီးဆုံးဖြတ်တဲ့ Mini Computer တွေထုတ်တဲံ Digital မှာ Computer System Architect design ဆွဲသူအဖြစ် ဝင်လုပ် ခဲ့ပါတယ် ၄နှစ်ကြာခဲ့တယ်ဆိုပါတယ် ။ HTC ကို စဖို့စဉ်းစားတာတွေဆက်ပြော ပြပါတယ်။ သူရဲ့ Vision တွေ Mission တွေအကြောင်း၊ အတွေ့အကြုံတွေ ဖြတ်သန်းရတာတွေကို လူငယ်တွေသိဖို့ပြောပါတယ်။

Creative Design တွေကို USA မှာလုပ်ပြီး US EUROPE ၄နေရာရှိကြောင်း ထုတ်လုပ်မှု့နဲ့ အင်ဂျင်နီယာကိစ္စတွေကို သာ Taiwan မှာ 80% နဲ့ China မှာ ၂၀% လုပ်ကြောင်း၊ Creative ဘဝ OEM ဘဝ နဲ့ တံဆိပ်တစ်ခုဖန်တီးခဲ့ရတာတွေနိုင်ငံတကာမှာ ပြိုင်ဆိုင်ခဲ့ရတာတွေ နောက်ဖြစ်မဲ့ Feature တွေ မျှော်မှန်းချက်တွေ သိခွင့်ရလို အလွန်အဖိုးတန်တဲ့ Seminar ဖြစ်ခဲ့ပါတယ်။

Source@Ye Myat Thu

No comments: