သူတို့ရဲ့မင်္ဂလာပွဲကို တက်ရောက်လာတဲ့ဧည့်သည်တွေကို တန်ဖိုးကြီးလက်ဆောင်တွေပေးခဲ့တဲ့ Lee Seung Gi နဲ့ Lee Da In

အဆိုတော်၊ မင်းသားချော Lee Seung Gi နဲ့ မင်းသမီး Lee Da In တို့ဟာ သူတို့ရဲ့မင်္ဂလာပွဲကို တက်ရောက်လာကြတဲ့ ဧည့်သည်တွေကို ပန်းအိုးတွေလက်ဆောင်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ Lee Seung Gi နဲ့ Lee Da In တို့ရဲ့ မင်္ဂလာပွဲမှ ပန်းအိုးလက်ဆောင်ရရှိခဲ့ကြောင်း ဖော်ပြထားတဲ့ပို့စ်တစ်ခုဟာ အွန်လိုင်းပေါ်တွင် အာရုံစိုက်မှုတွေခံနေရတာပါ။



မင်္ဂလာပွဲလက်ဆောင်ပန်းအိုးတွေကို နှစ်ပေါင်း 40 အတွေ့အကြုံရှိတဲ့ အိုးလုပ်သမား Byun Hoon က လုပ်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။ ပန်းအိုးလေးနဲ့ပတ်သက်ပြီး “ဒါကပန်းအိုးသေးသေးလေးဖြစ်ပေမဲ့ ခက်ခဲတဲ့လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ရတာကြောင့် အနည်းငယ်သာပြီးမြောက်အောင် လုပ်ဆောင်နိုင်တာပါ ဒီပန်းအိုးဟာ ပုံမှန်ပန်းအိုးတွေလုပ်ဆောင်တဲ့အချိန်ထက် အချိန်နှစ်ဆ၊ သုံးဆပိုကြာမြင့်တာ ဖြစ်ပါတယ်” ဟု ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။

ပန်းအိုးရဲ့ဈေးနှုန်းအတိအကျကို ထုတ်ဖော်ပြောကြားခြင်းမရှိပေမဲ့ ပန်းအိုးတစ်လုံးရဲ့တန်ဖိုးဟာ 70,000 KRW (52.20 USD) ဝန်းကျင်ရှိနိုင်ကြောင်း ခန့်မှန်းရပြီး အလားတူပုံသဏ္ဌာန်ရှိတဲ့ပန်းအိုးတွေဟာ 70,000 KRW တန်ဖိုးရှိကြောင်း အတည်ပြုထားပါတယ်။ ပန်းအိုးနဲ့အတူပါတဲ့ စာလေးမှာတော့ “ဒီပန်းအိုးလေးထဲမှာ ပန်းတွေပွင့်စေချင်သလို ကျွန်တော်တို့နှစ်ယောက်ရဲ့အနာဂတ်ကို ကောင်းချီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျွန်တော်တို့နှလုံးသားရဲ့ရနံ့တွေ လှပစွာပွင့်လန်းလို့ ဒီရနံ့တွေကို ကမ္ဘာအနှံ့ဖြန့်ကျက်ပေးပြီး လှပစွာနေထိုင်သွားပါမယ် ခင်မင်လေးစားစွာဖြင့် Seung Gi, Ra Yoon” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ Lee Ra Yoon ဟာ Lee Da In ရဲ့ ဗုဒ္ဓဘာသာအမည်ဖြစ်ပြီး မကြာသေးခင်ကမှ ဒီနာမည်ကို ပြောင်းလဲထားခဲ့တာပါ။ Lee Seung Gi နဲ့ Lee Da In တို့ဟာ ဆိုးလ်မြို့ရှိ Grand Intercontinental Seoul Parnas Hotel တွင် ဧပြီလ 7 ရက်နေ့က မင်္ဂလာပွဲကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။
CELE NOW

No comments: