The Reasons That Myanmar President Canceled WEF - BKK Trip

It is the reason that Myanmar President, U Thein Sein canceled his trip to Bangkok, on 31 May to June 1, to attend World Economic Forum -

Reasons - From the end of April to May there were several worker strike for raising salary and couple days before WEF there were another power strike. So the president wanted to work closely about this issues with related Ministers. So it is the reasons of canceling! What do you think? I think it is quite reasonable.

"ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့တွင် ၂၀၁၂ ခုနှစ်၊ မေလ ၃၁ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျင်းပမည့် (၂၁) ကြိမ်‌မြောက် အရှေ့အာရှ ကမ္ဘာ့ စီးပွားရေး ဖိုရမ်နှင့် ဆက်စပ်၍ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန် နှစ်ဖက်အစိုးရချင်း ညှိနှိုင်း စီစဉ်ခဲ့ပါသည်။

သို့ရာတွင် အဆိုပါခရီးစဉ်ကို မိမိဘက်မှ အကြောင်းမညီညွှတ်သဖြင့် ရွှေ့ဆိုင်းလိုက်ပါကြောင်း ထိုင်းအစိုးရဘက်သို့ ၂၇ - ၅ -၂၀၁၂ ရက်နေ့ တွင်လည်းကောင်း၊ ၁ - ၆ -၂၀၁၂ ရက်နေ့တွင် လည်းကောင်း အသိပေး အကြောင်းကြား ခဲ့ပါသည်။

အထက်ပါခရီးစဉ်နှင့် ပတ်သက်၍ ၅ - ၆ - ၂၀၁၂ ရက်နေ့တွင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဆူရာပွန် တိုဝီချက်ချိုင်းကူလ် က နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး၊ နိုင်ငံတော် သမ္မတ၏ ထိုင်းနိုင်ငံ ခရီးစဉ် ရွှေ့ဆိုင်းခဲ့ရခြင်းအတွက် စိတ်မကောင်းပါကြောင်းနှင့် နှစ်ဖက် အဆင်ပြေချိန်တွင် ပြန်လည်၍ လာရောက် စေလိုပါကြောင်း ပြောကြားပါသည်။

ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော် သမ္မတအနေဖြင့် အဆိုပါရက်များ အတွင်းတွင် ရန်ကုန်မြို့နှင့် အနီးတဝိုက်၌ ဖြစ်ပွားလျက် ရှိသော စက်ရုံ၊ အလုပ်ရုံအချို့မှ အလုပ်သမားများ၏ လုပ်ခလစာ တိုးမြှင့်ပေးရန် ဆန္ဒပြ တောင်းဆိုမှုများ၊ ရန်ကုန်မြို့နှင့် အနီးတဝိုက် လျှပ်စစ်မီး အပြည့်အဝ ရရှိရေး ဆန္ဒဖော်ထုတ်မှုများကို အေးချမ်းစွာ ‌ဖြေရှင်းပေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အာဏာပိုင်များ၏ ဆောင်ရွက်နေမှုများကို အနီးကပ် ကြီးကြပ်လမ်းညွှန်မှုပေးနိုင်ရန်အတွက် ပြည်တွှင်း၌ ရှိနေရန် လိုအပ်သဖြင့် ခရီးစဉ်ကို ရွှေ့ဆိုင်းရခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော် သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်ကို နှစ်ဖက် အဆင်ပြေချိန် ညှိနှိုင်းပြီး သွားရောက်နိုင်ရေးအတွက် စီစဉ်သွားမည် ဖြစ်ပါကြောင်း ပြန်လည် ပြောကြားခဲ့ပါသည်။"

Source@The Voice Weekly

No comments: